မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ စည်းမျဥ်းများနှင့်အညီ မြန်မာလုပ်သားများကို ကာကွယ်စောင့်ရှောက်ပေးရန် မြန်မာကောင်စစ်ဝန်ချုပ် တောင်းဆို

 942

ယွန်း (NP News) - ဇွန် ၁၆

မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသမှ ပြဌာန်းထားည့် စည်းမျဥ်းဥပဒေများနှင့်အညီ မြန်မာလုပ်သားများကို ကာကွယ် စောင့်ရှောက်ပေးရန် မြန်မာကောင်စစ်ဝန်ချုပ်က အသိပေးပြောဆိုထားသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်သည် ဇွန်လ(၁၅)ရက်က မကာအို အထူးအုပ်ချုပ်ရေးဒေသအုပ်ချုပ်ရေးမှူးချုပ် H.E. Mr. Ho Iat Seng ကို သွားရောက်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် မကာအိုအထူးအုပ်ချုပ်ရေးဒေသနှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါဒေသ၌ ကျင်းပသည့် ကုန်စည်ပြပွဲများတွင်လည်း မြန်မာ့ထွက်ကုန်များ ခင်းကျင်းပြသနိုင်ရေးကို လည်း ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား မကာအိုအထူးအုပ်ချုပ်ရေး ဒေသမှ ပြဌာန်းထားသည့် စည်းမျဥ်းဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန်ကိစ္စကိုလည်း ကောင်စစ် ဝန်ချုပ်က အသိပေးပြောဆိုခဲ့ကြောင်း သိရသည်။

Zawgyi Version;
မကာအိုအထူးအုပ္ခ်ဳပ္ခြင့္ရေဒသ၏ စည္းမ်ဥ္းမ်ားႏွင့္အညီ ျမန္မာလုပ္သားမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးရန္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ေတာင္းဆို
ယြန္း (NP News) - ဇြန္ ၁၆

မကာအိုအထူးအုပ္ခ်ဳပ္ခြင့္ရေဒသမွ ျပဌာန္းထားည့္ စည္းမ်ဥ္းဥပေဒမ်ားႏွင့္အညီ ျမန္မာလုပ္သားမ်ားကို ကာကြယ္ ေစာင့္ေရွာက္ေပးရန္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္က အသိေပးေျပာဆိုထားသည္။

ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ေရးေဒသအေျခစိုက္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ဦးဟန္ဝင္းႏိုင္သည္ ဇြန္လ(၁၅)ရက္က မကာအို အထူးအုပ္ခ်ဳပ္ေရးေဒသအုပ္ခ်ဳပ္ေရးမႉးခ်ဳပ္ H.E. Mr. Ho Iat Seng ကို သြားေရာက္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ မကာအိုအထူးအုပ္ခ်ဳပ္ေရးေဒသႏွင့္ ျမန္မာႏိုင္ငံတို႔အၾကား ဆက္ဆံေရး၊ စီးပြားေရးပူးေပါင္း ေဆာင္႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါေဒသ၌ က်င္းပသည့္ ကုန္စည္ျပပြဲမ်ားတြင္လည္း ျမန္မာ့ထြက္ကုန္မ်ား ခင္းက်င္းျပသႏိုင္ေရးကို လည္း ေဆြးေႏြးဖလွယ္ခဲ့ေၾကာင္း သိရသည္။

အလားတူ ျမန္မာႏိုင္ငံမွ လာေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား မကာအိုအထူးအုပ္ခ်ဳပ္ေရး ေဒသမွ ျပဌာန္းထားသည့္ စည္းမ်ဥ္းဥပေဒမ်ားႏွင့္အညီ ကာကြယ္ေစာင့္ေရွာက္ေပးရန္ကိစၥကိုလည္း ေကာင္စစ္ ဝန္ခ်ဳပ္က အသိေပးေျပာဆိုခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.