အမေရိကန်နိုင်ငံအနေနဲ့ စီးပွားရေးအခက်အခဲဖြစ်ရမယ့်အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်ပြော

 516

ဂျန်ဇက် (NP News) - ‌ဇွန် ၃

အမေရိကန်နိုင်ငံအနေနဲ့ အကြွေးကိစ္စနဲ့ပတ်သက်ပြီးဖြစ်နေတဲ့ အခက်အခဲတွေကိုကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ စီးပွားရေးအကျပ်အတည်းများကို ရှောင်ရှားနိုင်ဖို့ နဲ့ အကြွေးကန့်သတ်ခြင်းတွေကို
ဆိုင်းငံ့မယ့် ဥပဒေမူကြမ်းကိုရေးဆွဲနိုင်တော့မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ကီဗင်မက်ကာသီတို့ဟာ အမေရိကန်နိုင်ငံရဲ့အကြွေးကိစ္စနဲပတ်သတ်ပြီး သီတင်းပတ်အတန်ကြာ အငြင်းပွားမှုများဖြစ်ပွားခဲ့ရာနောက်ဆုံးမှာသဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အကြွေးတွေထပ်တိုးချေးခွင့်ရလိုပေမယ့် ကီဗင်မက်ကာသီကတော့ အစိုးရရဲ့အသုံးစရိတ်ကိုလျှော့ချပြီး လက်ရှိအကြွေးစုစုပေါင်း အမေရိကန်ဒေါ်လာ (၃၁ ဒသမ ၄)ထရီလျံကို ကန့်သတ်ထားဖို့ လိုလားနေခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဟာ အမေရိကန်အစိုးရကို အကြွေးထပ်ယူခွင့်မပေးဘဲ လက်ရှိရှိနေတဲ့အကြွေးအတိုင်းသာကန့်သတ်ထားလိုက်မယ်ဆိုရင် အမေရိကန်အစိုးရဟာ အသုံးစရိတ်မရှိတော့တဲ့အပြင် စီးပွားရေးအခက်အခဲပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီကဖြစ်ပြီး ကီဗင်မက်ကာသီကတော့ ရီပတ်ဘလီကန်ပါတီမှဖြစ်ရာ ၎င်းတို့နှစ်ဦးရဲ့ပွတ်တိုက်မှုက ပါတီနှစ်ခုရဲ့ပြိုင်ဆိုင်မှုနဲ့လည်း ဆက်နွယ်နေပါတယ်။ အမေရိကန်သမ္မတက "ကျွန်တော်တို့ရဲ့ နိုင်ငံရေးဟာ ဘယ်လောက်ပဲခက်ခဲနေပါစေ၊ တစ်ဦးနဲ့တစ်ဦးရန် ဘက်အဖြစ် ရှုမြင်တာမျိုးမဟုတ်ဘဲ အမေရိကန်နိုင်ငံသားတွေဖြစ်တယ်ဆိုတဲ့အမြင်မျိုးတွေရှိရမှာဖြစ်တယ်။ ကျွန်တော်တို့ဟာအမေရိကန် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လုပ်ဆောင်ရမှာဖြစ်တယ်" လို့ပြောပါတယ်။

၎င်းက"အ‌ကြွေးကန့်သတ်မှုတွေကို လက်ရှိအချိန်မှာ ဆိုင်းငံ့ထားဖို့ သဘောတူညီမှုဟာ နိုင်ငံအတွက်အလွန်အရေးကြီးတယ်။ ဒီသီတင်းဟာ အမေရိကန်နိုင်ငံသားတွေအတွက် အလွန်ကောင်းမွန်တဲ့သတင်းကောင်းဖြစ်တယ်။ စီးပွားရေးအကျပ်တည်းဖြစ်မှုတွေ နဲ့ စီးပွားရေးအခက်အခဲဖြစ်လာမှာတွေကို ကျော်လွှားနိုင်တော့မှာဖြစ်ပါတယ်" လို့ပြောပါတယ်။

အမေရိကန်ဒေါ်လာ (၃၁ ဒသမ ၄)ထရီလျံကို ကန့်သတ်ခြင်း ဆိုင်းငံ့ထားမယ့် ဥပဒေမူကြမ်းကို အထက် လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ အောက်လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးပြီးနောက် ဒီသီတင်း ပတ်အတွင်း ဥပဒေအဖြစ် သတ်မှတ်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံအေနနဲ႔ စီးပြားေရးအခက္အခဲျဖစ္ရမယ့္အေျခအေနကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း သမၼတ ဂ်ိဳးဘိုင္ဒန္ေျပာ
ဂ်န္ဇက္ (NP News) - ‌ဇြန္ ၃

အေမရိကန္ႏိုင္ငံအေနနဲ႔ အေႂကြးကိစၥနဲ႔ပတ္သက္ၿပီးျဖစ္ေနတဲ့ အခက္အခဲေတြကိုေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊ စီးပြားေရးအက်ပ္အတည္းမ်ားကို ေရွာင္ရွားႏိုင္ဖို႔ နဲ႔ အေႂကြးကန႔္သတ္ျခင္းေတြကို
ဆိုင္းငံ့မယ့္ ဥပေဒမူၾကမ္းကိုေရးဆြဲႏိုင္ေတာ့မွာျဖစ္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ နဲ႔ ေအာက္လႊတ္ေတာ္ ဥကၠ႒ ကီဗင္မက္ကာသီတို႔ဟာ အေမရိကန္ႏိုင္ငံရဲ႕အေႂကြးကိစၥနဲပတ္သတ္ၿပီး သီတင္းပတ္အတန္ၾကာ အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ရာေနာက္ဆုံးမွာသေဘာတူညီမႈရရွိခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ အေႂကြးေတြထပ္တိုးေခ်းခြင့္ရလိုေပမယ့္ ကီဗင္မက္ကာသီကေတာ့ အစိုးရရဲ႕အသုံးစရိတ္ကိုေလွ်ာ့ခ်ၿပီး လက္ရွိအေႂကြးစုစုေပါင္း အေမရိကန္ေဒၚလာ (၃၁ ဒသမ ၄)ထရီလ်ံကို ကန႔္သတ္ထားဖို႔ လိုလားေနခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ဟာ အေမရိကန္အစိုးရကို အေႂကြးထပ္ယူခြင့္မေပးဘဲ လက္ရွိရွိေနတဲ့အေႂကြးအတိုင္းသာကန႔္သတ္ထားလိုက္မယ္ဆိုရင္ အေမရိကန္အစိုးရဟာ အသုံးစရိတ္မရွိေတာ့တဲ့အျပင္ စီးပြားေရးအခက္အခဲပိုမိုျဖစ္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ဒီမိုကရက္တစ္ပါတီကျဖစ္ၿပီး ကီဗင္မက္ကာသီကေတာ့ ရီပတ္ဘလီကန္ပါတီမွျဖစ္ရာ ၎တို႔ႏွစ္ဦးရဲ႕ပြတ္တိုက္မႈက ပါတီႏွစ္ခုရဲ႕ၿပိဳင္ဆိုင္မႈနဲ႔လည္း ဆက္ႏြယ္ေနပါတယ္။ အေမရိကန္သမၼတက "ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံေရးဟာ ဘယ္ေလာက္ပဲခက္ခဲေနပါေစ၊ တစ္ဦးနဲ႔တစ္ဦးရန္ ဘက္အျဖစ္ ရႈျမင္တာမ်ိဳးမဟုတ္ဘဲ အေမရိကန္ႏိုင္ငံသားေတြျဖစ္တယ္ဆိုတဲ့အျမင္မ်ိဳးေတြရွိရမွာျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာအေမရိကန္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အတူတကြ လုပ္ေဆာင္ရမွာျဖစ္တယ္" လို႔ေျပာပါတယ္။

၎က"အ‌ေႂကြးကန႔္သတ္မႈေတြကို လက္ရွိအခ်ိန္မွာ ဆိုင္းငံ့ထားဖို႔ သေဘာတူညီမႈဟာ ႏိုင္ငံအတြက္အလြန္အေရးႀကီးတယ္။ ဒီသီတင္းဟာ အေမရိကန္ႏိုင္ငံသားေတြအတြက္ အလြန္ေကာင္းမြန္တဲ့သတင္းေကာင္းျဖစ္တယ္။ စီးပြားေရးအက်ပ္တည္းျဖစ္မႈေတြ နဲ႔ စီးပြားေရးအခက္အခဲျဖစ္လာမွာေတြကို ေက်ာ္လႊားႏိုင္ေတာ့မွာျဖစ္ပါတယ္" လို႔ေျပာပါတယ္။

အေမရိကန္ေဒၚလာ (၃၁ ဒသမ ၄)ထရီလ်ံကို ကန႔္သတ္ျခင္း ဆိုင္းငံ့ထားမယ့္ ဥပေဒမူၾကမ္းကို အထက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ နဲ႔ ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္ေတြေဆြးေႏြးၿပီးေနာက္ ဒီသီတင္း ပတ္အတြင္း ဥပေဒအျဖစ္ သတ္မွတ္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.