သီပေါမြို့တွင် ဓားခုတ်ခံရမှုကြောင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 485

စော (NP News) - ဇွန်လ ၂၃

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ဓားခုတ်ခံရမှုဖြစ်ပွားခဲ့ရာ လူလတ်ပိုင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၂ ရက်) ည(၈)နာရီအချိန်တွင် သီပေါမြို့နယ်၊ အနောက်ရပ်ကွက်၊ တာရိုးလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း နယ်စည်းမခြားပရဟိတ(သီပေါ) ထံမှ သိရသည်။

“ဘယ်လိုဖြစ်တာလဲ ကျွန်တော်တို့မသိပါဘူး ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကခေါ်လို့ ကျွန်တော်တို့သွားတာပါ” ဟု နယ်စည်းမခြားပရဟိတ(သီပေါ)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဓားခုတ်ခံရမှုကြောင့် အမျိုးသား၏ ရင်ဘက်တွင် လေးလက်မနီးပါး ပြတ်ရှဒဏ်ရာ (၂)ချက်ရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါအမျိုးသားသည် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် မစိုးရိမ်ရသည့်အခြေအနေရှိသော်လည်း သီပေါ ဆေးရုံတွင် ဆေးကုသမှုခံနေကြောင်း သိရသည်။

Zawgyi Version;
သီေပါၿမိဳ႕တြင္ ဓားခုတ္ခံရမႈေၾကာင့္ လူလတ္ပိုင္းအမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဇြန္လ ၂၃

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္တြင္ ဓားခုတ္ခံရမႈျဖစ္ပြားခဲ့ရာ လူလတ္ပိုင္းအမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၂၂ ရက္) ည(၈)နာရီအခ်ိန္တြင္ သီေပါၿမိဳ႕နယ္၊ အေနာက္ရပ္ကြက္၊ တာ႐ိုးလမ္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း နယ္စည္းမျခားပရဟိတ(သီေပါ) ထံမွ သိရသည္။

“ဘယ္လိုျဖစ္တာလဲ ကြၽန္ေတာ္တို႔မသိပါဘူး ။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကေခၚလို႔ ကြၽန္ေတာ္တို႔သြားတာပါ” ဟု နယ္စည္းမျခားပရဟိတ(သီေပါ)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ဓားခုတ္ခံရမႈေၾကာင့္ အမ်ိဳးသား၏ ရင္ဘက္တြင္ ေလးလက္မနီးပါး ျပတ္ရွဒဏ္ရာ (၂)ခ်က္ရရွိခဲ့ေၾကာင္း သိရ သည္။

အဆိုပါအမ်ိဳးသားသည္ လူလတ္ပိုင္းတစ္ဦးျဖစ္ၿပီး လက္ရွိတြင္ မစိုးရိမ္ရသည့္အေျခအေနရွိေသာ္လည္း သီေပါ ေဆး႐ုံတြင္ ေဆးကုသမႈခံေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.