တွံတေးမြို့ပြပြောက်ကျားအဖွဲ့က ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်နှင့် ဓါးပြတိုက်မှု (၃)ကြိမ် ကျူးလွန်ထားမှုများကို နစက ထုတ်ဖော်

 1208

NP News - ဇွန် ၂၁

တွံတေးမြို့ပြပြောက်ကျားအဖွဲ့က ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်နှင့် ဓါးပြတိုက်မှု (၃)ကြိမ် ကျူးလွန်ထားသောအခြေအနေများကို နစကမှ ထုတ်ဖော်အသိပေးလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့(ဇွန်လ ၂ဝ ရက်) ညပိုင်းတွင် အထက်ပါကဲ့ ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြတ်မောင်စိန်ရွှေရတနာဆိုင်အား ဓါးပြတိုက်မှုတွင် ပူးပေါင်းပါဝင်သူ (၉)ဦးဖြစ်သော ကိုကိုအောင်၊ ပပလှိုင်၊ ကောင်းထက်စံ၊ ကျော်ဇင်လတ်၊ ကောင်းမြတ်၊ ဖြိုးကိုကို၊ ကျော်ဇင်ဝေ၊ စောဂျိုးဇက်နှင့် ထွန်းထွန်းနိုင်တို့ကို ဖမ်းဆီးရမိထားကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

၎င်းဓါးပြတိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးရမိခဲ့သော ဖြိုးကိုကိုသည် ပြီးခဲ့သော ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ၌ KNLA တပ်မဟာ (၆)နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းကို တက်ရောက်ခဲ့သူဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်ဟု နစကမှ ဆိုသည်။

ထို့ပြင် ဓါးပြတိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးရမိခဲ့သော ကိုကိုအောင်၊ ကောင်းမြတ်၊ ကျော်ဇင်ဝေနှင့် ကောင်းထက်စံတို့ (၄) ဦးသည်လည်း ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဂယက်လက်မီးကျေးရွာ၌ တွံ့တေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့က ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်းကို တက်ရောက်ခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် တွံတေးမြို့ပြပြောက်ကျားအဖွဲ့ကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ၌ ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင်တို့မှ ခေါင်းဆောင်ကာ အထက်ပါဓါးပြတိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့သော ကိုကိုအောင်၊ ဖြိုးကိုကို၊ ကောင်းမြတ်၊ ကျော်ဇင်ဝေ၊ ကျော်ဇင်လတ်၊ ကောင်းထက်ခံတို့အပါအဝင် (၂၅)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် ဓါးပြတိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးရမိခဲ့သော လက်နက်ခဲယမ်းအများအပြားကို ပြောက်ကျားအဖွဲ့ခေါင်းဆောင် ဆံရှည်(ခ)ကိုထက်၏ ချိတ်ဆက်ပေးမှုဖြင့် ဖြိုးကိုကိုက တွံ့တေးမြို့နယ်၊ ညောင်တံခါးကျေးရွာအနီးတွင် ချမ်းမြေ့ထံမှ နှစ်ကြိမ်ခွဲကာ သွားရောက်ယူခဲ့ပြီး ၎င်းလက်နက်ခဲယမ်းများအား တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဖြစ် ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ပြောက်ကျားအဖွဲ့ခေါင်းဆောင် ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင်တို့၏ ခိုင်းစေမှုများအရ တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်၊ ဓါးပြတိုက်မှု (၃)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရသည်ဟု နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါပြောက်ကျားအဖွဲ့သည် ရန်ကုန်မြို့နှင့် တွံတေးမြို့နယ်၌ အုပ်ချုပ်ရေးမှူးများအပါအဝင် အပြစ်မဲ့ပြည်သူ (၂၃)ဦး ထက်မနည်းကို ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများ ကျူးလွန်းထားကြောင်း နစကမှ ဖော်ထုတ်ထားသည်။

ထို့ပြင် ၎င်းအဖွဲ့သည် ရန်ကုန်မြို့ရှိ မြတ်မောင်စိန်ရွှေရတနာဆိုင်အပါအဝင် တွံတေးမြို့နယ်၊ ကျေးရွာ(၂) ခုရှိ လူနေအိမ်နှစ်လုံးတွင်လည်း ဓါးပြတိုက်လုယက်မှုများ ကျူးလွန်းထားကြောင်း နစကမှ ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသူများကို ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု နစကမှ အသိပေးထုတ်ပြန်ထားသည်။

သို့သော် တွံတေးမြို့ပြပြောက်ကျားအဖွဲ့မှ ခေါင်းဆောင်(၂)ဦးဖြစ်သည့် ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင်တို့အား လက်ရှိတွင် ဖမ်းဆီးရမိရန်ကျန်နေသေးကြောင်းလည်း နစကမှ အသိပေးထားသည်။

zawgyi version
နိုင်ငံပိုင်ဘဏ်(၂)ခုကို ပိတ်ဆို့ကန့်သတ်ခြင်းသည် ငွေကြေးဆုံးရှုံးမှုမဖြစ်စေဘဲ ပါတီစုံဒီမိုကရေစီစနစ်ကိုသာ နှောင့်နှေးကြန့်ကြာမှုဖြစ်စေနိုင်ကြောင်း နစကပြောခွင့်ရပြော
ရဲပြည့် (NP News) - ဇွန် ၂၁

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံပိုင်ဘဏ်(၂)ခုကို ပိတ်ဆို့ကန့်သတ်ခြင်းသည် ငွေကြေးဆုံးရှုံးမှုမဖြစ်စေဘဲ ပါတီစုံဒီမိုကရေစီစနစ်ကိုသာ နှောင့်နှေးကြန့်ကြာမှုဖြစ်စေနိုင်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်း၌ထည့်မည်ဟု ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်နေမှုသတင်းများနှင့်ပတ်သက်ပြီး ဇွန်လ ၂ဝ ရက်က ယခုကဲ့သို့ တုံ့ပြန်ထားခြင်းဖြစ်သည်။

"နိုင်ငံပိုင်ဘဏ်တွေမှာ ဘဏ်လုပ်ငန်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျမှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျက်ရှိတယ်။ ဒီဘဏ်တွေ အနေနဲ့ကတော့ အမေရိကန်အခြေစိုက်တဲ့ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်ဆောင်ရွက်နေတာမရှိဘူး။ မရှိတဲ့အတွက်ကြောင့် နံပါတ်တစ် ငွေကြေးဆုံး ရှုံးမှုမရှိနိုင်ဘူး။ နိုင်ငံခြားငွေနဲ့ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုတွေကို စနစ်တကျဆက်လက် ဆောင် ရွက်သွားပါမယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်နေသည့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများအား ဘဏ်တစ်ဘဏ်တည်းမှ ဆောင် ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များနှင့် ဘဏ်ခွဲများမှဆောင်ရွက်ပေးနေခြင်းကြောင့် ပူပန်စရာမလိုကြောင်း ၎င်းမှဆက်လက်ပြောသည်။

"အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ကျွန်တော်တို့ဆောင်ရွက်ခြင်းဟာ စီးပွားရေးအရ၊ နိုင်ငံရေးအရအကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်၊ဒီလိုမျိုးလုပ်တာဟာ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေလိုလားနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့နေရာမှာ မလိုလားအပ်တဲ့နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေနိုင်တယ်" နစကပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကထည့်သွင်းပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၁ မှာပါတဲ့အတိုင်း လွတ်လပ်တက်ကြွပြီးဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့ကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

Picture

L Mone

21/06/2023 19:19

ဘာသာတရား...ပွတ်တိုက်မှူ့မှသည်....လူမျိူးရေးပါနေတာ...ပါ...လူတွေက...မှိူင်းမိသွားတာပါ..တရုတ်..အမေရိကန်..အားပြိုင်မှူ့က အဂ်လိပ်တွေကြောင့်ဖြစ်ရတာဖြစ်သလို...ဂျပန်ကလည်း...တရုတ်..အမေရိကန်..ပြဿနာကို..တွန်းပို့နေကြတာဖြစ်၏။ကိုလိုနီဖက်ဆစ် ဂျပန်ကို..တရုတ်တို့လက်စားချေလိုခြင်း....ပြိုင်ဆိုင်ခြင်း ဇာတ်လမ်းတွေက နေ စကြသလို...။အဂ်လန်တွေ ကမ္ဘာပတ်ပြီး..လုပ်ချင်ရာ.. လုပ်ရာကနေ...စခဲ့ကြတာပဲ ဖြစ်ကြပါ၏။အဂ်လန်က အမေရိကန်ကို ရှေ့တန်းတင်ပေးလိုက်တာပီး..ကမ္ဘာကြီးကို ချူပ်ကိုင်ခဲ့တာပဲ ဖြစ်ပါ၏။အမေရိကန်ဟာ..သားကြီးအရင်းဖြစ်ပါတယ်. ဗြီတိန်...ဓနသဟာရထဲမှာတောင်....ပါနေသလား...ထင်ပါတယ်..။ မြန်မာတွေ အားလုံး...ကမ္ဘာ့သမိုင်းသင်ကြားကြသင့်ပါ၏။

Related news

© 2021. All rights reserved.