ရန်ကုန်ပညာရေးတက္ကသိုလ်၌ ရှေးဦးကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဘွဲ့လွန် ဒီပလိုမာ သင်တန်းဖွင့်လှစ်မည်

 810

စော (NP News)- ဇွန် ၁၈

ရန်ကုန်ပညာရေးတက္ကသိုလ်၌ ရှေးဦးကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဘွဲ့လွန် ဒီပလိုမာသင်တန်းနှင့် ပညာရေးဒီပလိုမာသင်တန်းများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ သင်တန်းရေးဌာနမှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရန်လိုပြီး အသက်ကန့်သတ်ချက်မရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ရှေးဦးကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဘွဲ့လွန် ဒီပလိုမာသင်တန်းအတွက် ပညာသင်ယူကြားမည့် ကာလသည် (၁ဝ)လဖြစ်ပြီး ပညာရေး ဒီပလိုမာသင်တန်းအတွက် (၉)လကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ဝင်ခွင့်စာမေးပွဲလျှောက်လွှာများကို ဇွန်လ (၂ဝ)ရက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ရေဖြေစာမေးပွဲများကို ရှေးဦးကလေးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဘွဲ့လွန် ဒီပလိုမာ သင်တန်းအတွက် ဇူလိုင်လ (၁၃)ရက်တွင်လည်းကောင်း၊ ပညာရေး ဒီပလိုမာသင်တန်းအတွက် ဇူလိုင်လ (၁ဝ)ရက်တွင်လည်းကောင်း ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ဇူလိုင်လ(၇)ရက်နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး သင်တန်းစတင်ဖွင့်လှစ်မည့်ရက်သည် ဩဂုတ်လ(၂)ရက်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

zawgyi version
ရန္ကုန္ပညာေရးတကၠသိုလ္၌ ေရွးဦးကေလးျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာဘြဲ႕လြန္ ဒီပလိုမာ သင္တန္းဖြင့္လွစ္မည္

ေစာ (NP News)- ဇြန္ ၁၈

ရန္ကုန္ပညာေရးတကၠသိုလ္၌ ေရွးဦးကေလးျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာဘြဲ႕လြန္ ဒီပလိုမာသင္တန္းႏွင့္ ပညာေရးဒီပလိုမာသင္တန္းမ်ားဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ပညာေရးတကၠသိုလ္ရွိ သင္တန္းေရးဌာနမွ ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိသူျဖစ္ရန္လိုၿပီး အသက္ကန႔္သတ္ခ်က္မရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ေရွးဦးကေလးျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာဘြဲ႕လြန္ ဒီပလိုမာသင္တန္းအတြက္ ပညာသင္ယူၾကားမည့္ ကာလသည္ (၁ဝ)လျဖစ္ၿပီး ပညာေရး ဒီပလိုမာသင္တန္းအတြက္ (၉)လၾကာျမင့္မည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ ဝင္ခြင့္စာေမးပြဲေလွ်ာက္လႊာမ်ားကို ဇြန္လ (၂ဝ)ရက္တြင္ ရန္ကုန္ပညာေရးတကၠသိုလ္၌ စတင္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ေရေျဖစာေမးပြဲမ်ားကို ေရွးဦးကေလးျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာဘြဲ႕လြန္ ဒီပလိုမာ သင္တန္းအတြက္ ဇူလိုင္လ (၁၃)ရက္တြင္လည္းေကာင္း၊ ပညာေရး ဒီပလိုမာသင္တန္းအတြက္ ဇူလိုင္လ (၁ဝ)ရက္တြင္လည္းေကာင္း ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို ဇူလိုင္လ(၇)ရက္ေနာက္ဆုံးထား ေပးပို႔ရမည္ျဖစ္ၿပီး သင္တန္းစတင္ဖြင့္လွစ္မည့္ရက္သည္ ဩဂုတ္လ(၂)ရက္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

Related news

© 2021. All rights reserved.