EAO အများစုမှာ အမြတ်ကြီးမားသော မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်၍ ငြိမ်းချမ်းရေးကို အချိန်ဆွဲနေဟု နိုင်ငံခြားရေးဝန်ကြီး ဆို

 758

မျိုးကြီး (NP News) - ဇွန် ၂၃

EAO အများစုသည် အမြတ်ကြီးမားသော မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်၍ ငြိမ်းချမ်းရေးကို အချိန်ဆွဲနေ ခြင်းသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ပြောသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာအလွတ်သဘောဆွေးနွေးပွဲ ၌ ဝန်ကြီးဦးသန်းဆွေက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်သောင်းကျန်းသူများသည် နယ်စပ်ဒေသများ၌ ခြေကုပ်နေထိုင်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဝတ် မပျက်စေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ချေမှုန်းခြင်းမပြုဘဲ ထိန်းချုပ်ထားခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီး က ဆိုသည်။

ထို့နောက် စစ်အေးလွန်ကာလ ၁၉၉ဝ ဝန်းကျင်၌ နယ်စပ်ဒေသတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ် အခတ်ရပ်စဲရေး Gentlemen Agreement ရရှိခဲ့ပြီးနောက် အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေသည်မှာ လက်ရှိတွင် (၃၃)နှစ်ရှိပြီဖြစ်သည်။

၁၉၉ဝ ပြည့်နှစ်၌ အပစ်အခတ်ရပ်စဲစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇)ဖွဲ့နှင့် အဖွဲ့ငယ်(၁၇)ဖွဲ့ ရှိပြီး နယ်စပ်ဒေသ နိုင်ငံဧရိယာ၏ (၃)ရာခိုင်နှုန်းခန့်ကို အထူးဒေသများအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ဆောင်ရွက်ခဲ့ရာ၌ အချို့အဖွဲ့များသည် လက်နက်နှင့်ငြိမ်းချမ်းရေး အပြီး လဲလှယ်မှုများရှိခဲ့ကြောင်းနှင့် အင်အားတစ်သောင်းကျော်သည်လည်း BGF/ပြည်သူ့စစ်များအဖြစ် အသွင် ပြောင်းကာ ၎င်းတို့ ဒေသလုံခြုံငြိမ်းချမ်းကို အစိုးရနှင့်လက်တွဲဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ဝန်ကြီးဦးသန်းဆွေက ပြောသည်။

လက်ရှိတွင် EAO (၁၈)ဖွဲ့ ကျန်ရှိပြီး ၎င်းတို့အနက် (၁ဝ)ဖွဲ့သည် ၂ဝ၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့ကြောင်း နှင့် ကျန် (၈)ဖွဲ့သည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ နစကအစိုးရလက်ထက်တွင် EAO များနှင့်တွေ့ဆုံဆွေးနွေးမှု (၁ဝ၆)ကြိမ် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုအကြိမ် (၅ဝဝဝ)ကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ထည့်သွင်း ပြောဆိုထားသည်။

သို့သော် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တပ်မတော်ဘက်က လိုက်နာခဲ့သော်လည်း EAO အချို့သည် သဘောတူညီချက်ကို ဖောက်ဖျက်ကာ အစိုးရထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခြင်း၊ သယံဇာတ ထွက်ရှိရာ ဒေသများသို့ ဝင်ရောက်ခြေကုပ်စခန်း တည်ဆောက်ခြင်းနှင့် လူထုကို အန္တရာယ်ပေးခြင်းကြောင့် တန်ပြန်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားသည်။

လက်ရှိတွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တိုက်ခိုက်မှုအစား ဆွေးနွေးမှုနှင့်ဆောင်ရွက်နေသည်မှာ (၃၃)နှစ် ကျော် ရှိနေပြီးဖြစ်သော်လည်း ၎င်းကာလအတွင်း EAO အများစုသည် အမြန်အစွန်းအလွန်ကြီးမားသည့် မူးယစ်ဆေးဝါးလုပ်ငန်းကို မစွန့်လွှတ်နိုင်၍ အချိန်ဆွဲနေခြင်းသာဖြစ်ကြောင်း ဝန်ကြီးဦးသန်းဆွေက ထပ်မံပြောဆို ထားသည်။

ထို့ပြင် ၎င်းက အစိုးရအဆက်ဆက်အနေဖြင့် အပစ်အခတ်ရပ်စဲမှုကို မပျက်လိုသည့်အတွက် စိတ်ရှည်ရှည်ထားကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုထားသည်။

EAO များသည် အဓိကအားဖြင့် နယ်စပ်ဒေသများ၌ မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူမှောင်ခိုမှုကဲ့သို့ တရားမဝင် လုပ်ငန်းများမှ ရရှိသည့် အကျိုးအမြတ်များကို မစွန့်လွှတ်လိုသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြည့်အဝမပါဝင်ကြခြင်းဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အပြည့်အဝ မပါဝင်သည့်အပြင် ရွေးကောက်ပွဲ(၃)ကြိမ်စလုံး၌ မပါဝင်ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ဓာတုပစ္စည်းများကို အခြေခံသော မူးယစ်ဆေးများ ထုတ်လုပ်လာကြသည့်အတွက် မူးယစ်ဆေးဝါးကို နှိမ်နင်းရန် ပိုမိုခက်ခဲလာကြောင်း နစကဘက်က ပြောဆိုထားသည်။

နိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးများကို ကုန်တင်ကားများဖြင့်ပါ သယ်ယူပို့ဆောင်မှုများရှိနေပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များမှာလည်း အများအပြားရှိနေသည်ကို တွေ့ရှိရသည်။

Zawgyi Version;
EAO အမ်ားစုမွာ အျမတ္ႀကီးမားေသာ မူးယစ္ေဆးဝါးလုပ္ငန္းကို မစြန႔္လႊတ္ႏိုင္၍ ၿငိမ္းခ်မ္းေရးကို အခ်ိန္ဆြဲေနဟု ႏိုင္ငံျခားေရးဝန္ႀကီး ဆို
မ်ိဳးႀကီး (NP News) - ဇြန္ ၂၃

EAO အမ်ားစုသည္ အျမတ္ႀကီးမားေသာ မူးယစ္ေဆးဝါးလုပ္ငန္းကို မစြန႔္လႊတ္ႏိုင္၍ ၿငိမ္းခ်မ္းေရးကို အခ်ိန္ဆြဲေန ျခင္းသာျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြက ေျပာသည္။
ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ထိုင္းႏိုင္ငံ၊ ပတၱရားၿမိဳ႕၌ ျပဳလုပ္ခဲ့သည့္ ျမန္မာအေရးဆိုင္ရာအလြတ္သေဘာေဆြးေႏြးပြဲ ၌ ဝန္ႀကီးဦးသန္းေဆြက အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္နက္ကိုင္ေသာင္းက်န္းသူမ်ားသည္ နယ္စပ္ေဒသမ်ား၌ ေျခကုပ္ေနထိုင္ၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ မိတ္ဝတ္ မပ်က္ေစရန္ ထိန္းသိမ္းေဆာင္႐ြက္ခဲ့ရသျဖင့္ ေခ်မႈန္းျခင္းမျပဳဘဲ ထိန္းခ်ဳပ္ထားခဲ့ရေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး က ဆိုသည္။

ထို႔ေနာက္ စစ္ေအးလြန္ကာလ ၁၉၉ဝ ဝန္းက်င္၌ နယ္စပ္ေဒသတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အားလုံးႏွင့္ အပစ္ အခတ္ရပ္စဲေရး Gentlemen Agreement ရရွိခဲ့ၿပီးေနာက္ အစိုးရအဆက္ဆက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ျပဳလုပ္ေနသည္မွာ လက္ရွိတြင္ (၃၃)ႏွစ္ရွိၿပီျဖစ္သည္။

၁၉၉ဝ ျပည့္ႏွစ္၌ အပစ္အခတ္ရပ္စဲစဥ္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ႀကီး (၁၇)ဖြဲ႕ႏွင့္ အဖြဲ႕ငယ္(၁၇)ဖြဲ႕ ရွိၿပီး နယ္စပ္ေဒသ ႏိုင္ငံဧရိယာ၏ (၃)ရာခိုင္ႏႈန္းခန႔္ကို အထူးေဒသမ်ားအျဖစ္ သတ္မွတ္ေပးခဲ့ေၾကာင္း သိရသည္။

၎ေဒသမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သီးသန႔္ေဆာင္႐ြက္ခဲ့ရာ၌ အခ်ိဳ႕အဖြဲ႕မ်ားသည္ လက္နက္ႏွင့္ၿငိမ္းခ်မ္းေရး အၿပီး လဲလွယ္မႈမ်ားရွိခဲ့ေၾကာင္းႏွင့္ အင္အားတစ္ေသာင္းေက်ာ္သည္လည္း BGF/ျပည္သူ႔စစ္မ်ားအျဖစ္ အသြင္ ေျပာင္းကာ ၎တို႔ ေဒသလုံၿခဳံၿငိမ္းခ်မ္းကို အစိုးရႏွင့္လက္တြဲေဆာင္႐ြက္မႈမ်ား ရွိခဲ့ေၾကာင္း ဝန္ႀကီးဦးသန္းေဆြက ေျပာသည္။

လက္ရွိတြင္ EAO (၁၈)ဖြဲ႕ က်န္ရွိၿပီး ၎တို႔အနက္ (၁ဝ)ဖြဲ႕သည္ ၂ဝ၁၅ ခုႏွစ္တြင္ NCA လက္မွတ္ေရးထိုးခဲ့ေၾကာင္း ႏွင့္ က်န္ (၈)ဖြဲ႕သည္ NCA လက္မွတ္ေရးထိုးထားျခင္း မရွိေသးေၾကာင္း သိရသည္။

လက္ရွိ နစကအစိုးရလက္ထက္တြင္ EAO မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈ (၁ဝ၆)ႀကိမ္ ျပဳလုပ္ခဲ့ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးညႇိႏႈိင္းမႈအႀကိမ္ (၅ဝဝဝ)ေက်ာ္ ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြက ထည့္သြင္း ေျပာဆိုထားသည္။

သို႔ေသာ္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို တပ္မေတာ္ဘက္က လိုက္နာခဲ့ေသာ္လည္း EAO အခ်ိဳ႕သည္ သေဘာတူညီခ်က္ကို ေဖာက္ဖ်က္ကာ အစိုးရထိန္းခ်ဳပ္နယ္ေျမအတြင္း ဝင္ေရာက္တိုက္ခိုက္ျခင္း၊ သယံဇာတ ထြက္ရွိရာ ေဒသမ်ားသို႔ ဝင္ေရာက္ေျခကုပ္စခန္း တည္ေဆာက္ျခင္းႏွင့္ လူထုကို အႏၲရာယ္ေပးျခင္းေၾကာင့္ တန္ျပန္တိုက္ခိုက္ခဲ့ရျခင္းျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုထားသည္။

လက္ရွိတြင္ ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၌ တိုက္ခိုက္မႈအစား ေဆြးေႏြးမႈႏွင့္ေဆာင္႐ြက္ေနသည္မွာ (၃၃)ႏွစ္ ေက်ာ္ ရွိေနၿပီးျဖစ္ေသာ္လည္း ၎ကာလအတြင္း EAO အမ်ားစုသည္ အျမန္အစြန္းအလြန္ႀကီးမားသည့္ မူးယစ္ေဆးဝါးလုပ္ငန္းကို မစြန႔္လႊတ္ႏိုင္၍ အခ်ိန္ဆြဲေနျခင္းသာျဖစ္ေၾကာင္း ဝန္ႀကီးဦးသန္းေဆြက ထပ္မံေျပာဆို ထားသည္။

ထို႔ျပင္ ၎က အစိုးရအဆက္ဆက္အေနျဖင့္ အပစ္အခတ္ရပ္စဲမႈကို မပ်က္လိုသည့္အတြက္ စိတ္ရွည္ရွည္ထားကာ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းလည္း ဆက္လက္ေျပာဆိုထားသည္။

EAO မ်ားသည္ အဓိကအားျဖင့္ နယ္စပ္ေဒသမ်ား၌ မူးယစ္ေဆးဝါး၊ လက္နက္ႏွင့္ လူေမွာင္ခိုမႈကဲ့သို႔ တရားမဝင္ လုပ္ငန္းမ်ားမွ ရရွိသည့္ အက်ိဳးအျမတ္မ်ားကို မစြန႔္လႊတ္လိုသည့္အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ အျပည့္အဝမပါဝင္ၾကျခင္းျဖစ္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးဦးသန္းေဆြက ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ အျပည့္အဝ မပါဝင္သည့္အျပင္ ေ႐ြးေကာက္ပြဲ(၃)ႀကိမ္စလုံး၌ မပါဝင္ခဲ့ ေၾကာင္း သိရသည္။

လက္ရွိတြင္ ဓာတုပစၥည္းမ်ားကို အေျခခံေသာ မူးယစ္ေဆးမ်ား ထုတ္လုပ္လာၾကသည့္အတြက္ မူးယစ္ေဆးဝါးကို ႏွိမ္နင္းရန္ ပိုမိုခက္ခဲလာေၾကာင္း နစကဘက္က ေျပာဆိုထားသည္။

ႏိုင္ငံအတြင္း၌ မူးယစ္ေဆးဝါးမ်ားကို ကုန္တင္ကားမ်ားျဖင့္ပါ သယ္ယူပို႔ေဆာင္မႈမ်ားရွိေနၿပီး မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈျဖစ္စဥ္မ်ားမွာလည္း အမ်ားအျပားရွိေနသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.