တပ်မတော်က လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိပြီး နိုင်ငံသားများသာ သေဆုံးမည်ဖြစ်၍ ထိန်းသိမ်းလုပ်ဆောင်နေခြင်းဟု နစကပြော

 14009

မျိုးကြီး (NP News) - ဇွန် ၂၃

တပ်မတော်က သာမန်လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိသော်လည်း နိုင်ငံသားများသာ သေဆုံးမည်ဖြစ်၍ ထိန်းသိမ်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝန်ကြီးဦးသန်းဆွေက ပြောသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေသည် ပြီးခဲ့သောရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာအလွတ်သဘောဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ၏ ပြောဆိုဆွေးနွေးမှုများနှင့်ပတ်သက်၍လည်း နစကဘက်က အသိပေး ထုတ်ပြန်ထားသည်။

ပြည်ပရောက် NUG အဖွဲ့သည် ပြည်တွင်းရှိ PDF များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ကာ အကြမ်းဖက် လုပ်ငန်းများကို စေခိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

အဆိုပါ PDF များက ဘုန်းတော်ကြီးများ၊ ကျောင်းသားကလေးငယ်များ၊ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် လက်နက်မဲ့ပြည်သူ (၅ဝဝဝ)ကျော်ကို ဥပဒေမဲ့သတ်ဖြတ်နေခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းဆွေးနွေးခဲ့သည်။

ထို့ကြောင့် ပြည်သူလူထုကို အကာအကွယ်ပေးရန် အစိုးရတွင် တာဝန်ရှိသည့်အတွက် ဥပဒေနှင့်အညီ ပြန်လည် တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း ဦးသန်းဆွေက ပြောသည်။

ထို့ပြင် ၎င်းဝန်ကြီးက မြန်မာ့တပ်မတော်သည် သာမန်လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိ ကြောင်း၊ အင်အားသုံးချေမှုန်းမှုသည် မိမိတို့နိုင်ငံသားများသာ များစွာသေကျေဒဏ်ရာရကြမည်ဖြစ်၍ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း အသိပေးပြောဆိုခဲ့သည်။

ပြည်တွင်းရေးကိစ္စများကို အေးချမ်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားကြောင်း လည်း နိုင် ငံခြားဝန်ကြီးက ဆက်လက်ပြောဆိုထားသည်။

လွန်ခဲ့သည့် (၂)နှစ်ကျော်ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူ၍ EAO အချို့သည် ကိုဗစ် ကာလစီးပွားရေး၊ လူမှုရေးအခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်သောလူငယ်များကို PDF အဖြစ်သင်တန်းပေး ကာ လက်နက် တပ်ဆင်ပေးခဲ့ကြောင်းလည်း ၎င်းက ဆွေးနွေးပြောဆိုခဲ့သည်။

ထိုသို့ လက်နက်တပ်ဆင်ပေးခဲ့ခြင်းကြောင့် နှစ်ပေါင်း (၅ဝ)နီးပါး အေးချမ်းနေသည့် ပြည်တွင်းဒေသများ၌ လက်နက်ကိုင်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ဆိုထား သည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ မြို့နယ်အများအပြားတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ PDF အဖွဲ့များကြားတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နိုင်ငံသားအများအပြားမှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေလျက် ရှိသည်။

Zawgyi Version;
တပ္မေတာ္က လက္နက္ကိုင္အဖြဲ႕မ်ားကို လြယ္ကူစြာေခ်မႈန္းႏိုင္စြမ္းရွိၿပီး ႏိုင္ငံသားမ်ားသာ ေသဆုံးမည္ျဖစ္၍ ထိန္းသိမ္းလုပ္ေဆာင္ေနျခင္းဟု နစကေျပာ
မ်ိဳးႀကီး (NP News) - ဇြန္ ၂၃

တပ္မေတာ္က သာမန္လက္နက္ကိုင္အဖြဲ႕မ်ားကို လြယ္ကူစြာေခ်မႈန္းႏိုင္စြမ္းရွိေသာ္လည္း ႏိုင္ငံသားမ်ားသာ ေသဆုံးမည္ျဖစ္၍ ထိန္းသိမ္းလုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဦးသန္းေဆြက ေျပာသည္။

နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြသည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ထိုင္းႏိုင္ငံ၊ ပတၱရားၿမိဳ႕၌ ျပဳလုပ္ခဲ့သည့္ ျမန္မာအေရးဆိုင္ရာအလြတ္သေဘာေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြ၏ ေျပာဆိုေဆြးေႏြးမႈမ်ားႏွင့္ပတ္သက္၍လည္း နစကဘက္က အသိေပး ထုတ္ျပန္ထားသည္။

ျပည္ပေရာက္ NUG အဖြဲ႕သည္ ျပည္တြင္းရွိ PDF မ်ားကို လက္နက္ခဲယမ္းေငြေၾကးေထာက္ပံ့ကာ အၾကမ္းဖက္ လုပ္ငန္းမ်ားကို ေစခိုင္းေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုသည္။

အဆိုပါ PDF မ်ားက ဘုန္းေတာ္ႀကီးမ်ား၊ ေက်ာင္းသားကေလးငယ္မ်ား၊ ဆရာ/ဆရာမမ်ား၊ က်န္းမာေရးဝန္ထမ္း မ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၊ ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားအပါအဝင္ လက္နက္မဲ့ျပည္သူ (၅ဝဝဝ)ေက်ာ္ကို ဥပေဒမဲ့သတ္ျဖတ္ေနျခင္းျဖစ္ေၾကာင္း ၎က ထည့္သြင္းေဆြးေႏြးခဲ့သည္။

ထို႔ေၾကာင့္ ျပည္သူလူထုကို အကာအကြယ္ေပးရန္ အစိုးရတြင္ တာဝန္ရွိသည့္အတြက္ ဥပေဒႏွင့္အညီ ျပန္လည္ တိုက္ခိုက္ေနျခင္းသာျဖစ္ေၾကာင္း ဦးသန္းေဆြက ေျပာသည္။

ထို႔ျပင္ ၎ဝန္ႀကီးက ျမန္မာ့တပ္မေတာ္သည္ သာမန္လက္နက္ကိုင္အဖြဲ႕မ်ားကို လြယ္ကူစြာေခ်မႈန္းႏိုင္စြမ္းရွိ ေၾကာင္း၊ အင္အားသုံးေခ်မႈန္းမႈသည္ မိမိတို႔ႏိုင္ငံသားမ်ားသာ မ်ားစြာေသေက်ဒဏ္ရာရၾကမည္ျဖစ္၍ ထိန္းထိန္း သိမ္းသိမ္းေဆာင္႐ြက္ေန ျခင္းျဖစ္ေၾကာင္း အသိေပးေျပာဆိုခဲ့သည္။

ျပည္တြင္းေရးကိစၥမ်ားကို ေအးခ်မ္းစြာကိုင္တြယ္ေျဖရွင္းႏိုင္ရန္ ၿငိမ္းခ်မ္းေရးအတြက္ အၿမဲတံခါးဖြင့္ထားေၾကာင္း လည္း ႏိုင္ ငံျခားဝန္ႀကီးက ဆက္လက္ေျပာဆိုထားသည္။

လြန္ခဲ့သည့္ (၂)ႏွစ္ေက်ာ္ကာလအတြင္း ႏိုင္ငံေရးမတည္ၿငိမ္မႈအေပၚ အခြင့္ေကာင္းယူ၍ EAO အခ်ိဳ႕သည္ ကိုဗစ္ ကာလစီးပြားေရး၊ လူမႈေရးအခက္အခဲေၾကာင့္ စိတ္ထိခိုက္ခံစားလြယ္ေသာလူငယ္မ်ားကို PDF အျဖစ္သင္တန္းေပး ကာ လက္နက္ တပ္ဆင္ေပးခဲ့ေၾကာင္းလည္း ၎က ေဆြးေႏြးေျပာဆိုခဲ့သည္။

ထိုသို႔ လက္နက္တပ္ဆင္ေပးခဲ့ျခင္းေၾကာင့္ ႏွစ္ေပါင္း (၅ဝ)နီးပါး ေအးခ်မ္းေနသည့္ ျပည္တြင္းေဒသမ်ား၌ လက္နက္ကိုင္တိုက္ခိုက္မႈမ်ား ေပၚေပါက္လာျခင္းျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြက ဆိုထား သည္။

လက္ရွိတြင္ ႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အမ်ားအျပားတြင္ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕၊ PDF အဖြဲ႕မ်ားၾကားတြင္ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိၿပီး ႏိုင္ငံသားအမ်ားအျပားမွာ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနလ်က္ရွိသည္။

Picture

thit sar

24/06/2023 08:11

နိုင်ငံသား ပြညါသူ၈၀%ကျော်က - စကစ" ရဲ့ ရန်သူဖြစ်သလို , ပြည်သူတွေရဲ့ ရန်သူကလဲ" စကစ" သာ ~ြဖြစ်တယ်။ အခုလဲ ပြည်သူတွေကို မြေလှန်စနစ်နဲ့ ချေမှုန်းနေခြင်းဖြစ်တယ်။ ယုတ်မာ ကောက်ကျစ်၍ ပလီပလာစကားပြောတဲ့နေရာမှာ ကမ္ဘာ့အဆင့် (၁)ပါ။

Related news

© 2021. All rights reserved.