ကလေးမြို့နယ်၌ ငွေကျပ်သိန်း(၃ဝဝဝ)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 604

သန့်ဇင် (NP News) - ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ ငွေကျပ်သိန်း(၃ဝဝဝ)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ (ဇွန်လ ၂ဝ ရက်)၊ ညနေ ၃နာရီခွဲအချိန်တွင် သတင်းအရ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ စံပယ်လမ်း၌ အောင်လှိုင်သန်း(ခ)ဖိုးလုံး(၄၅)နှစ်အား ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေခဲ့ရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား(၂ဝဝဝ)၊ ကာလတန်ဖိုးအားဖြင့် ငွေကျပ်သိန်း(၅ဝ)ခန့်နှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကွင်းဆက်စစ်ဆေးချက်အရ ညနေ ၃နာရီ ၄ဝ မိနစ်အချိန်အတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချသူ ကံ့ကော်ဦး(၂၈)နှစ်အား ၎င်းနေထိုင်သည့် စံပယ်လမ်းရှိနေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ကံ့ကော်ဦး၏ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၅ဝဝဝဝ) ခန့်၊ ကာလတန်ဖိုးငွေကျပ်သိန်း(၃ဝဝဝ)နှင့် လက်ကိုင်ဖုန်း(၁)လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့(၂)ဦးအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ကေလးၿမိဳ႕နယ္၌ ေငြက်ပ္သိန္း(၃ဝဝဝ)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

သန႔္ဇင္ (NP News) - ဇြန္ ၂၁

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္၌ ေငြက်ပ္သိန္း(၃ဝဝဝ)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ယမန္ေန႔ (ဇြန္လ ၂ဝ ရက္)၊ ညေန ၃နာရီခြဲအခ်ိန္တြင္ သတင္းအရ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္၊ စံပယ္လမ္း၌ ေအာင္လႈိင္သန္း(ခ)ဖိုးလုံး(၄၅)ႏွစ္အား ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြခဲ့ရာ ၎ထံမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၂ဝဝဝ)၊ ကာလတန္ဖိုးအားျဖင့္ ေငြက်ပ္သိန္း(၅ဝ)ခန႔္ႏွင့္ လက္ကိုင္ဖုန္း(၁)လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ကြင္းဆက္စစ္ေဆးခ်က္အရ ညေန ၃နာရီ ၄ဝ မိနစ္အခ်ိန္အတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ေရာင္းခ်သူ ကံ့ေကာ္ဦး(၂၈)ႏွစ္အား ၎ေနထိုင္သည့္ စံပယ္လမ္းရွိေနအိမ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ကံ့ေကာ္ဦး၏ ေနအိမ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၅ဝဝဝဝ) ခန႔္၊ ကာလတန္ဖိုးေငြက်ပ္သိန္း(၃ဝဝဝ)ႏွင့္ လက္ကိုင္ဖုန္း(၁)လုံးတို႔ကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔(၂)ဦးအား ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.