ဗီယက်နမ်ရောက် မြန်မာနိုင်ငံသားများနှင့် စီးပွားရေးကုမ္ပဏီများက မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ထောက်ပံ့ငွေများလှူဒါန်း

 474

ရဲပြည့် (NP News) - ဇွန် ၂၁

ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် စီးပွားရေးကုမ္ပဏီများက “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံရုံး၊ ဟနွိုင်းမြို့အနေဖြင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုချီမင်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာ-ဗီယက်နမ်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံနှင့်တွဲဖက်၍ စီမံကိန်းများ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းကုမ္ပဏီများသို့ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများထံသို့ လည်းကောင်း၊ တရားဝင်စာများပေးပို့ခြင်း၊ မြန်မာသံရုံး Social Media များမှလည်း ကြော်ငြာခြင်းတို့ဖြင့် အလှူငွေနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေး အပ်ရေးအတွက် မေတ္တာရပ်ခံအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

ယင်းသို့ မေတ္တာရပ်ခံခဲ့သည့်အတွက် “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများတို့မှ ပေးပို့လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာ (၄,၃၃၆) နှင့် မြန်မာကျပ်ငွေ (၂)သိန်းတို့အား စုပေါင်းထည့်ဝင် လှူဒါန်းခဲ့ကြောင်းသိရသည်။

zawgyi version
ဗီယက္နမ္ေရာက္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ စီးပြားေရးကုမၸဏီမ်ားက မုန္တိုင္းဒဏ္သင့္ေဒသမ်ားအတြက္ ေထာက္ပံ့ေငြမ်ားလႉဒါန္း

ရဲျပည့္ (NP News) - ဇြန္ ၂၁

ဗီယက္နမ္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ စီးပြားေရးကုမၸဏီမ်ားက “မိုခါ” ဆိုင္ကလုန္းမုန္တိုင္းဒဏ္သင့္ေဒသမ်ားအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္ ေထာက္ပံ့ေငြမ်ားလႉဒါန္းခဲ့ေၾကာင္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာသံ႐ုံး၊ ဟႏြိဳင္းၿမိဳ႕အေနျဖင့္ ဗီယက္နမ္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ဟိုခ်ီမင္းၿမိဳ႕ရွိ ျမန္မာဂုဏ္ထူးေဆာင္ေကာင္စစ္ဝန္ခ်ဳပ္႐ုံး၊ ျမန္မာ-ဗီယက္နမ္ခ်စ္ၾကည္ေရးအသင္း၊ ျမန္မာႏိုင္ငံႏွင့္တြဲဖက္၍ စီမံကိန္းမ်ား ေဆာင္႐ြက္ေနသည့္ စီးပြားေရးလုပ္ငန္းကုမၸဏီမ်ားသို႔ လည္းေကာင္း၊ ဗီယက္နမ္ႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ားထံသို႔ လည္းေကာင္း၊ တရားဝင္စာမ်ားေပးပို႔ျခင္း၊ ျမန္မာသံ႐ုံး Social Media မ်ားမွလည္း ေၾကာ္ျငာျခင္းတို႔ျဖင့္ အလႉေငြႏွင့္လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားေပး အပ္ေရးအတြက္ ေမတၱာရပ္ခံအေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္းသိရ သည္။

ယင္းသို႔ ေမတၱာရပ္ခံခဲ့သည့္အတြက္ “မိုခါ”မုန္တိုင္းဒဏ္သင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ဗီယက္နမ္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ ဗီယက္နမ္ႏိုင္ငံရွိ စီးပြားေရးကုမၸဏီမ်ားတို႔မွ ေပးပို႔လႉဒါန္းလ်က္ရွိေၾကာင္းသိရသည္။

ထို႔ေၾကာင့္ အေမရိကန္ေဒၚလာ (၄,၃၃၆) ႏွင့္ ျမန္မာက်ပ္ေငြ (၂)သိန္းတို႔အား စုေပါင္းထည့္ဝင္ လႉဒါန္းခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.