မြင်းခြံမြို့နယ်ရှိ ကားလမ်းဘေး၌ လက်လုပ်မိုင်း(၆)လုံးအပါအဝင် အခြားဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ဟု ရဲတပ်ဖွဲ့ဆို

 379

သန့်ဇင် (NP News) - ဇွန် ၁၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံ-တောင်သာကားလမ်းဘေး၌ လက်လုပ်မိုင်း(၆)လုံးအပါအဝင် အခြားဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော ဇွန်လ(၁၅)ရက်၊ မွန်းတည့်(၁၂)နာရီ အချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာသာ ကားလမ်းဘေး၌ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာအနီး၌ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အဖွဲ့မှထောင်ထားသော ဖောက်ခွဲရေးပစ္စည်းများအား တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါဖောက်ခွဲရေး ပစ္စည်းများထဲတွင် လက်လုပ်မိုင်း(၆)လုံး၊ ဆိုင်ကယ် ဘက်ထရီအိုး (၄)လုံးနှင့် ဝိုင်ယာကြိုး ကိုက်(၁ဝဝ)ခန့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် ပြီးခဲ့သော ဇွန်လ(၁၁)ရက်နှင့်(၁၃)ရက်များ၌လည်း အလားတူဖောက်ခွဲရေးပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ဆက်စပ်သိရှိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပက်သက်၍ သိမ်းဆည်းရမိခဲ့သော လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းရှင်းလင်းခဲ့ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုသည်။

zawgyi version
ျမင္းၿခံၿမိဳ႕နယ္ရွိ ကားလမ္းေဘး၌ လက္လုပ္မိုင္း(၆)လုံးအပါအဝင္ အျခားဆက္စပ္ပစၥည္းမ်ား ထပ္မံသိမ္းဆည္းရမိခဲ့ဟု ရဲတပ္ဖြဲ႕ဆို

သန႔္ဇင္ (NP News) - ဇြန္ ၁၈

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္ရွိ ျမင္းၿခံ-ေတာင္သာကားလမ္းေဘး၌ လက္လုပ္မိုင္း(၆)လုံးအပါအဝင္ အျခားဆက္စပ္ပစၥည္းမ်ား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့ေသာ ဇြန္လ(၁၅)ရက္၊ မြန္းတည့္(၁၂)နာရီ အခ်ိန္တြင္ မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ျမင္းၿခံ-ေတာင္သာသာ ကားလမ္းေဘး၌ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ျမင္းၿခံၿမိဳ႕နယ္၊ ေဂြးပင္႐ိုးေက်း႐ြာအနီး၌ ရဲတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ PDF အဖြဲ႕မွေထာင္ထားေသာ ေဖာက္ခြဲေရးပစၥည္းမ်ားအား ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အဆိုပါေဖာက္ခြဲေရး ပစၥည္းမ်ားထဲတြင္ လက္လုပ္မိုင္း(၆)လုံး၊ ဆိုင္ကယ္ ဘက္ထရီအိုး (၄)လုံးႏွင့္ ဝိုင္ယာႀကိဳး ကိုက္(၁ဝဝ)ခန႔္တို႔အား ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ျမင္းၿခံၿမိဳ႕နယ္တြင္ ၿပီးခဲ့ေသာ ဇြန္လ(၁၁)ရက္ႏွင့္(၁၃)ရက္မ်ား၌လည္း အလားတူေဖာက္ခြဲေရးပစၥည္းမ်ား ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းလည္း ဆက္စပ္သိရွိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပက္သက္၍ သိမ္းဆည္းရမိခဲ့ေသာ လက္လုပ္မိုင္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ထိန္းသိမ္းရွင္းလင္းခဲ့ၿပီး နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆိုသည္။

Related news

© 2021. All rights reserved.