မန္တလေး၌ ဆိုင်ကယ်စီးလာသည့် အမျိုးသားအား ဓားဖြင့်ခုတ်ကာ အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

 537

Pearl (NP News) - ဇွန် ၁၈

မန္တလေး၌ ဆိုင်ကယ်စီးလာသည့် အမျိုးသားအား ဓားဖြင့်ခုတ်ကာ အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုဖြစ်ပွား ခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၈ ရက်)၊ နံနက် (၁)နာရီခွဲအချိန်ခန့်တွင် မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ 84 လမ်း/41×42 လမ်းကြားတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကြားတွင် ကိုစိုးဝေယံ (၃၅) နှစ်သည် ဆိုင်ကယ်မောင်းနှင်လာစဉ် လူ (၉)ဦးခန့်မှ ဓားဖြင့်ထိုး၍ ၎င်းဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

" ပြတ်ရှရာတွေများတယ်၊ ပေါင်တွေ၊ နားရွက်တွေမှာပေါ့။ (၄/၅/၆)ချက်လောက်ရှိတယ် ၊ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး။ (၉)ယောက်လောက်က လုတယ်ပြောတယ်။ မနက်(၁)နာရီဆိုတော့ လူပြတ်တာပေါ့။ သူကလည်း သူငယ်ချင်းကခေါ်လို့ အမရပူရဘက်ကို သွားတာလို့ပြောတယ်" ဟု အထက်ပါလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်ကြောင့် ကိုစိုးဝေယံတွင် ပေါင်နှင့် နားရွက်တို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ၎င်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
မႏၲေလး၌ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားအား ဓားျဖင့္ခုတ္ကာ အုပ္စုဖြဲ႕ ဆိုင္ကယ္လုယက္မႈျဖစ္ပြား
Pearl (NP News) - ဇြန္ ၁၈

မႏၲေလး၌ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားအား ဓားျဖင့္ခုတ္ကာ အုပ္စုဖြဲ႕ ဆိုင္ကယ္လုယက္မႈျဖစ္ပြား ခဲ့ေၾကာင္း မဏီစလလူမႈကူညီေရးအသင္း(မႏၲေလး)ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၁၈ ရက္)၊ နံနက္ (၁)နာရီခြဲအခ်ိန္ခန႔္တြင္ မႏၲေလးၿမိဳ႕ ၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ 84 လမ္း/41×42 လမ္းၾကားတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါလမ္းၾကားတြင္ ကိုစိုးေဝယံ (၃၅) ႏွစ္သည္ ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ လူ (၉)ဦးခန႔္မွ ဓားျဖင့္ထိုး၍ ၎ဆိုင္ကယ္အား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

" ျပတ္ရွရာေတြမ်ားတယ္၊ ေပါင္ေတြ၊ နား႐ြက္ေတြမွာေပါ့။ (၄/၅/၆)ခ်က္ေလာက္ရွိတယ္ ၊ အသက္အႏၲရာယ္ကေတာ့ မစိုးရိမ္ရဘူး။ (၉)ေယာက္ေလာက္က လုတယ္ေျပာတယ္။ မနက္(၁)နာရီဆိုေတာ့ လူျပတ္တာေပါ့။ သူကလည္း သူငယ္ခ်င္းကေခၚလို႔ အမရပူရဘက္ကို သြားတာလို႔ေျပာတယ္" ဟု အထက္ပါလူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ကိုစိုးေဝယံတြင္ ေပါင္ႏွင့္ နား႐ြက္တို႔၌ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ၿပီး လက္ရွိတြင္ ၎အား မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.