လယ်ဝေးမြို့မရဲစခန်း နှင့် MICC-II ဂိတ်(၂)ဝင်ပေါက်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် အမျိုးသား (၄)ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း နစကထုတ်ပြန်

 695

Pearl (NP News) - ဇွန် ၁၇

လယ်ဝေးမြို့မရဲစခန်း နှင့် MICC-II ဂိတ်(၂)ဝင်ပေါက်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် အမျိုးသား (၄)ဦးအား (၁ဝ) နာရီအတွင်း ဖမ်းဆီးရမိကြောင်း နစကမှထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေးမြို့မရဲစခန်းအား အမျိုးသား (၂) ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေလမ်း၊ MICC-II ဂိတ်(၂)ဝင်ပေါက်ကိုလည်း အမျိုးသား (၃)ဦးတို့က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့်ပစ်ခတ်သွားသည့် သက်နိုင်နှင့် အငှားယာဉ်မောင်း ရန်နိုင်ထွန်းတို့အား ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအနီးရှိ “ရွက်သစ်” လက်ဖက်ရည်ဆိုင်၌ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ သက်နိုင်၏ ထွက်ဆိုချက်အရ အဆိုပါနေ့ နေ့လည်ပိုင်းတွင် ရဲနိုင် နှင့် အငှားယာဉ်မောင်း အိုင်ဖော့(ခ)ရန်နိုင်ဦးတို့အား လိပ်သိုမြို့အဝင် စစ်ဆေးရေးဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အကြမ်း ဖက်အမျိုးသား (၄)ဦးအား ဖြစ်စဉ်ဖြစ်ပွားပြီး (၁ဝ)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇွန်လ ၁ဝ ရက်တွင် ဖမ်းဆီးရန်ကျန်သူ ဇင်ယော်(ခ)ငှက်ဖြူ(ခ) နေလင်း မှ MICC-II နှင့် လယ်ဝေးမြို့မရဲစခန်းတို့အား ပစ်ခတ်ဖောက်ခွဲရန် လက်ပစ်ဗုံး (၂)လုံးအား ပေးခဲ့သဖြင့် သက်နိုင်၊ ရဲနိုင် နှင့် ဖမ်းဆီးရန်ကျန် အသေးလေးတို့မှ ကယားပြည်နယ်၊ ပဆေးလာကျေးရွာသို့ သွားရောက်ယူဆောင်ခဲ့ပြီး ဇွန်လ ၁၁ ရက်တွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား သွားရောက်၍အခြေအနေကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် လက်ပစ်ဗုံး ၂ လုံးအားယူဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် လယ်ဝေးမြို့မရဲစခန်းသို့ သွားရောက်ခဲ့ပြီး အသေးလေးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအားစောင့်ကြည့်၍ သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးမှ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစကမှ ဆိုသည်။

အလားတူ အဆိုပါနေ့ညပိုင်းတွင် ၎င်းတို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် MICC-II သို့ သွားရောက်ခဲ့ပြီး ရဲနိုင်မှ အခြေအနေကြည့်ရှုပေးကာ အသေးလေး နှင့် သက်နိုင်တို့ ၂ ဦးမှ MICC-II ဂိတ်(၂) ဝင်ပေါက်အား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက်ဖောက်ခွဲမှုများအတွက် ဇင်ယော်မှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့ပြီး ကယားပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရန်လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
လယ္ေဝးၿမိဳ႕မရဲစခန္း ႏွင့္ MICC-II ဂိတ္(၂)ဝင္ေပါက္အား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ေဖာက္ခြဲခဲ့သည့္ အမ်ိဳးသား (၄)ဦးကို နာရီပိုင္းအတြင္း ဖမ္းဆီးရမိေၾကာင္း နစကထုတ္ျပန္

Pearl (NP News) - ဇြန္ ၁၇

လယ္ေဝးၿမိဳ႕မရဲစခန္း ႏွင့္ MICC-II ဂိတ္(၂)ဝင္ေပါက္အား လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ေဖာက္ခြဲခဲ့သည့္ အမ်ိဳးသား (၄)ဦးအား (၁ဝ) နာရီအတြင္း ဖမ္းဆီးရမိေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္လ ၁၂ ရက္ ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ လယ္ေဝးၿမိဳ႕မရဲစခန္းအား အမ်ိဳးသား (၂) ဦးက လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ခဲ့ၿပီး ဇမၺဴသီရိၿမိဳ႕နယ္၊ ေဘာဂသိဒၶိရပ္ကြက္၊ ဉာဏေအာင္ေျမလမ္း၊ MICC-II ဂိတ္(၂)ဝင္ေပါက္ကိုလည္း အမ်ိဳးသား (၃)ဦးတို႔က လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ေဖာက္ခြဲခဲ့သည့္ ျဖစ္စဥ္မ်ားျဖစ္ပြားခဲ့သည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရာ ဇြန္လ ၁၃ ရက္၊ နံနက္ပိုင္းတြင္ လယ္ေဝးၿမိဳ႕မရဲစခန္းႏွင့္ MICC-II ဂိတ္(၂)ဝင္ေပါက္တို႔အား လက္ပစ္ဗုံးျဖင့္ပစ္ခတ္သြားသည့္ သက္ႏိုင္ႏွင့္ အငွားယာဥ္ေမာင္း ရန္ႏိုင္ထြန္းတို႔အား ပ်ဥ္းမနားၿမိဳ႕နယ္၊ အာဟာရသုခေဈးအနီးရွိ “႐ြက္သစ္” လက္ဖက္ရည္ဆိုင္၌ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူ သက္ႏိုင္၏ ထြက္ဆိုခ်က္အရ အဆိုပါေန႔ ေန႔လည္ပိုင္းတြင္ ရဲႏိုင္ ႏွင့္ အငွားယာဥ္ေမာင္း အိုင္ေဖာ့(ခ)ရန္ႏိုင္ဦးတို႔အား လိပ္သိုၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္၌ ထပ္မံဖမ္းဆီးရမိခဲ့ၿပီး အၾကမ္း ဖက္အမ်ိဳးသား (၄)ဦးအား ျဖစ္စဥ္ျဖစ္ပြားၿပီး (၁ဝ)နာရီအတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ဇြန္လ ၁ဝ ရက္တြင္ ဖမ္းဆီးရန္က်န္သူ ဇင္ေယာ္(ခ)ငွက္ျဖဴ(ခ) ေနလင္း မွ MICC-II ႏွင့္ လယ္ေဝးၿမိဳ႕မရဲစခန္းတို႔အား ပစ္ခတ္ေဖာက္ခြဲရန္ လက္ပစ္ဗုံး (၂)လုံးအား ေပးခဲ့သျဖင့္ သက္ႏိုင္၊ ရဲႏိုင္ ႏွင့္ ဖမ္းဆီးရန္က်န္ အေသးေလးတို႔မွ ကယားျပည္နယ္၊ ပေဆးလာေက်း႐ြာသို႔ သြားေရာက္ယူေဆာင္ခဲ့ၿပီး ဇြန္လ ၁၁ ရက္တြင္ လယ္ေဝးၿမိဳ႕မရဲစခန္းႏွင့္ MICC-II ဂိတ္(၂)ဝင္ေပါက္တို႔အား သြားေရာက္၍အေျခအေနၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဇြန္လ ၁၂ ရက္ ညေနပိုင္းတြင္ လက္ပစ္ဗုံး ၂ လုံးအားယူေဆာင္၍ ဆိုင္ကယ္ ၂ စီးျဖင့္ လယ္ေဝးၿမိဳ႕မရဲစခန္းသို႔ သြားေရာက္ခဲ့ၿပီး အေသးေလးမွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ အေျခအေနအားေစာင့္ၾကည့္၍ သက္ႏိုင္ႏွင့္ ရဲႏိုင္တို႔ ၂ ဦးမွ လက္ပစ္ဗုံး ၁ လုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု နစကမွ ဆိုသည္။

အလားတူ အဆိုပါေန႔ညပိုင္းတြင္ ၎တို႔ ၃ ဦးသည္ ဆိုင္ကယ္ ၂ စီးျဖင့္ MICC-II သို႔ သြားေရာက္ခဲ့ၿပီး ရဲႏိုင္မွ အေျခအေနၾကည့္ရႈေပးကာ အေသးေလး ႏွင့္ သက္ႏိုင္တို႔ ၂ ဦးမွ MICC-II ဂိတ္(၂) ဝင္ေပါက္အား လက္ပစ္ဗုံး ၁ လုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္း သိရွိရသည္။

ထြက္ဆိုခ်က္အရ အဆိုပါအၾကမ္းဖက္ေဖာက္ခြဲမႈမ်ားအတြက္ ဇင္ေယာ္မွ တစ္ဦးလွ်င္ ေငြက်ပ္ ၃ သိန္း ေထာက္ပံ့ေပးခဲ့ၿပီး ကယားျပည္နယ္အတြင္းသို႔ ထြက္ေျပးတိမ္းေရွာင္ရန္လုပ္ေဆာင္ေနစဥ္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိသူမ်ားအားဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.