နိုင်ငံပိုင်ဘဏ် ပိတ်ဆို့ခံရပါက စိုးရိမ်စရာမရှိကြောင်းနှင့် နိုင်ငံခြားသုံးငွေ လွှဲပြောင်း၊ ပေးပို့မှုကိစ္စရပ်များကို အဆင်ပြေစေရေး ဆောင်ရွက်ပေးမည်ဟုဆို

 6525

မျိုးကြီး (NP News) - ဇွန် ၂၁

နိုင်ငံပိုင်ဘဏ် ပိတ်ဆို့ခံရပါက စိုးရိမ်စရာမရှိကြောင်းနှင့် နိုင်ငံခြားသုံးငွေ လွှဲပြောင်း၊ ပေးပို့မှုကိစ္စရပ်များကို အဆင်ပြေစေရေး ဆောင်ရွက်ပေးမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နေ့(ဇွန်လ ၂ဝ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ယမန့်နေ (ဇွန်လ ၂ဝ ရက်)မှစ၍ နိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်း၌ ထည့်သွင်းသတ်မှတ်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံပိုင်ဘဏ်များအနေဖြင့် အမေရိကန်အခြေစိုက်ဘဏ်များနှင့် ဘဏ်ခွဲများတွင် နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှုဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သောကာလများတွင်လည်း အလားတူအရေးယူပိတ်ဆို့မှုများ တွေ့ကြုံခဲ့ရသော်လည်း နိုင်ငံပိုင်ဘဏ်များသည် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးရပ်တန့်မှုမရှိဘဲ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံကြည်စွာဖြင့် ဆက်လက်ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟုလည်း အသိပေးထားသည်။

လက်ရှိတွင် နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို နိုင်ငံပိုင်ဘဏ်(၂)ဘဏ်တည်းကသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများကလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နိုင်ငံခြားသုံးငွေတွေ လွှဲပြောင်းတာ၊ ပေးပို့တာလက်ခံတဲ့ကိစ္စတွေ၊ ပို့ကုန်သွင်းကုန်ကိစ္စတွေ၊ အလုပ်သမား၊ သင်္ဘော သားလုပ်ခလစာလွှဲပို့ခြင်းကိစ္စရပ်များကို အဆင်ပြေအောင် ဆက်လက်ဆောင်ရွက်ပေးသွားမယ်။ ပူပန်စရာမလိုဘူးလို့ပဲ ပြောလိုပါတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အသိပေးပြောဆိုထားသည်။

ထို့ကြောင့် ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်အညီ နိုင်ငံခြားသုံးငွေ လွှဲပြောင်း၊ ပေးပို့၊ လက်ခံသည့်ကိစ္စရပ်များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခလစာများလွှဲပို့ခြင်းကိစ္စရပ်များအတွက် အဆင်ပြေစေရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ဝန်ကြီးဌာနက ကြေညာထားသည်။

zawgyi version
ႏိုင္ငံပိုင္ဘဏ္ ပိတ္ဆို႔ခံရပါက စိုးရိမ္စရာမရွိေၾကာင္းႏွင့္ ႏိုင္ငံျခားသုံးေငြ လႊဲေျပာင္း၊ ေပးပို႔မႈကိစၥရပ္မ်ားကို အဆင္ေျပေစေရး ေဆာင္႐ြက္ေပးမည္ဟုဆို

မ်ိဳးႀကီး (NP News) - ဇြန္ ၂၁

ႏိုင္ငံပိုင္ဘဏ္ ပိတ္ဆို႔ခံရပါက စိုးရိမ္စရာမရွိေၾကာင္းႏွင့္ ႏိုင္ငံျခားသုံးေငြ လႊဲေျပာင္း၊ ေပးပို႔မႈကိစၥရပ္မ်ားကို အဆင္ေျပေစေရး ေဆာင္႐ြက္ေပးမည္ဟု စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက အသိေပးထားသည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ယမန္ေန႔(ဇြန္လ ၂ဝ ရက္) ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အေမရိကန္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအေပၚ တစ္ဖက္သတ္စီးပြားေရးပိတ္ဆို႔မႈမ်ား တိုးျမႇင့္ခ်မွတ္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ဆိုထားသည္။

ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာတြင္ ယမန႔္ေန (ဇြန္လ ၂ဝ ရက္)မွစ၍ ႏိုင္ငံပိုင္ဘဏ္မ်ားျဖစ္သည့္ ျမန္မာ့ႏိုင္ငံျခားကုန္သြယ္မႈဘဏ္ ႏွင့္ ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကူးသန္းေရာင္းဝယ္ေရးဘဏ္တို႔ကို အေမရိကန္က စီးပြားေရးပိတ္ဆို႔ကန႔္သတ္မႈစာရင္း၌ ထည့္သြင္းသတ္မွတ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္ဟု ဝန္ႀကီးဌာနက ဆိုသည္။

ႏိုင္ငံပိုင္ဘဏ္မ်ားအေနျဖင့္ အေမရိကန္အေျခစိုက္ဘဏ္မ်ားႏွင့္ ဘဏ္ခြဲမ်ားတြင္ ႏိုင္ငံပိုင္ဘဏ္မ်ား၏ ႏိုင္ငံျခားေငြစာရင္းမ်ား ဖြင့္လွစ္ေဆာင္႐ြက္ေနျခင္းမရွိေၾကာင္း ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ေငြေၾကးဆုံးရႈံးမႈ မရွိႏိုင္ဘဲ ႏိုင္ငံျခားေငြႏွင့္ ကုန္သြယ္ေငြေပးေခ်မႈဝန္ေဆာင္မႈမ်ားကို စနစ္တက် ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ဆိုထားသည္။

ထို႔ျပင္ ၿပီးခဲ့ေသာကာလမ်ားတြင္လည္း အလားတူအေရးယူပိတ္ဆို႔မႈမ်ား ေတြ႕ႀကဳံခဲ့ရေသာ္လည္း ႏိုင္ငံပိုင္ဘဏ္မ်ားသည္ ႏိုင္ငံျခားဘဏ္ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ေႏွာင့္ေႏွးရပ္တန႔္မႈမရွိဘဲ စနစ္တက်ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ဘဏ္ႏွင့္ဆက္သြယ္ေဆာင္႐ြက္သည့္ မိဘျပည္သူမ်ားအေနျဖင့္ စိုးရိမ္ေၾကာင့္ၾကပူပန္ျခင္းမရွိဘဲ ယုံၾကည္စြာျဖင့္ ဆက္လက္ဆက္သြယ္ေဆာင္႐ြက္ႏိုင္သည္ဟုလည္း အသိေပးထားသည္။

လက္ရွိတြင္ ႏိုင္ငံျခားဘဏ္လုပ္ငန္းဝန္ေဆာင္မႈကို ႏိုင္ငံပိုင္ဘဏ္(၂)ဘဏ္တည္းကသာ ေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ျပည္တြင္းပုဂၢလိကဘဏ္မ်ား၊ ႏိုင္ငံျခားဘဏ္မ်ား၏ ဘဏ္ခြဲမ်ားကလည္း ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

“ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီတို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္တို႔က သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ႏိုင္ငံျခားသုံးေငြေတြ လႊဲေျပာင္းတာ၊ ေပးပို႔တာလက္ခံတဲ့ကိစၥေတြ၊ ပို႔ကုန္သြင္းကုန္ကိစၥေတြ၊ အလုပ္သမား၊ သေဘၤာ သားလုပ္ခလစာလႊဲပို႔ျခင္းကိစၥရပ္မ်ားကို အဆင္ေျပေအာင္ ဆက္လက္ေဆာင္႐ြက္ေပးသြားမယ္။ ပူပန္စရာမလိုဘူးလို႔ပဲ ေျပာလိုပါတယ္”ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း အသိေပးေျပာဆိုထားသည္။

ထို႔ေၾကာင့္ ဗဟိုဘဏ္၏ စည္းမ်ဥ္းမ်ားႏွင့္အညီ ႏိုင္ငံျခားသုံးေငြ လႊဲေျပာင္း၊ ေပးပို႔၊ လက္ခံသည့္ကိစၥရပ္မ်ား၊ ပို႔ကုန္သြင္းကုန္လုပ္ငန္းမ်ား၊ အလုပ္သမား၊ သေဘၤာသားလုပ္ခလစာမ်ားလႊဲပို႔ျခင္းကိစၥရပ္မ်ားအတြက္ အဆင္ေျပေစေရး ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ဟု ဝန္ႀကီးဌာနက ေၾကညာထားသည္။

Related news

© 2021. All rights reserved.