မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း မီးလောင်မှုအကြိမ်ရေ ၈၇၅ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ အနည်းဆုံး လူပေါင်း ၅၂ ဦး သေဆုံး

 332

ဂျန်ဇက် (NP News) - ဇွန် ၂၃

မြန်မာနိုင်ငံတွင် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ဖြစ်ပွားခဲ့သောမီးလောင်မှုများကြောင့် လူပေါင်း ၅၂ ဦး သေဆုံးကာ ၁၁၆ ဦးဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီလမှ မေလအတွင်း မြန်မာနိုင်ငံတွင် မီးလောင်မှုပေါင်း အကြိမ်ရေ ၈၇၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၁ သန်း (သို့မဟုတ်) မြန်မာကျပ်ငွေ ၁၃ ဒသမ ၄၇ ဘီလျံ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မေလ တစ်လတည်းတွင် မြန်မာနိုင်ငံ၌ မီးလောင်မှုပေါင်း အကြိမ်ရေ ၁၃ဝ ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မေလအတွင်းဖြစ်ပွားခဲ့သော မီးလောင်မှုများတွင် ရန်ကုန်မြို့မှ အများဆုံးဖြစ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့က မီးလောင်ကျွမ်းမှုအများဆုံးဖြစ်ပွားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပါဝင်နေကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသော အဓိကအကြောင်းအရင်းများထဲတွင် မီးဖိုဆောင်မှ မီးလောင်ကျွမ်းမှု၊ မီးပေါ့ဆမှု၊ တောမီး၊ လျှပ်စစ်မီးဝါယာကြိုးရှော့ဖြစ်မှု၊ မိုးကြိုးပစ်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့ သော ၂ဝ၂၂ခုနှစ် တစ်နှစ်လုံးတွင် မီးလောင်ကျွမ်းမှု အကြိမ်ရေပေါင်း ၁၅ဝ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၉၆ ဦး သေဆုံးကာ လူပေါင်း ၁၃၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ ယခုႏွစ္ ဇန္နဝါရီလမွ ေမလအတြင္း မီးေလာင္မႈအႀကိမ္ေရ ၈၇၅ ႀကိမ္ျဖစ္ပြားခဲ့ၿပီး၊ အနည္းဆုံး လူေပါင္း ၅၂ ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ဇြန္ ၂၃

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလမွ ေမလအတြင္း ျဖစ္ပြားခဲ့ေသာမီးေလာင္မႈမ်ားေၾကာင့္ လူေပါင္း ၅၂ ဦး ေသဆုံးကာ ၁၁၆ ဦးဒဏ္ရာရခဲ့ေၾကာင္း မီးသတ္ဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ဇန္နဝါရီလမွ ေမလအတြင္း ျမန္မာႏိုင္ငံတြင္ မီးေလာင္မႈေပါင္း အႀကိမ္ေရ ၈၇၅ ႀကိမ္ျဖစ္ပြားခဲ့ၿပီး အေမရိကန္ ေဒၚလာ ၆ ဒသမ ၄၁ သန္း (သို႔မဟုတ္) ျမန္မာက်ပ္ေငြ ၁၃ ဒသမ ၄၇ ဘီလ်ံ ထိခိုက္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။ ေမလ တစ္လတည္းတြင္ ျမန္မာႏိုင္ငံ၌ မီးေလာင္မႈေပါင္း အႀကိမ္ေရ ၁၃ဝ ျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံးကာ ၁၅ ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

ေမလအတြင္းျဖစ္ပြားခဲ့ေသာ မီးေလာင္မႈမ်ားတြင္ ရန္ကုန္ၿမိဳ႕မွ အမ်ားဆုံးျဖစ္ခဲ့ၿပီး ပဲခူးတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္တို႔က မီးေလာင္ကြၽမ္းမႈအမ်ားဆုံးျဖစ္ပြားေသာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္ ပါဝင္ေနေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရေသာ အဓိကအေၾကာင္းအရင္းမ်ားထဲတြင္ မီးဖိုေဆာင္မွ မီးေလာင္ကြၽမ္းမႈ၊ မီးေပါ့ဆမႈ၊ ေတာမီး၊ လွ်ပ္စစ္မီးဝါယာႀကိဳးေရွာ့ျဖစ္မႈ၊ မိုးႀကိဳးပစ္မႈမ်ားေၾကာင့္ျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့ ေသာ ၂ဝ၂၂ခုႏွစ္ တစ္ႏွစ္လုံးတြင္ မီးေလာင္ကြၽမ္းမႈ အႀကိမ္ေရေပါင္း ၁၅ဝ၇ ႀကိမ္ျဖစ္ပြားခဲ့ၿပီး အနည္းဆုံး ၉၆ ဦး ေသဆုံးကာ လူေပါင္း ၁၃၉ ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.