စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာနများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

 395

စော/သန့်ဇင် (NP News) - ဇွန် ၁၆

စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာနများ၏ အလုပ်ရှင်များအတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုမှု၊ စက်ရုံ၊ အလုပ်ရုံ စက်မှုကြီးကြပ်စစ်ဆေးရေးနှင့် လျှပ်စစ်စစ်ဆေးရေးများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို ယနေ့(ဇွန်လ ၁၆ ရက်) နေ့လည်(၁)နာရီတွင် ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)ခန်းမ၌ ကျင်းပခဲ့ပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင် စုစုပေါင်း လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စက်မှုလက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာနေပြီ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အသိပညာပိုင်းမှာ အမြဲတစ်စေထိတွေ့မှုရှိနေစေရန် ရည်ရွယ်ပြီး ၎င်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ် ကြောင်း ကုန်သည်/စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။

“စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာနများအတွက် အသိပေးပညာပေးဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားပေမဲ့ အလုပ်ရှင် အသစ်၊ စက်ရုံအလုပ်ပါတယ်။ ကုန်သည်များအတွက် ဒီနေ့ပွဲကို အထူးပြုထားတာက လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာများကို အသိပေးပညာပေးဆွေးနွေးပွဲလေးပါ” အထွေထွေ အတွင်းရေးမှူးချုပ်ဒေါ်ခိုင်ခိုင်နွယ်မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းခွင်သုံး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုမှုများနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီသုံးစွဲရန် လူကို ဘေးအန္တရာယ်ကင်းရှင်စေရန် နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့ချစေရန် စသည့်အချက်များကို နေပြည်တော်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေး၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ပပစိုး က အသိပေး ဟောပြောခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဆွေက အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း နှင့် နိုင်ငံတော်က ပေးအပ် ထားသည့် အခွန်အခကင်းလွတ်များကိုလည်း လျှောက်ထားရယူရန် အချက်များကို လုပ်ငန်းခွင်အတွင်း အလုပ်ရှင် များအတွက် အသိပညာပေးဟောပြောခဲ့သည်။

ထပ်မံ၍ စက်ရုံ၊ အလုပ်ရုံများ၌ ရယူသုံးစွဲနေသော လျှပ်စစ်ဓာတ်အားများနှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်တိုင်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်မြင့်က အသိပညာပေးဟောပြောခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း(၂၉)ခု တည်ထောင်ထားပြီး အသေးစား၊ အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းများ လည်ပတ်လျက်ရှိနေပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကုန်သည်/စက်မှု အသင်းချုပ် (UMFCCI) က ဦးဆောင်ကာ အသိပညာပေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version;
စက္႐ုံ၊ အလုပ္႐ုံႏွင့္ လုပ္ငန္းဌာနမ်ားအတြက္ ေဘးအႏၲရာယ္ကင္းရွင္းေရး အသိပညာေပးေဆြးေႏြးပြဲ က်င္းပ
ေစာ/သန႔္ဇင္ (NP News) - ဇြန္ ၁၆

စက္႐ုံ၊ အလုပ္႐ုံႏွင့္ လုပ္ငန္းဌာနမ်ား၏ အလုပ္ရွင္မ်ားအတြက္ ဓာတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ား အသုံးျပဳမႈ၊ စက္႐ုံ၊ အလုပ္႐ုံ စက္မႈႀကီးၾကပ္စစ္ေဆးေရးႏွင့္ လွ်ပ္စစ္စစ္ေဆးေရးမ်ားကို ေဆြးေႏြးခဲ့ၾကသည္။

အဆိုပါေဆြးေႏြးပြဲကို ယေန႔(ဇြန္လ ၁၆ ရက္) ေန႔လည္(၁)နာရီတြင္ ကုန္သည္စက္မႈ အသင္းခ်ဳပ္ (UMFCCI)ခန္းမ၌ က်င္းပခဲ့ၿပီး သက္ဆိုင္ရာဌာနမွ တာဝန္ရွိသူမ်ားႏွင့္ စက္႐ုံ၊ အလုပ္႐ုံလုပ္ငန္းရွင္ စုစုေပါင္း လူဦးေရ (၂၀၀)ခန႔္ တက္ေရာက္ခဲ့ၾကသည္။

ျမန္မာႏိုင္ငံတြင္ စက္မႈလက္မႈလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္လာေနၿပီ လုပ္ငန္းခြင္ ေဘးအႏၲရာယ္ကင္းရွင္းေရး အတြက္ အသိပညာပိုင္းမွာ အၿမဲတစ္ေစထိေတြ႕မႈရွိေနေစရန္ ရည္႐ြယ္ၿပီး ၎ေဆြးေႏြးပြဲကို က်င္းပရျခင္းျဖစ္ ေၾကာင္း ကုန္သည္/စက္မႈအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္က ေျပာသည္။

“စက္႐ုံ၊ အလုပ္႐ုံႏွင့္ လုပ္ငန္းဌာနမ်ားအတြက္ အသိေပးပညာေပးေဆြးေႏြးပြဲလို႔ ေခါင္းစဥ္တပ္ထားေပမဲ့ အလုပ္ရွင္ အသစ္၊ စက္႐ုံအလုပ္ပါတယ္။ ကုန္သည္မ်ားအတြက္ ဒီေန႔ပြဲကို အထူးျပဳထားတာက လုပ္ငန္းခြင္ဆိုင္ရာ ေဘးအႏၲရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာမ်ားကို အသိေပးပညာေပးေဆြးေႏြးပြဲေလးပါ” အေထြေထြ အတြင္းေရးမႉးခ်ဳပ္ေဒၚခိုင္ခိုင္ႏြယ္မွ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

လုပ္ငန္းခြင္သုံး ဓာတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ား အသုံးျပဳမႈမ်ားႏွင့္ ပတ္သက္ၿပီး ဥပေဒႏွင့္အညီသုံးစြဲရန္ လူကို ေဘးအႏၲရာယ္ကင္းရွင္ေစရန္ ႏွင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈေလ်ာ့ခ်ေစရန္ စသည့္အခ်က္မ်ားကို ေနျပည္ေတာ္ရွိ စက္မႈပူးေပါင္းေဆာင္႐ြက္ေရး၊ ဒုတိယၫႊန္ၾကားေရးမႉးေဒါက္တာခင္ပပစိုး က အသိေပး ေဟာေျပာခဲ့သည္။

ထို႔ျပင္ ရန္ကုန္တိုင္းရွိ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉး ဦးသိန္းေဆြက အေသးစား၊ အလတ္စား စက္မႈလက္မႈလုပ္ငန္းမ်ားကို ဥပေဒႏွင့္အညီ မွတ္ပုံတင္ျခင္း ႏွင့္ ႏိုင္ငံေတာ္က ေပးအပ္ ထားသည့္ အခြန္အခကင္းလြတ္မ်ားကိုလည္း ေလွ်ာက္ထားရယူရန္ အခ်က္မ်ားကို လုပ္ငန္းခြင္အတြင္း အလုပ္ရွင္ မ်ားအတြက္ အသိပညာေပးေဟာေျပာခဲ့သည္။

ထပ္မံ၍ စက္႐ုံ၊ အလုပ္႐ုံမ်ား၌ ရယူသုံးစြဲေနေသာ လွ်ပ္စစ္ဓာတ္အားမ်ားႏွင့္ ပတ္သက္၍ အႏၲရာယ္ကင္းရွင္းစြာ အသုံးျပဳႏိုင္ေရးအတြက္ ရန္ကုန္တိုင္းရွိ စက္မႈႀကီးၾကပ္ေရးႏွင့္စစ္ေဆးေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉး ဦးခိုင္ျမင့္က အသိပညာေပးေဟာေျပာခဲ့ၾကသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ စက္မႈဇုန္ေပါင္း(၂၉)ခု တည္ေထာင္ထားၿပီး အေသးစား၊ အလတ္စား စက္မႈ၊ လက္မႈ လုပ္ငန္းမ်ား လည္ပတ္လ်က္ရွိေနၿပီး လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ ကုန္သည္/စက္မႈ အသင္းခ်ဳပ္ (UMFCCI) က ဦးေဆာင္ကာ အသိပညာေပးလုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.