မြန်မာနိုင်ငံ၌ ဇွန်လအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ (၁ဝဝဝ)နီးပါးတွေ့ရှိ

 444

စော (NP News) - ဇွန် ၁၈

မြန်မာနိုင်ငံ၌ ဇွန်လအတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ (၁ဝဝဝ)နီးပါးတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် လနှင့်နှိုင်းယှဉ်ပါက ကိုဗစ်ရောဂါကူးစက်နှုန်းကျဆင်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ (၁)ရက်မှ (၁၅)ရက်အတွင်း ထုတ်ပြန်ချက်များအရ ပြည်တွင်း၌ ကိုဗစ်ရောဂါကူးစက်ခံရသူ (၉၇၄)ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ပြီးခဲ့သည့် (ဇွန်လ ၁၅ ရက်) ထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြုလူနာ (၇၁)ဦးရှိခဲ့ပြီး ရာဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် (၁ ဒသမ ဝ၆)ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်မေလ (၁)ရက်မှ (၁၅)ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ (၂၄၄၄)ဦးရှိခဲ့ရာ ယခုလတွင် ကိုဗစ်ရောဂါဖြစ်ပွားသူ (၁၅ဝဝ)နီးပါးကျဆင်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB 1.16(Arcturus) ကူးစက်မှုနှုန်းသည် ယခင်ဗီဇပြောင်းပိုးများထက် (၁ ဒသမ ၂၇)ဆအထိ ပိုမိုမြန်ဆန်ကြောင်း သိရသည်။

ထို့ကြောင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ ဇြန္လအတြင္း ကိုဗစ္ေရာဂါ ကူးစက္ခံရသူ (၁ဝဝဝ)နီးပါးေတြ႕ရွိ

ေစာ (NP News) - ဇြန္ ၁၈

ျမန္မာႏိုင္ငံ၌ ဇြန္လအတြင္း ကိုဗစ္ေရာဂါကူးစက္ျဖစ္ပြားသူ (၁ဝဝဝ)နီးပါးေတြ႕ရွိခဲ့ၿပီး ၿပီးခဲ့သည့္ လႏွင့္ႏႈိင္းယွဥ္ပါက ကိုဗစ္ေရာဂါကူးစက္ႏႈန္းက်ဆင္းခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ ဇြန္လ (၁)ရက္မွ (၁၅)ရက္အတြင္း ထုတ္ျပန္ခ်က္မ်ားအရ ျပည္တြင္း၌ ကိုဗစ္ေရာဂါကူးစက္ခံရသူ (၉၇၄)ဦးရွိခဲ့ၿပီး ေသဆုံးသူမရွိခဲ့ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ ၿပီးခဲ့သည့္ (ဇြန္လ ၁၅ ရက္) ထုတ္ျပန္ခ်က္တြင္ ကိုဗစ္အတည္ျပဳလူနာ (၇၁)ဦးရွိခဲ့ၿပီး ရာဂါပိုးေတြ႕ရွိမႈရာခိုင္ႏႈန္းသည္ (၁ ဒသမ ဝ၆)ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ေမလ (၁)ရက္မွ (၁၅)ရက္အထိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္အတည္ျပဳလူနာ (၂၄၄၄)ဦးရွိခဲ့ရာ ယခုလတြင္ ကိုဗစ္ေရာဂါျဖစ္ပြားသူ (၁၅ဝဝ)နီးပါးက်ဆင္းခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ကိုဗစ္(၁၉)မ်ိဳး႐ိုးဗီဇေျပာင္း ေရာဂါပိုး XBB 1.16(Arcturus) ကူးစက္မႈႏႈန္းသည္ ယခင္ဗီဇေျပာင္းပိုးမ်ားထက္ (၁ ဒသမ ၂၇)ဆအထိ ပိုမိုျမန္ဆန္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထပ္ေဆာင္းကာကြယ္ေဆး ထိုးႏွံျခင္းျဖင့္ ေရာဂါကူးစက္မႈ၊ ေရာဂါျပင္းထန္မႈႏွင့္ ေသဆုံးမႈတို႔ကို ေလွ်ာ့ခ်ႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.