မုံရွာ-မန္တလေးကားလမ်း ဘေးဘယ်၊ ညာ၌ အတွဲလိုက်ထောင်ထားသော လက်လုပ်မိုင်းများကို ရှင်းလင်းပေးရန် ဒေသခံများ မျှော်လင့်နေ

 7657

NP News - ဇွန် ၁၆

မုံရွာ-မန္တလေးကားလမ်း ဘေးဘယ်၊ ညာ၌ အတွဲလိုက်ထောင်ထားသော လက်လုပ်မိုင်းများကို ရှင်းလင်းပေးရန် ဒေသခံများက မျှော်လင့်နေလျက်ရှိသည်။

လက်လုပ်မိုင်းများသည် မုံရွာ-မန္တလေးသွားကားလမ်းမပေါ်တည်ရှိပြီး လက်လုပ်မိုင်းအများစုကို မုံရွာမြို့နှင့် ချောင်းဦးမြို့အကြား လမ်းပိုင်းတွင် အများဆုံးတွေ့ရှိရကြောင်း ဒေသခံများက NP News ကို ပြောသည်။

“မနေ့က မန္တလေးသွားတော့ ဘယ်၊ညာမှာ ကြိုးတန်းလန်တွေနဲ့ မိုင်းတွေကို မြင်နေရတာပဲ။ ကျွန်တော်တို့ ကားမောင်းတာတောင် အလယ်ကနေ မောင်းရတယ်။ အဆိုးဆုံးကတော့ မုံရွာအထွက်က ဆိုးတယ် မုံရွာ-မန္တလေးလမ်းပေါ်မှာပေါ့။ မုံရွာနဲ့ ချောင်းဦးကြားထဲမှာလည်း လက်လုပ်မိုင်းတွေအများကြီးရှိတယ်။ အခုထိလည်း ဘယ်သူမှ မရှင်းသေးဘူး မြင်နေရတာပဲ။ မမြင်မစမ်းနဲ့ ကားမောင်းရင်တော့ အကွဲပဲ” ဟု မုံရွာမြို့ခံတစ်ဦးက ပြော သည်။

အဆိုပါ မုံရွာ-မန္တလေးကားလမ်းတွင် ပြီးခဲ့သောကာလများအတွင်း၌ လက်လုပ်မိုင်းပေါက်ကွဲသည့်ဖြစ်စဉ်များ ဖြတ်သန်းသွားလာနေသည့် ကားများ ထိခိုက်ပျက်စီးသော ဖြစ်စဉ်များရှိသကဲ့သို့ အရပ်သားထိခိုက်သေဆုံးသည့် ဖြစ်စဉ်များလည်း ရှိ ထားသည်။

ထို့ကြောင့် PDF အဖွဲ့များက ကားလမ်းမ ဘေးဘယ်၊ ညာ၌ ထောင်ထားသည့် လက်လုပ်မိုင်းများကို သက်ဆိုင်ရာ တာဝန်ရှိ သူများအနေဖြင့် ရှင်းလင်းပေးရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောဆိုထားသည်။

“ဘယ်ရော၊ ညာရော အတွဲလိုက်တွေ ချထားတာ။ မြေမမြှုပ်ဘဲနဲ့ ပေါ်တင်ကြီး ထောင်ထားပေါ့။ ကားသွားတဲ့ ကတ္တရာလမ်းနှုတ်ခမ်းစပ်တွေမှာ ချထားတာ။ တော်တော်တောင် အံ့သြတယ်။ တာဝန်ရှိသူတွေကလည်း ရှင်းလင်း ပေးဖို့ လိုတယ်။ သက်မဲ့လုပ်ပေးဖို့ လိုတာပေါ့” ဟု မုံရွာမြို့ခံတစ်ဦးက ပြောဆိုထားသည်။

အဆိုပါ မုံရွာ-မန္တလေးကားလမ်းမပေါ်၌ လက်လုပ်မိုင်းများ ပေါက်ကွဲထားမှုကြောင့် လမ်းပိုင်းအချို့မှာ ပျက်စီးလျက် ရှိနေသည့်အပြင် လက်လုပ်မိုင်းများ၏ အန္တရာယ်ကြောင့် လမ်းအသုံးပြုသွားလာနေသူများသည် မလုံခြုံမှုများစွာ ဖြင့် ဖြတ်သန်းသွားလာနေရကြောင်း ဒေသခံများက ဆိုထားသည်။

“ဒီလမ်းပေါ်မှာ စစ်တပ်ဂိတ်တွေတော့ စစ်တာဆေးတာ ရှိတာပေါ့။ ကားတွေကတော့ မှန်ချပြီးတော့ မောင်းရတာ ပေါ့။ အရင်ကဆိုရင် မုံရွာ-မန္တလေးကို တစ်နာရီခွဲ၊ နှစ်နာရီလောက်ပဲ မောင်းရတယ်။ အခုဆိုရင်တော့ နှစ်နာရီခွဲ၊ သုံးနာရီနီးပါး လောက် မောင်းရတယ်။ တစ်ချို့နေရာတွေမှာ လမ်းလယ်မှာ ချိုင့်ကြီးတွေ ဖြစ်နေတာပေါ့။ မိုင်းခွဲ ထားတဲ့နေရာတွေပေါ့။ ချိုင့်ကြီးတွေကို ပြန်ပြီးတော့ မပြုပြင်ရသေးဘူးလေ။ ပြုပြင်ပေးရင်ကောင်မယ်” ဟုလည်း မုံရွာ-မန္တလေးကားလမ်းအား အသုံးပြုသွားလာနေသူတစ်ဦးက NP News ကို ပြောဆိုထားသည်။

တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် မုံရွာ-မန္တလေးကားလမ်းမပေါ်၌ PDF အဖွဲ့များက ထောင်ထားသည့် လက်လုပ်မိုင်းများကို ရှင်းလင်းဖယ်ရှားပေးသော လုပ်ဆောင်မှုများ ရှိခဲ့သည်ကို တွေ့ရသည်။

သို့သော် PDF အဖွဲ့များသည် မုံရွာ-မန္တလေးကားလမ်းမပေါ်တွင် လက်လုပ်မိုင်းများကို ထပ်မံထောင်ကာ တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များ၏ ကားများကို မိုင်းဆွဲတိုက်ခိုက်နေလျက်ရှိသည်။

Zawgyi Version;
မုံ႐ြာ-မႏၲေလးကားလမ္း ေဘးဘယ္၊ ညာ၌ အတြဲလိုက္ေထာင္ထားေသာ လက္လုပ္မိုင္းမ်ားကို ရွင္းလင္းေပးရန္ ေဒသခံမ်ား ေမွ်ာ္လင့္ေန
NP News - ဇြန္ ၁၆

မုံ႐ြာ-မႏၲေလးကားလမ္း ေဘးဘယ္၊ ညာ၌ အတြဲလိုက္ေထာင္ထားေသာ လက္လုပ္မိုင္းမ်ားကို ရွင္းလင္းေပးရန္ ေဒသခံမ်ားက ေမွ်ာ္လင့္ေနလ်က္ရွိသည္။

လက္လုပ္မိုင္းမ်ားသည္ မုံ႐ြာ-မႏၲေလးသြားကားလမ္းမေပၚတည္ရွိၿပီး လက္လုပ္မိုင္းအမ်ားစုကို မုံ႐ြာၿမိဳ႕ႏွင့္ ေခ်ာင္းဦးၿမိဳ႕အၾကား လမ္းပိုင္းတြင္ အမ်ားဆုံးေတြ႕ရွိရေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။

“မေန႔က မႏၲေလးသြားေတာ့ ဘယ္၊ညာမွာ ႀကိဳးတန္းလန္ေတြနဲ႔ မိုင္းေတြကို ျမင္ေနရတာပဲ။ ကြၽန္ေတာ္တို႔ ကားေမာင္းတာေတာင္ အလယ္ကေန ေမာင္းရတယ္။ အဆိုးဆုံးကေတာ့ မုံ႐ြာအထြက္က ဆိုးတယ္ မုံ႐ြာ-မႏၲေလးလမ္းေပၚမွာေပါ့။ မုံ႐ြာနဲ႔ ေခ်ာင္းဦးၾကားထဲမွာလည္း လက္လုပ္မိုင္းေတြအမ်ားႀကီးရွိတယ္။ အခုထိလည္း ဘယ္သူမွ မရွင္းေသးဘူး ျမင္ေနရတာပဲ။ မျမင္မစမ္းနဲ႔ ကားေမာင္းရင္ေတာ့ အကြဲပဲ” ဟု မုံ႐ြာၿမိဳ႕ခံတစ္ဦးက ေျပာ သည္။

အဆိုပါ မုံ႐ြာ-မႏၲေလးကားလမ္းတြင္ ၿပီးခဲ့ေသာကာလမ်ားအတြင္း၌ လက္လုပ္မိုင္းေပါက္ကြဲသည့္ျဖစ္စဥ္မ်ား ျဖတ္သန္းသြားလာေနသည့္ ကားမ်ား ထိခိုက္ပ်က္စီးေသာ ျဖစ္စဥ္မ်ားရွိသကဲ့သို႔ အရပ္သားထိခိုက္ေသဆုံးသည့္ ျဖစ္စဥ္မ်ားလည္း ရွိ ထားသည္။

ထို႔ေၾကာင့္ PDF အဖြဲ႕မ်ားက ကားလမ္းမ ေဘးဘယ္၊ ညာ၌ ေထာင္ထားသည့္ လက္လုပ္မိုင္းမ်ားကို သက္ဆိုင္ရာ တာဝန္ရွိ သူမ်ားအေနျဖင့္ ရွင္းလင္းေပးရန္ လိုအပ္ေၾကာင္းလည္း ေဒသခံမ်ားက ေျပာဆိုထားသည္။

“ဘယ္ေရာ၊ ညာေရာ အတြဲလိုက္ေတြ ခ်ထားတာ။ ေျမမျမႇဳပ္ဘဲနဲ႔ ေပၚတင္ႀကီး ေထာင္ထားေပါ့။ ကားသြားတဲ့ ကတၱရာလမ္းႏႈတ္ခမ္းစပ္ေတြမွာ ခ်ထားတာ။ ေတာ္ေတာ္ေတာင္ အံ့ၾသတယ္။ တာဝန္ရွိသူေတြကလည္း ရွင္းလင္း ေပးဖို႔ လိုတယ္။ သက္မဲ့လုပ္ေပးဖို႔ လိုတာေပါ့” ဟု မုံ႐ြာၿမိဳ႕ခံတစ္ဦးက ေျပာဆိုထားသည္။

အဆိုပါ မုံ႐ြာ-မႏၲေလးကားလမ္းမေပၚ၌ လက္လုပ္မိုင္းမ်ား ေပါက္ကြဲထားမႈေၾကာင့္ လမ္းပိုင္းအခ်ိဳ႕မွာ ပ်က္စီးလ်က္ ရွိေနသည့္အျပင္ လက္လုပ္မိုင္းမ်ား၏ အႏၲရာယ္ေၾကာင့္ လမ္းအသုံးျပဳသြားလာေနသူမ်ားသည္ မလုံၿခဳံမႈမ်ားစြာ ျဖင့္ ျဖတ္သန္းသြားလာေနရေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။

“ဒီလမ္းေပၚမွာ စစ္တပ္ဂိတ္ေတြေတာ့ စစ္တာေဆးတာ ရွိတာေပါ့။ ကားေတြကေတာ့ မွန္ခ်ၿပီးေတာ့ ေမာင္းရတာ ေပါ့။ အရင္ကဆိုရင္ မုံ႐ြာ-မႏၲေလးကို တစ္နာရီခြဲ၊ ႏွစ္နာရီေလာက္ပဲ ေမာင္းရတယ္။ အခုဆိုရင္ေတာ့ ႏွစ္နာရီခြဲ၊ သုံးနာရီနီးပါး ေလာက္ ေမာင္းရတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာ လမ္းလယ္မွာ ခ်ိဳင့္ႀကီးေတြ ျဖစ္ေနတာေပါ့။ မိုင္းခြဲ ထားတဲ့ေနရာေတြေပါ့။ ခ်ိဳင့္ႀကီးေတြကို ျပန္ၿပီးေတာ့ မျပဳျပင္ရေသးဘူးေလ။ ျပဳျပင္ေပးရင္ေကာင္မယ္” ဟုလည္း မုံ႐ြာ-မႏၲေလးကားလမ္းအား အသုံးျပဳသြားလာေနသူတစ္ဦးက NP News ကို ေျပာဆိုထားသည္။

တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ မုံ႐ြာ-မႏၲေလးကားလမ္းမေပၚ၌ PDF အဖြဲ႕မ်ားက ေထာင္ထားသည့္ လက္လုပ္မိုင္းမ်ားကို ရွင္းလင္းဖယ္ရွားေပးေသာ လုပ္ေဆာင္မႈမ်ား ရွိခဲ့သည္ကို ေတြ႕ရသည္။

သို႔ေသာ္ PDF အဖြဲ႕မ်ားသည္ မုံ႐ြာ-မႏၲေလးကားလမ္းမေပၚတြင္ လက္လုပ္မိုင္းမ်ားကို ထပ္မံေထာင္ကာ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၏ ကားမ်ားကို မိုင္းဆြဲတိုက္ခိုက္ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.