စော်ဘွားကြီးကုန်းအနီးရှိ CB Bank တွင် မီးလောင်မှုဖြစ်ပွား
 625
Pearl (NP News) - ဇွန် ၁၇
စော်ဘွားကြီးကုန်းအနီးရှိ CB Bank တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ(၁၆ ရက်) ၊ ည (၁ဝ)နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စော်ဘွားကြီးကုန်း အနီးရှိ CB Bank တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုအား Level 1 အဆင့်သတ်မှတ်ပြီး (၁)နာရီခွဲခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
"လက်ရှိစုံစမ်းဆဲပါ။ ဘယ်ကနေ ဘယ်လိုစလောင်လဲ။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေ။ ဘယ်နေရာက စလောင်လဲက စုံစမ်းဆဲပါ။ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတဲ့လူတော့ မရှိပါဘူး။ မီးခိုးမွှန်တဲ့လူ (၃) ယောက်လောက်ပဲရှိတာ"ဟု အင်းစိန်မြို့နယ်မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
လက်ရှိတွင် မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းစစ်‌ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
zawgyi version
Pearl (NP News) - ဇွန် ၁၇
Related news
© 2021. All rights reserved.