လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်‌ပေါက်ကို ဖောက်ခွဲရေးပြုလုပ်ခဲ့သူများအနက်မှ အဓိကကျူးလွန်ခဲ့သူအား ထပ်မံဖမ်းဆီးရမိကြောင်း နစကထုတ်ပြန်

 1063

NP News - ဇွန် ၂၃

နေပြည်တော်ကောင်စီနယ်မြေရှိ လယ်ဝေးမြို့မရဲစခန်း နှင့် MICC-II ဂိတ်(၂)ဝင်ပေါက်ကို ဖောက်ခွဲရေးပြုလုပ်ခဲ့သူ များအနက်မှ အဓိကကျူးလွန်ခဲ့သူအား ထပ်မံဖမ်းဆီးရမိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ဇွန်လ(၂၂)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ(၁၂)ရက် ညနေပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းအား အကြမ်းဖက်သမား(၂)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး ထိုနေ့ ညပိုင်းတွင်လည်း ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက် MICC-II ဂိတ်(၂)ဝင်ပေါက်အား အကြမ်းဖက်သမား(၃)ဦးက လက်ပစ်ဗုံးပစ်ပေါက် ဖောက်ခွဲခဲ့သည့်ဖြစ်စဥ်များဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ၏မျက်မြင် သတင်းပေးပို့မှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ (၂)ဦးနှင့် ဆက်စပ်ကျူးလွန်သူ အမျိုးသား(၂)ဦး စုစုပေါင်း(၄)ဦးကို ဖြစ်စဥ် ဖြစ်ပွားပြီး (၁ဝ)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့နောက် ၎င်းတို့၏ထွက်ဆိုချက်များအရ ဖောက်ခွဲမှုများ ကျူးလွန်ရာတွင် အဓိကပါဝင်သူ မြင့်ကျော်အား ဒက္ခိဏ သီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ သီရိမင်္ဂလာကျေးရွာတွင် နေထိုင်ကြောင်း သိရပြီး ဇွန်လ(၁၈)ရက် နံနက်ပိုင်းတွင် သွား‌ရောက်ရှာဖွေခဲ့ရာ မြင့်ကျော်သည် လောက်ကိုင်မြို့သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

၎င်း၏ နေအိမ်အတွင်းမှ လက်ပစ်ဗုံးတစ်လုံး အပါအဝင် ပြစ်မှုကျူးလွန်စဥ် အသုံးပြုခဲ့သည့် Turbo 110 အမျိုးအစား ဆိုင်ကယ် နှင့် ဆိုင်ကယ်စီးဦးထုပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့နောက် ၎င်းအားဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေရှိလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဇွန်လ(၁၉) ရက် ညပိုင်းတွင် မြင့်ကျော်အား လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ ပြီး နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်ကာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ(၅)ဦးအား စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ(၂၁)ရက် နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ရှားတောကျေးရွာနှင့် အလျင်လိုကျေးရွာအကြား လမ်းဘေးသစ်ပင်အောက်တွင် သိုဝှက်မြှုပ်နှံထားသော CZ-2075 RAMI ပစ္စတို တစ်လက်၊ ၎င်းကျည် (၇)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့ပြင် မြင့်ကျော်၏ နေအိမ်မီးဖိုချောင်အတွင်း၌ သိုဝှက်ထားသော Beretta ပစ္စတိုတစ်လက် နှင့် ၎င်းကျည် (၁၅) တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် အမျိုးသား(၅)ဦးကို ပစ္စတို(၂)လက်၊ ၉ မမ ကျည် (၂၂)တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ ပြစ်မှုကျူးလွန်စဥ် အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၆)ရက်တွင် စစ်တောင်းမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဖမ်းဆီးရန်ကျန်ရှိသည့် ဇင်ယော်ထံမှ ပစ္စတိုနှစ်လက်၊ ၉ မမ ကျည် အတောင့်(၃၀)နှင့် လက်ပစ်ဗုံး (၈)လုံးတို့ကို ရန်ကုန်- မန္တလေး အမြန်လမ်း၌ နှစ်ကြိမ်ခွဲ၍ သွားရောက်ယူ‌ဆောင်ခဲ့ပြီး နေအိမ်တွင် သိမ်းဆည်းထား ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့သည် ဇင်ယော်၏ ခိုင်းစေမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲမှု ခုနှစ် ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရသည်။

အထက်ပါ ဖမ်းဆီးရမိသူ(၅)ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
လယ္ေဝးၿမိဳ႕မရဲစခန္းႏွင့္ MICC-II ဂိတ္(၂)ဝင္‌ေပါက္ကို ေဖာက္ခြဲေရးျပဳလုပ္ခဲ့သူမ်ားအနက္မွ အဓိကက်ဴးလြန္ခဲ့သူ အား ထပ္မံဖမ္းဆီးရမိေၾကာင္း နစကထုတ္ျပန္
NP News - ဇြန္ ၂၃

ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ လယ္ေဝးၿမိဳ႕မရဲစခန္း ႏွင့္ MICC-II ဂိတ္(၂)ဝင္ေပါက္ကို ေဖာက္ခြဲေရးျပဳလုပ္ခဲ့သူ မ်ားအနက္မွ အဓိကက်ဴးလြန္ခဲ့သူအား ထပ္မံဖမ္းဆီးရမိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ဇြန္လ(၂၂)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ဇြန္လ(၁၂)ရက္ ညေနပိုင္းတြင္ လယ္ေဝးၿမိဳ႕မရဲစခန္းအား အၾကမ္းဖက္သမား(၂)ဦးက လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ခဲ့ၿပီး ထိုေန႔ ညပိုင္းတြင္လည္း ဇမၺဴသီရိၿမိဳ႕နယ္၊ ေဘာဂသိဒၶိရပ္ကြက္ MICC-II ဂိတ္(၂)ဝင္ေပါက္အား အၾကမ္းဖက္သမား(၃)ဦးက လက္ပစ္ဗုံးပစ္ေပါက္ ေဖာက္ခြဲခဲ့သည့္ျဖစ္စဥ္မ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပည္သူမ်ား၏မ်က္ျမင္ သတင္းေပးပို႔မႈမ်ားအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းရွာေဖြမႈမ်ား ေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူ (၂)ဦးႏွင့္ ဆက္စပ္က်ဴးလြန္သူ အမ်ိဳးသား(၂)ဦး စုစုေပါင္း(၄)ဦးကို ျဖစ္စဥ္ ျဖစ္ပြားၿပီး (၁ဝ)နာရီအတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေနာက္ ၎တို႔၏ထြက္ဆိုခ်က္မ်ားအရ ေဖာက္ခြဲမႈမ်ား က်ဴးလြန္ရာတြင္ အဓိကပါဝင္သူ ျမင့္ေက်ာ္အား ဒကၡိဏ သီရိၿမိဳ႕နယ္၊ ေ႐ႊခဲအင္းအုပ္စု၊ သီရိမဂၤလာေက်း႐ြာတြင္ ေနထိုင္ေၾကာင္း သိရၿပီး ဇြန္လ(၁၈)ရက္ နံနက္ပိုင္းတြင္ သြား‌ေရာက္ရွာေဖြခဲ့ရာ ျမင့္ေက်ာ္သည္ ေလာက္ကိုင္ၿမိဳ႕သို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

၎၏ ေနအိမ္အတြင္းမွ လက္ပစ္ဗုံးတစ္လုံး အပါအဝင္ ျပစ္မႈက်ဴးလြန္စဥ္ အသုံးျပဳခဲ့သည့္ Turbo 110 အမ်ိဳးအစား ဆိုင္ကယ္ ႏွင့္ ဆိုင္ကယ္စီးဦးထုပ္တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေနာက္ ၎အားဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာနယ္ေျမရွိလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္ခဲ့ရာ ဇြန္လ(၁၉) ရက္ ညပိုင္းတြင္ ျမင့္ေက်ာ္အား ေလာက္ကိုင္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ ၿပီး ေနျပည္ေတာ္သို႔ ျပန္လည္ေခၚေဆာင္ကာ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိသူ(၅)ဦးအား စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဇြန္လ(၂၁)ရက္ နံနက္ပိုင္းတြင္ ဇမၺဴသီရိၿမိဳ႕နယ္၊ ရွားေတာေက်း႐ြာႏွင့္ အလ်င္လိုေက်း႐ြာအၾကား လမ္းေဘးသစ္ပင္ေအာက္တြင္ သိုဝွက္ျမႇဳပ္ႏွံထားေသာ CZ-2075 RAMI ပစၥတို တစ္လက္၊ ၎က်ည္ (၇)ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ျပင္ ျမင့္ေက်ာ္၏ ေနအိမ္မီးဖိုေခ်ာင္အတြင္း၌ သိုဝွက္ထားေသာ Beretta ပစၥတိုတစ္လက္ ႏွင့္ ၎က်ည္ (၁၅) ေတာင့္တို႔ကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ အမ်ိဳးသား(၅)ဦးကို ပစၥတို(၂)လက္၊ ၉ မမ က်ည္ (၂၂)ေတာင့္၊ လက္ပစ္ဗုံးတစ္လုံး၊ ျပစ္မႈက်ဴးလြန္စဥ္ အသုံးျပဳခဲ့သည့္ ဆိုင္ကယ္တစ္စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ အၾကမ္းဖက္လုပ္ရပ္မ်ားေဆာင္႐ြက္ရန္ အတြက္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၆)ရက္တြင္ စစ္ေတာင္းၿမိဳ႕ျပေျပာက္က်ားအမည္ခံ အၾကမ္းဖက္အဖြဲ႕ ေခါင္းေဆာင္ ဖမ္းဆီးရန္က်န္ရွိသည့္ ဇင္ေယာ္ထံမွ ပစၥတိုႏွစ္လက္၊ ၉ မမ က်ည္ အေတာင့္(၃၀)ႏွင့္ လက္ပစ္ဗုံး (၈)လုံးတို႔ကို ရန္ကုန္- မႏၲေလး အျမန္လမ္း၌ ႏွစ္ႀကိမ္ခြဲ၍ သြားေရာက္ယူ‌ေဆာင္ခဲ့ၿပီး ေနအိမ္တြင္ သိမ္းဆည္းထား ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔သည္ ဇင္ေယာ္၏ ခိုင္းေစမႈျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ အၾကမ္းဖက္ေဖာက္ခြဲမႈ ခုႏွစ္ ႀကိမ္ ေဆာင္႐ြက္ခဲ့ေၾကာင္း ထြက္ဆိုခ်က္မ်ားအရ သိရသည္။

အထက္ပါ ဖမ္းဆီးရမိသူ(၅)ဦးအား ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.