အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ အချိန်မီစေလွှတ်ခြင်းမရှိသည့် အကျိုးဆောင်အေဂျင်စီများကို လိုင်စင်ရုတ်သိမ်းမည်ဟု သတိပေး

 1477

ယွန်း (NP News) - ဇွန် ၁၈

ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ပြီးသည့် အလုပ်သမားများအား အကြောင်းပြချက်မရှိဘဲ ပြည်ပနိုင်ငံများသို့ အချိန်မီစေလွှတ်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရုတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်က အထက် ပါကဲ့သို့ သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် ပြည်ပသို့စေလွှတ်မည့် အလုပ် သမားများအတွက် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ကို Demand Letter ၊ တက်ရောက်မည့်လူစာရင်း၊ နိုင်ငံကူးလက်မှတ်နှင့်အတူ MOEAF သို့တင်ပြကာ အလုပ်သမားများအား သင်တန်းတက်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

သို့သော် အချို့သောအေဂျင်စီများသည် Demand Letter အတုများဖြင့် လုပ်သားများစုဆောင်းခြင်း၊ လမ်းညွှန်သင်တန်းများ တက်ရောက်စေခြင်းများ ပြုလုပ်ကာ ငွေများကိုကြိုတင်‌ကောက်ခံပြီး အချိန်ကာလကြာမြင့်သည်တိုင် အလုပ်သမားများအား ပြည်ပသို့စေလွှတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုပ်သားများမှ စာရွက်စာတမ်းများနှင့် ဝန်ဆောင်ခများကို ပြန်လည်တောင်းခံရာတွင် မရရှိခြင်းကြောင့် အခက်အခဲများဖြင့် ကြုံတွေနေရပြီး တိုင်ကြားမှုများ ဖြစ်ပေါ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ လာမည့်ဇွန်လ (၂၆)ရက်မှစ၍ ထိုင်းနိုင်ငံမှအပ သက်ဆိုင်ရာနိုင်ငံများသို့စေလွှတ်မည့် အလုပ် သမားများအတွက် အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ်ချုပ်ဆိုရာတွင် အေဂျင်စီနှင့် အလုပ်သမားများသည် နီးစပ်ရာအလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့သွား၍ အလုပ်သမားတစ်ဦးချင်း စာချုပ်ချုပ်ဆိုရမည်ဟု ဝန်ကြီးဌာနကဆိုသည်။

ထိုသို့ စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားသံအရာရှိ ထောက်ခံပြီးသည့် Demand Letter များနှင့် သက်ဆိုင်ရာမြန်မာသံရုံးမှ မှန်ကန်ကြောင်း စိစစ်ပြန်ကြားသည့် Demand Letter များအတွက် ဦးစီးဌာနမှ ခွင့်ပြုသည့်စာရရှိမှသာ သဘောတူစာချုပ်ချုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သက်ဆိုင်ရာနိုင်ငံအလိုက် စေလွှတ်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခြင်းအား ဇူလိုင်လ(၃)ရက်မှစ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ခွင့်ကိုလည်း ယခင်အတိုင်း သင်တန်းတစ်ပတ်စဥ်တွင် ရန်ကုန်မြို့အတွက် လူဦးရေ(၄၄ဝ)ဦး၊ မန္တလေးမြို့အတွက် လူဦးရေ(၄၄ဝ)ဦး လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ စေလွှတ်မည့် အလုပ်သမားများအတွက် အလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်စေပြီး ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ အချိန်မီစေလွှတ်နိုင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရုတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သတိပေးထားသည်။

zawgyi version
အလုပ္သမားမ်ားအား ျပည္ပႏိုင္ငံမ်ားသို႔ အခ်ိန္မီေစလႊတ္ျခင္းမရွိသည့္ အက်ိဳးေဆာင္ေအဂ်င္စီမ်ားကို လိုင္စင္႐ုတ္သိမ္းမည္ဟု သတိေပး

ယြန္း (NP News) - ဇြန္ ၁၈

ျပည္ပအလုပ္အကိုင္လမ္းၫႊန္သင္တန္း တက္ေရာက္ၿပီးသည့္ အလုပ္သမားမ်ားအား အေၾကာင္းျပခ်က္မရွိဘဲ ျပည္ပႏိုင္ငံမ်ားသို႔ အခ်ိန္မီေစလႊတ္ျခင္းမရွိပါက ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္႐ုတ္သိမ္းသည္အထိ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားဝန္ႀကီးဌာန၊ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွ ၿပီးခဲ့သည့္ ဇြန္လ(၁၅)ရက္က အထက္ ပါကဲ့သို႔ သတိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီမ်ားအေနျဖင့္ ျပည္ပသို႔ေစလႊတ္မည့္ အလုပ္ သမားမ်ားအတြက္ လမ္းၫႊန္သင္တန္း တက္ေရာက္ခြင့္ကို Demand Letter ၊ တက္ေရာက္မည့္လူစာရင္း၊ ႏိုင္ငံကူးလက္မွတ္ႏွင့္အတူ MOEAF သို႔တင္ျပကာ အလုပ္သမားမ်ားအား သင္တန္းတက္ေရာက္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ အခ်ိဳ႕ေသာေအဂ်င္စီမ်ားသည္ Demand Letter အတုမ်ားျဖင့္ လုပ္သားမ်ားစုေဆာင္းျခင္း၊ လမ္းၫႊန္သင္တန္းမ်ား တက္ေရာက္ေစျခင္းမ်ား ျပဳလုပ္ကာ ေငြမ်ားကိုႀကိဳတင္‌ေကာက္ခံၿပီး အခ်ိန္ကာလၾကာျမင့္သည္တိုင္ အလုပ္သမားမ်ားအား ျပည္ပသို႔ေစလႊတ္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုပ္သားမ်ားမွ စာ႐ြက္စာတမ္းမ်ားႏွင့္ ဝန္ေဆာင္ခမ်ားကို ျပန္လည္ေတာင္းခံရာတြင္ မရရွိျခင္းေၾကာင့္ အခက္အခဲမ်ားျဖင့္ ႀကဳံေတြေနရၿပီး တိုင္ၾကားမႈမ်ား ျဖစ္ေပၚေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

သို႔ျဖစ္၍ လာမည့္ဇြန္လ (၂၆)ရက္မွစ၍ ထိုင္းႏိုင္ငံမွအပ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ေစလႊတ္မည့္ အလုပ္ သမားမ်ားအတြက္ အလုပ္ရွင္ အလုပ္သမားသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ ေအဂ်င္စီႏွင့္ အလုပ္သမားမ်ားသည္ နီးစပ္ရာအလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနသို႔သြား၍ အလုပ္သမားတစ္ဦးခ်င္း စာခ်ဳပ္ခ်ဳပ္ဆိုရမည္ဟု ဝန္ႀကီးဌာနကဆိုသည္။

ထိုသို႔ စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ အလုပ္သမားသံအရာရွိ ေထာက္ခံၿပီးသည့္ Demand Letter မ်ားႏွင့္ သက္ဆိုင္ရာျမန္မာသံ႐ုံးမွ မွန္ကန္ေၾကာင္း စိစစ္ျပန္ၾကားသည့္ Demand Letter မ်ားအတြက္ ဦးစီးဌာနမွ ခြင့္ျပဳသည့္စာရရွိမွသာ သေဘာတူစာခ်ဳပ္ခ်ဳပ္ရန္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ သက္ဆိုင္ရာႏိုင္ငံအလိုက္ ေစလႊတ္မည့္ အလုပ္သမားမ်ားအတြက္ ျပည္ပအလုပ္အကိုင္လမ္းၫႊန္သင္တန္းတက္ေရာက္ျခင္းအား ဇူလိုင္လ(၃)ရက္မွစ၍ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္ခြင့္ကိုလည္း ယခင္အတိုင္း သင္တန္းတစ္ပတ္စဥ္တြင္ ရန္ကုန္ၿမိဳ႕အတြက္ လူဦးေရ(၄၄ဝ)ဦး၊ မႏၲေလးၿမိဳ႕အတြက္ လူဦးေရ(၄၄ဝ)ဦး လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီမ်ားအေနျဖင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ေစလႊတ္မည့္ အလုပ္သမားမ်ားအတြက္ အလုပ္အကိုင္လမ္းၫႊန္သင္တန္း တက္ေရာက္ေစၿပီး ခိုင္လုံသည့္ အေၾကာင္းျပခ်က္မရွိဘဲ အခ်ိန္မီေစလႊတ္ႏိုင္ျခင္းမရွိပါက ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္႐ုတ္သိမ္းသည္အထိ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနမွ သတိေပးထားသည္။

Related news

© 2021. All rights reserved.