မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ ငွေကျပ် (၅၂၂)ဘီလျံခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ဟု နစက ထုတ်ဖော်ပြောဆို

 503

မျိုးကြီး (NP News) - ဇွန် ၁၆

မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ ငွေကျပ်(၅၂၂)ဘီလျံခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း နစကဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထုတ်ဖော်ပြောဆိုထားသည်။

နစကဒုဥက္ကဋ္ဌသည် ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ရောက်ရှိစဉ် ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပရဟိတအဖွဲ့များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်မုန်တိုင်း(မိုခါ)သည် ပြီခဲ့သော မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ပြီး လူနေအိမ် အပါအဝင် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

မိုခါမုန်တိုင်းကြောင့် လူဦးရေ (၁၄၈)ဦး သေဆုံးခဲ့ပြီး သေဆုံးသူများသည် အချိန်မီရွှေ့ပြောင်းနိုင်ရန် တာဝန်ရှိသူများ ၏ စီမံမှုအပေါ် ငြင်းဆန်ခဲ့မှုများကြောင့် အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆို ထားသည်။

ထို့ပြင် မုန်တိုင်းကြောင့် ငွေကျပ် (၅၂၂)ဘီလျံခန့် ဆုံးရှုံးခဲ့ပြီး လူနေအိမ်၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးများ အပါအဝင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး ကျွဲ၊ နွားတိရစ္ဆာန်အများအပြား သေဆုံးခဲ့ကြောင်းလည်း နစကဘက်က ထုတ်ဖော်ပြောဆိုထားသည်။

၎င်းကဲ့သို့ မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက်ပိုင်းတွင် နစက အပါအဝင် လူမှုကူညီရေးအဖွဲ့၊ ပရဟိတအဖွဲ့များက အင်တိုက်အားတိုက်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်။

ထိုသို့ မုန်တိုင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုမြင်ကွင်းနှင့် ယခုတစ်လပြည့်ကာလ၌ ပြန်လည်ထူထောင်ပြီးစီးမှု မြင်ကွင်းသည် ဝမ်သာအားရ ကျေနပ်ဖွယ်ပြောင်းလဲနေသည်ကို တွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုသည်။

သို့သော် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသော အစိုးရဌာနဆိုင်ရာအဆောက်အအုံများအား ပြန်လည်ပြင်ဆင် ရန် လိုအပ်နေလျက်ရှိသည့်အပြင် ဆင်းရဲနွမ်းပါးသည့်ဒေသခံများ၏ အိုးအိမ်များသည်လည်း လက်ရှိအချိန်ထိ ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသေးကြောင်း သိရသည်။

Zawgyi Version;
မိုခါမုန္တိုင္းေၾကာင့္ ျမန္မာႏိုင္ငံ၌ ေငြက်ပ္ (၅၂၂)ဘီလ်ံခန႔္ ဆုံးရႈံးမႈျဖစ္ေပၚခဲ့ဟု နစက ထုတ္ေဖာ္ေျပာဆို
မ်ိဳးႀကီး (NP News) - ဇြန္ ၁၆

မိုခါမုန္တိုင္းေၾကာင့္ ျမန္မာႏိုင္ငံ၌ ေငြက်ပ္(၅၂၂)ဘီလ်ံခန႔္ ဆုံးရႈံးမႈျဖစ္ေပၚခဲ့ေၾကာင္း နစကဒုတိယဥကၠ႒ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ထုတ္ေဖာ္ေျပာဆိုထားသည္။

နစကဒုဥကၠ႒သည္ ယခုရက္ပိုင္းအတြင္း ရခိုင္ျပည္နယ္ေရာက္ရွိစဥ္ ဌာနဆိုင္ရာမ်ား၊ ကူညီကယ္ဆယ္ေရး အဖြဲ႕မ်ားႏွင့္ ပရဟိတအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္မုန္တိုင္း(မိုခါ)သည္ ၿပီခဲ့ေသာ ေမ ၁၄ ရက္တြင္ ရခိုင္ျပည္နယ္ အပါအဝင္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္တိုက္ခတ္ၿပီး လူေနအိမ္ အပါအဝင္ အေဆာက္အဦးမ်ားစြာ ပ်က္စီးဆုံးရႈံးမႈ ျဖစ္ေပၚခဲ့သည္။

မိုခါမုန္တိုင္းေၾကာင့္ လူဦးေရ (၁၄၈)ဦး ေသဆုံးခဲ့ၿပီး ေသဆုံးသူမ်ားသည္ အခ်ိန္မီေ႐ႊ႕ေျပာင္းႏိုင္ရန္ တာဝန္ရွိသူမ်ား ၏ စီမံမႈအေပၚ ျငင္းဆန္ခဲ့မႈမ်ားေၾကာင့္ အသက္ဆုံးရႈံးမႈျဖစ္ေပၚခဲ့ရျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆို ထားသည္။

ထို႔ျပင္ မုန္တိုင္းေၾကာင့္ ေငြက်ပ္ (၅၂၂)ဘီလ်ံခန႔္ ဆုံးရႈံးခဲ့ၿပီး လူေနအိမ္၊ စာသင္ေက်ာင္း၊ ဌာနဆိုင္ရာ႐ုံးမ်ား အပါအဝင္ အေဆာက္အအုံမ်ားစြာ ပ်က္စီးဆုံးရႈံးခဲ့ၿပီး ကြၽဲ၊ ႏြားတိရစာၦန္အမ်ားအျပား ေသဆုံးခဲ့ေၾကာင္းလည္း နစကဘက္က ထုတ္ေဖာ္ေျပာဆိုထားသည္။

၎ကဲ့သို႔ မုန္တိုင္းတိုက္ခတ္ခဲ့ၿပီးေနာက္ပိုင္းတြင္ နစက အပါအဝင္ လူမႈကူညီေရးအဖြဲ႕၊ ပရဟိတအဖြဲ႕မ်ားက အင္တိုက္အားတိုက္ျဖင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရွိရသည္။

ထိုသို႔ မုန္တိုင္းတိုက္ခတ္ၿပီး ပ်က္စီးဆုံးရႈံးမႈျမင္ကြင္းႏွင့္ ယခုတစ္လျပည့္ကာလ၌ ျပန္လည္ထူေထာင္ၿပီးစီးမႈ ျမင္ကြင္းသည္ ဝမ္သာအားရ ေက်နပ္ဖြယ္ေျပာင္းလဲေနသည္ကို ေတြ႕ရွိရေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ဆိုသည္။

သို႔ေသာ္ မိုခါမုန္တိုင္းဒဏ္ေၾကာင့္ ပ်က္စီးခဲ့ရေသာ အစိုးရဌာနဆိုင္ရာအေဆာက္အအုံမ်ားအား ျပန္လည္ျပင္ဆင္ ရန္ လိုအပ္ေနလ်က္ရွိသည့္အျပင္ ဆင္းရဲႏြမ္းပါးသည့္ေဒသခံမ်ား၏ အိုးအိမ္မ်ားသည္လည္း လက္ရွိအခ်ိန္ထိ ျပန္လည္ျပင္ဆင္ရန္ လိုအပ္ေနေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.