နွားထိုးကြီးမြို့နယ်၌ PDF အဖွဲ့က ရာအိမ်မှူးအပါအဝင် အရပ်သား(၂)ဦးအား သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွား

 534

သန့်ဇင် (NP News) - ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အဖွဲ့က ရာအိမ်မှူးအပါအဝင် အရပ်သား(၂)ဦးအား သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျဉ်းကန်ကျေးရွာအနီး၊ နွားထိုးကြီး-မလှိုင်ကားလမ်း၊ မကျဉ်းကန်ကျေးရွာလမ်းဆုံ၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသား(၂)ဦးသည် သုံးတောင်ကျေးရွာမှ မကျဉ်းကန်ကျေးရွာသို့ ထော်လာဂျီဖြင့် ထွက်လာစဉ် အဆိုပါလမ်းဆုံအရောက်၌ PDF အဖွဲ့ အင်အား(၈)ဦးခန့်က သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် သုံးတောင်ကျေးရွာနေသူများဖြစ်သည့် ရာအိမ်မှူး ဦးဌေးလှိုင်(၅၅)နှစ် နှင့် ဦးမောင်ညို(၆၉)နှစ်တို့သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

လက်ရှိတွင် အထက်ပါဖြစ်စဉ်၌ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။

zawgyi version
ႏြားထိုးႀကီးၿမိဳ႕နယ္၌ PDF အဖြဲ႕က ရာအိမ္မႉးအပါအဝင္ အရပ္သား(၂)ဦးအား ေသနတ္ျဖင့္ပစ္သတ္မႈျဖစ္ပြား

သန႔္ဇင္ (NP News) - ဇြန္ ၁၈

မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕နယ္၌ PDF အဖြဲ႕က ရာအိမ္မႉးအပါအဝင္ အရပ္သား(၂)ဦးအား ေသနတ္ျဖင့္ ပစ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္လ(၁၆)ရက္၊ မြန္းလြဲ(၁)နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ မက်ဥ္းကန္ေက်း႐ြာအနီး၊ ႏြားထိုးႀကီး-မလႈိင္ကားလမ္း၊ မက်ဥ္းကန္ေက်း႐ြာလမ္းဆုံ၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ေသဆုံးသူအမ်ိဳးသား(၂)ဦးသည္ သုံးေတာင္ေက်း႐ြာမွ မက်ဥ္းကန္ေက်း႐ြာသို႔ ေထာ္လာဂ်ီျဖင့္ ထြက္လာစဥ္ အဆိုပါလမ္းဆုံအေရာက္၌ PDF အဖြဲ႕ အင္အား(၈)ဦးခန႔္က ေသနတ္ျဖင့္ပစ္ခတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္မႈေၾကာင့္ သုံးေတာင္ေက်း႐ြာေနသူမ်ားျဖစ္သည့္ ရာအိမ္မႉး ဦးေဌးလႈိင္(၅၅)ႏွစ္ ႏွင့္ ဦးေမာင္ညိဳ(၆၉)ႏွစ္တို႔သည္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

လက္ရွိတြင္ အထက္ပါျဖစ္စဥ္၌ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမ်ားအား ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.