နွားချေးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၄၂ဝဝ)ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

 3782

စော(NP News)-ဇွန်လ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် နွားချေးများဖြင့် တရားမဝင် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် သိန်း (၄၂ဝဝ)ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း)များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယမန်နေ့(ဇွန်လ ၂၂ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန် ထားခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် (ဇွန်လ ၂၁ ရက်) နံနက်(၇)နာရီအချိန်တွင် ရွာငံ မြို့နယ်၊ မြို့ကြီးစစ်ဆေးရေးစခန်း၌ ဟံမြင့်မိုရ်ဘက်မှ ရွာငံဘက်သို့ အောင်ကိုကိုဦး မောင်းနှင်ပြီး ဟေမာန်သိန်း လိုက်ပါလာသည့် NISSAN ၁၂ ဘီး‌ မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် နွားချေးများဖြင့် ဖုံးအုပ်ကာ တရာမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၄၂ဝဝ)ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) (၁)တန်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော အဆိုပါကဖင်းများအား မန္တလေးတိုင်းမှ ရှမ်းပြည်နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

Zawgyi Version;
ႏြားေခ်းမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ ေငြက်ပ္သိန္း(၄၂ဝဝ)ေက်ာ္တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ား ဖမ္းဆီးရမိ
ေစာ(NP News)-ဇြန္လ ၂၃

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ႐ြာငံၿမိဳ႕နယ္တြင္ ႏြားေခ်းမ်ားျဖင့္ တရားမဝင္ ဖုံးအုပ္သယ္ေဆာင္လာသည့္ ေငြက်ပ္ သိန္း (၄၂ဝဝ)ေက်ာ္တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္း (ကဖင္း)မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ယမန္ေန႔(ဇြန္လ ၂၂ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ (ဇြန္လ ၂၁ ရက္) နံနက္(၇)နာရီအခ်ိန္တြင္ ႐ြာငံ ၿမိဳ႕နယ္၊ ၿမိဳ႕ႀကီးစစ္ေဆးေရးစခန္း၌ ဟံျမင့္မိုရ္ဘက္မွ ႐ြာငံဘက္သို႔ ေအာင္ကိုကိုဦး ေမာင္းႏွင္ၿပီး ေဟမာန္သိန္း လိုက္ပါလာသည့္ NISSAN ၁၂ ဘီး‌ ေမာ္ေတာ္ယာဥ္ကို စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြခဲ့ရာ အဆိုပါယာဥ္ေပၚတြင္ ႏြားေခ်းမ်ားျဖင့္ ဖုံးအုပ္ကာ တရာမဝင္သယ္ေဆာင္လာသည့္ ေငြက်ပ္သိန္း (၄၂ဝဝ)ေက်ာ္တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္း (ကဖင္း) (၁)တန္ေက်ာ္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိေသာ အဆိုပါကဖင္းမ်ားအား မႏၲေလးတိုင္းမွ ရွမ္းျပည္နယ္သို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ၎တို႔အား ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈ က်ဴးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

Related news

© 2021. All rights reserved.