ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ကီလိုမီတာ(၁ဝဝ)အမြန်နှုန်းဖြင့် ရထားများ ပြေးဆွဲနိုင်မည်

 2299

ယွန်း (NP News) - ဇွန် ၁၈

ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ရထားများကို တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ(၁ဝဝ)အထိ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပို့‌ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြီးခဲ့သည့် ရက်ပိုင်းက တောင်ငူ- ညောင်လေးပင်- ပဲခူး- ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။

ဘူတာများကို renovation ပြန်လည်ပြုလုပ်ရာတွင်လည်း ရှေးမူမပျက် အရည်အသွေးနှင့် လက်ရာလက် သား ကောင်းမွန်စေရေးကို စီမံကိန်းအင်ဂျင်နီယာများက စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောဆိုထားသည်။

ထို့ပြင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အမြန်နှုန်း ကီလိုမီတာ(၁ဝဝ) အထိ ပြေးဆွဲနိုင်မည်ဖြစ်သည့်အတွက် တံတားလုပ်ငန်းများနှင့် အချက်ပြဆက်သွယ်ရေးတပ်ဆင်ခြင်းများကိုလည်း တစ်ပြိုင်နက် ပြီးစီးအောင်ဆောင်ရွက်ရန် ဒုဝန်ကြီးက အသိပေးပြောဆိုခဲ့သည်။

ရန်ကုန်-တောင်ငူလမ်းပိုင်းသည် ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်ပြီး ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ရထားလမ်းအဆင့် မြှင့်တင်တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အလားတူ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် Diesel Electric Multiple Unit(DEMU) ရထားများ ရောက်ရှိပြေးဆွဲချိန်တွင်လည်း လမ်းပိုင်းအတွင်း အမြန်နှုန်းကီလိုမီတာ တိုးမြှင့်ပြေးဆွဲရန် စီစဥ်ထားကြောင်း သိရသည်။

သို့ဖြစ်၍ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအား ပြုပြင်ထိန်းသိမ်းရာတွင် Main-tenance Maunal အတိုင်းပြုပြင်ထိန်းသိမ်းရန် ဒုဝန်ကြီးက ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် ရထားများ ယခုထက် အမြန်နှုန်းတိုးမြှင့်ပြေးဆွဲရန်အတွက် ရထားလမ်းများ အားလုံးကို ကီလို မီတာ(၁ဝဝ) အမြန်နှုန်းအထိ မောင်းနှင်နိုင်ရေးကို မူလရည်မှန်းချက်အဖြစ် ဆောင်ရွက်ရန်လည်း နစကဥက္ကဋ္ဌက ပြီးခဲ့သည့် မေလက တိုက်တွန်းထားခဲ့သည်။

ရထားလမ်းများကို သွားလာရာတွင် အသုံးပြုသကဲ့သို့ ကုန်ပစ္စည်းများတင်ပို့မှုတွင်လည်း အသုံးပြုခြင်းကြောင့် ရထားလမ်းများ၏ ခံနိုင်ရည်အား ကောင်းမွန်ရေးကို စနစ်တကျတည်ဆောက်ရန်လိုကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ရထားများအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ(၆ဝ)နှုန်းဖြင့်သာ မောင်းနှင်နေကြောင်းသိရပြီး လစဥ်မိုင်နှုန်း ပြောင်းလဲမှုများရှိကြောင်း သိရသည်။

zawgyi version
ရထားလမ္းပိုင္းအဆင့္ျမႇင့္တင္ေရးစီမံကိန္းမ်ား ေဆာင္႐ြက္ၿပီးစီးပါက ကီလိုမီတာ(၁ဝဝ)အျမန္ႏႈန္းျဖင့္ ရထားမ်ား ေျပးဆြဲႏိုင္မည္

ယြန္း (NP News) - ဇြန္ ၁၈

ရထားလမ္းပိုင္းအဆင့္ျမႇင့္တင္ေရး စီမံကိန္းမ်ား ေဆာင္႐ြက္ၿပီးစီးပါက ရထားမ်ားကို တစ္နာရီလွ်င္ အျမန္ႏႈန္း ကီလိုမီတာ(၁ဝဝ)အထိ ေျပးဆြဲႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ပို႔‌ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ၿမိဳင္က ၿပီးခဲ့သည့္ ရက္ပိုင္းက ေတာင္ငူ- ေညာင္ေလးပင္- ပဲခူး- ရန္ကုန္ ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းေဆာင္႐ြက္ေနမႈကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ဆိုခဲ့ျခင္းျဖစ္သည္။

ဘူတာမ်ားကို renovation ျပန္လည္ျပဳလုပ္ရာတြင္လည္း ေရွးမူမပ်က္ အရည္အေသြးႏွင့္ လက္ရာလက္ သား ေကာင္းမြန္ေစေရးကို စီမံကိန္းအင္ဂ်င္နီယာမ်ားက စနစ္တက်ႀကီးၾကပ္ေဆာင္႐ြက္ရန္ ၎က တိုက္တြန္းေျပာဆိုထားသည္။

ထို႔ျပင္ စီမံကိန္းလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီးပါက အျမန္ႏႈန္း ကီလိုမီတာ(၁ဝဝ) အထိ ေျပးဆြဲႏိုင္မည္ျဖစ္သည့္အတြက္ တံတားလုပ္ငန္းမ်ားႏွင့္ အခ်က္ျပဆက္သြယ္ေရးတပ္ဆင္ျခင္းမ်ားကိုလည္း တစ္ၿပိဳင္နက္ ၿပီးစီးေအာင္ေဆာင္႐ြက္ရန္ ဒုဝန္ႀကီးက အသိေပးေျပာဆိုခဲ့သည္။

ရန္ကုန္-ေတာင္ငူလမ္းပိုင္းသည္ ရန္ကုန္ - မႏၲေလးလမ္းပိုင္း အဆင့္ျမႇင့္တင္ေရး စီမံကိန္းတြင္ ပါဝင္ၿပီး ၂ဝ၁၉ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္တြင္ ရထားလမ္းအဆင့္ ျမႇင့္တင္တည္ေဆာက္ေရးလုပ္ငန္းကို စတင္ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။

အလားတူ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းတြင္ Diesel Electric Multiple Unit(DEMU) ရထားမ်ား ေရာက္ရွိေျပးဆြဲခ်ိန္တြင္လည္း လမ္းပိုင္းအတြင္း အျမန္ႏႈန္းကီလိုမီတာ တိုးျမႇင့္ေျပးဆြဲရန္ စီစဥ္ထားေၾကာင္း သိရသည္။

သို႔ျဖစ္၍ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းအား ျပဳျပင္ထိန္းသိမ္းရာတြင္ Main-tenance Maunal အတိုင္းျပဳျပင္ထိန္းသိမ္းရန္ ဒုဝန္ႀကီးက ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ ရထားမ်ား ယခုထက္ အျမန္ႏႈန္းတိုးျမႇင့္ေျပးဆြဲရန္အတြက္ ရထားလမ္းမ်ား အားလုံးကို ကီလို မီတာ(၁ဝဝ) အျမန္ႏႈန္းအထိ ေမာင္းႏွင္ႏိုင္ေရးကို မူလရည္မွန္းခ်က္အျဖစ္ ေဆာင္႐ြက္ရန္လည္း နစကဥကၠ႒က ၿပီးခဲ့သည့္ ေမလက တိုက္တြန္းထားခဲ့သည္။

ရထားလမ္းမ်ားကို သြားလာရာတြင္ အသုံးျပဳသကဲ့သို႔ ကုန္ပစၥည္းမ်ားတင္ပို႔မႈတြင္လည္း အသုံးျပဳျခင္းေၾကာင့္ ရထားလမ္းမ်ား၏ ခံႏိုင္ရည္အား ေကာင္းမြန္ေရးကို စနစ္တက်တည္ေဆာက္ရန္လိုေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံရွိ ရထားမ်ားအေနျဖင့္ တစ္နာရီလွ်င္ ကီလိုမီတာ(၆ဝ)ႏႈန္းျဖင့္သာ ေမာင္းႏွင္ေနေၾကာင္းသိရၿပီး လစဥ္မိုင္ႏႈန္း ေျပာင္းလဲမႈမ်ားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.