ရခိုင်ပြည်နယ်ရှိ မြောက်ဦးနှင့်မင်းပြားမြို့တို့အား ရည်မှန်းကာလထက်စော၍ လျှပ်စစ်ဓာတ်အား ပြန်လည် ပို့လွှတ်ခဲ့ကြောင်း DPTSC ထုတ်ပြန်

 337

ယွန်း (NP News) - ဇွန် ၂၃

ရခိုင်ပြည်နယ်ရှိ မြောက်ဦးနှင့် မင်းပြားမြို့တို့အား ရည်မှန်းကာလထက်စော၍ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ် ခဲ့ကြောင်း လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန(DPTSC) မှ ယနေ့(ဇွန်လ ၂၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ယနေ့(ဇွန်လ ၂၃ ရက်) နံနက်(၈)နာရီအချိန်ခန့်တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- မြောက်ဦးလိုင်းနှင့် ၆၆ ကေဗွီ မြောက်ဦး- မင်းပြားလိုင်းတို့ကို ဓာတ်အား ပြန်လည်ပေးပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က မြောက်ဦးနှင့် မင်းပြားဒေသများကို ယခုလကုန်မှသာ လျှပ်စစ်ဓာတ်အားပြန်လည်ပေးနိုင်ရန် ရည်မှန်း‌ ဆောင်ရွက်ခဲ့သော်လည်း ဝန်ထမ်းများ၏ ကြိုးပမ်း‌ဆောင်ရွက်မှုကြောင့် လက်ရှိတွင် ရည်မှန်းကာလထက်စော၍ ဓာတ်အားပြန်လည်ပေးနိုင်ခဲ့ကြောင်း DPTSC မှ ဆိုသည်။

ပြီးခဲ့သည့် မေလ(၁၄)ရက်တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးတိုင် (၃ဝဝဝ) ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး လျှပ်စစ်တာဝါတိုင်များ၊ မီးကြိုးများ၊ ထရန်စဖော်မာများသည်လည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြန်လည်ဆောင်ရွက်ခဲ့ရာ ပုဏ္ဏားကျွန်း- စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းအနေဖြင့် ပြီးခဲ့သည့် ဇွန်လ(၆)ရက်တွင် စစ်တွေ (၆၆)ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)သို့ လည်းကောင်း၊ ဇွန်လ(၈)ရက်တွင် စစ်တွေဓာတ်အားခွဲရုံအမှတ်(၂) ဆတ်ရိုးကျဓာတ်အားခွဲရုံသို့ လည်းကောင်း ဓာတ်အားပို့လွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားပို့လွှတ်နိုင်မှုကြောင့် စုစုပေါင်း ထရန်စဖော်မာ(၂၄၅)လုံးဖြင့် စစ်တွေမြို့အတွင်းရှိ ရပ်ကွက်(၃၃) ရပ်ကွက်သို့ ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေသည့် မြို့နယ်များကို လာမည့်ဇူလိုင်လ ပထမ ပတ်အပြီး၌ လျှပ်စစ်ဓာတ်အား အမြန်ပေးနိုင်ရေးကို ဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သောအစည်းအဝေးတွင် တိုက်တွန်းပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း(၁၇)မြို့နယ်ရှိသည့်အနက် မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့ရ သည့် မြို့နယ်ပေါင်း (၁ဝ)မြို့နယ်ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရခိုင္ျပည္နယ္ရွိ ေျမာက္ဦးႏွင့္မင္းျပားၿမိဳ႕တို႔အား ရည္မွန္းကာလထက္ေစာ၍ လွ်ပ္စစ္ဓာတ္အား ျပန္လည္ ပို႔လႊတ္ခဲ့ေၾကာင္း DPTSC ထုတ္ျပန္
ယြန္း (NP News) - ဇြန္ ၂၃

ရခိုင္ျပည္နယ္ရွိ ေျမာက္ဦးႏွင့္ မင္းျပားၿမိဳ႕တို႔အား ရည္မွန္းကာလထက္ေစာ၍ လွ်ပ္စစ္ဓာတ္အား ျပန္လည္ပို႔လႊတ္ ခဲ့ေၾကာင္း လွ်ပ္စစ္ ဓာတ္အားပို႔လႊတ္ေရးႏွင့္ ကြပ္ကဲေရးဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

လွ်ပ္စစ္ ဓာတ္အားပို႔လႊတ္ေရးႏွင့္ ကြပ္ကဲေရးဦးစီးဌာန(DPTSC) မွ ယေန႔(ဇြန္လ ၂၃ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ယေန႔(ဇြန္လ ၂၃ ရက္) နံနက္(၈)နာရီအခ်ိန္ခန႔္တြင္ ၆၆ ေကဗြီ ပုဏၰားကြၽန္း- ေျမာက္ဦးလိုင္းႏွင့္ ၆၆ ေကဗြီ ေျမာက္ဦး- မင္းျပားလိုင္းတို႔ကို ဓာတ္အား ျပန္လည္ေပးပို႔ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယခင္က ေျမာက္ဦးႏွင့္ မင္းျပားေဒသမ်ားကို ယခုလကုန္မွသာ လွ်ပ္စစ္ဓာတ္အားျပန္လည္ေပးႏိုင္ရန္ ရည္မွန္း‌ ေဆာင္႐ြက္ခဲ့ေသာ္လည္း ဝန္ထမ္းမ်ား၏ ႀကိဳးပမ္း‌ေဆာင္႐ြက္မႈေၾကာင့္ လက္ရွိတြင္ ရည္မွန္းကာလထက္ေစာ၍ ဓာတ္အားျပန္လည္ေပးႏိုင္ခဲ့ေၾကာင္း DPTSC မွ ဆိုသည္။

ၿပီးခဲ့သည့္ ေမလ(၁၄)ရက္တြင္ တိုက္ခတ္ခဲ့ေသာ မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္တြင္ လွ်ပ္စစ္မီးတိုင္ (၃ဝဝဝ) ထက္မနည္း ပ်က္စီးဆုံးရႈံးခဲ့ၿပီး လွ်ပ္စစ္တာဝါတိုင္မ်ား၊ မီးႀကိဳးမ်ား၊ ထရန္စေဖာ္မာမ်ားသည္လည္း အမ်ားအျပား ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အားရရွိေရးအတြက္ ျပန္လည္ေဆာင္႐ြက္ခဲ့ရာ ပုဏၰားကြၽန္း- စစ္ေတြ အမွတ္(၁) ဓာတ္အားလိုင္းအေနျဖင့္ ၿပီးခဲ့သည့္ ဇြန္လ(၆)ရက္တြင္ စစ္ေတြ (၆၆)ေကဗြီ ဓာတ္အားခြဲ႐ုံ အမွတ္(၁)သို႔ လည္းေကာင္း၊ ဇြန္လ(၈)ရက္တြင္ စစ္ေတြဓာတ္အားခြဲ႐ုံအမွတ္(၂) ဆတ္႐ိုးက်ဓာတ္အားခြဲ႐ုံသို႔ လည္းေကာင္း ဓာတ္အားပို႔လႊတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဓာတ္အားပို႔လႊတ္ႏိုင္မႈေၾကာင့္ စုစုေပါင္း ထရန္စေဖာ္မာ(၂၄၅)လုံးျဖင့္ စစ္ေတြၿမိဳ႕အတြင္းရွိ ရပ္ကြက္(၃၃) ရပ္ကြက္သို႔ ရာႏႈန္းျပည့္ ဓာတ္အားျဖန႔္ျဖဴးေပးႏိုင္ခဲ့ၿပီးျဖစ္သည္။

ထို႔ျပင္ ရခိုင္ျပည္နယ္အတြင္းရွိ လွ်ပ္စစ္ဓာတ္အားရရွိရန္ က်န္ရွိေနသည့္ ၿမိဳ႕နယ္မ်ားကို လာမည့္ဇူလိုင္လ ပထမ ပတ္အၿပီး၌ လွ်ပ္စစ္ဓာတ္အား အျမန္ေပးႏိုင္ေရးကို ေဆာင္႐ြက္ရန္ နစကဒုဥကၠ႒က ၿပီးခဲ့သည့္ရက္ပိုင္းက က်င္းပခဲ့ေသာအစည္းအေဝးတြင္ တိုက္တြန္းေျပာဆိုထားသည္။

ရခိုင္ျပည္နယ္တြင္ ၿမိဳ႕နယ္ေပါင္း(၁၇)ၿမိဳ႕နယ္ရွိသည့္အနက္ မုန္တိုင္းဒဏ္ေၾကာင့္ လွ်ပ္စစ္မီးမ်ားျပတ္ေတာက္ခဲ့ရသည့္ ၿမိဳ႕နယ္ေပါင္း (၁ဝ)ၿမိဳ႕နယ္ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.