ပေါင်မြို့၌ သံဃာတစ်ပါးအား ရဲဒင်းဖြင့် ခုတ်သတ်ပြီး အိမ်သာကျင်းတွင် အလောင်းဖျောက်ပစ်ခဲ့သူများကို ဖမ်းဆီးရမိ

 4474

(NP News) - ဇွန်လ ၂၃

မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်တွင် သံဃာတစ်ပါးအား ရဲဒင်းဖြင့် ခုတ်သတ်ပြီး အိမ်သာကျင်းတွင် အလောင်းအား ဖျောက်ပစ်ခဲ့သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သေစာသောက်စားနေခြင်းကြောင့် မသောက်ရန်တားခဲ့သည့် သံဃာတော်အား ပြီးခဲ့သည့် (ဇွန်လ ၂ဝ ရက်) ညပိုင်းက အမျိုးသား(၄)ဦးမှ ရဲဒင်းဖြင့် ခုတ်သတ်၍ အိမ်သာကျင်း အတွင်း စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသံဃာတော်၏ အလောင်းအား ဇွန်လ(၂၂)ရက်၊ နံနက်(၉)နာရီဝန်းကျင်အချိန်တွင် ဘုန်းကြီးကျောင်း အတွင်းရှိ အိမ်သာကျင်းတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စိတ္တဟံသာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဆရာတော်အား ရဲဒင်းဖြင့် ခုတ်သတ်ခဲ့သူများအနက် သုံးဦးမှာ လက်ရှိတွင် ဖမ်းဆီးရမိထားပြီး တစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေသေးကြောင်း သိရသည်။

“ဘယ်လိုကြောင့် မိပြီး အဖမ်းခံရလဲတော့မသိဘူး။ ရဲတွေ ဖမ်းဆီးပြီးမှ အသင်းကိုဆက်သွယ်တာပါ။ လေးယောက်မှာ သုံးယောက်တော့ မိထားတယ်။ တစ်ယောက်ကတော့ ပျောက်နေပါတယ်” ဟု စိတ္တဟံသာလူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ရဲဒင်းဖြင့် အခုတ်ခံရမှုကြောင့် အဆိုပါ သံဃာတော်တွင် လည်ပင်းတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

၎င်းသည် သာသနာပြုဓမ္မစကြာ(ခ)ဓာတ်တိုင်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဥူးကောသလ္လဖြစ်ပြီး ရုပ်အလောင်းအား စွယ်တော်သုဿန်သို့ ပို့ဆောင်ခဲ့ပြီး မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ကျူးလွန်ခဲ့သူများမှာ သိန်းဇော်၊ ရဲလင်းထွန်း၊ ဘိုဘိုနှင့် အနှေးတို့ဖြစ်ကြောင်း သိရပြီး လက်ရှိတွင် သိန်းဇော်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

Zawgyi Version;
ေပါင္ၿမိဳ႕၌ သံဃာတစ္ပါးအား ရဲဒင္းျဖင့္ ခုတ္သတ္ၿပီး အိမ္သာက်င္းတြင္ အေလာင္းေဖ်ာက္ပစ္ခဲ့သူမ်ားကို ဖမ္းဆီးရမိ
(NP News) - ဇြန္လ ၂၃

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕၊ မိုးႏိုင္းရပ္ကြက္တြင္ သံဃာတစ္ပါးအား ရဲဒင္းျဖင့္ ခုတ္သတ္ၿပီး အိမ္သာက်င္းတြင္ အေလာင္းအား ေဖ်ာက္ပစ္ခဲ့သူမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဘုန္းႀကီးေက်ာင္းဝင္းအတြင္း အရက္ေသစာေသာက္စားေနျခင္းေၾကာင့္ မေသာက္ရန္တားခဲ့သည့္ သံဃာေတာ္အား ၿပီးခဲ့သည့္ (ဇြန္လ ၂ဝ ရက္) ညပိုင္းက အမ်ိဳးသား(၄)ဦးမွ ရဲဒင္းျဖင့္ ခုတ္သတ္၍ အိမ္သာက်င္း အတြင္း စြန႔္ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသံဃာေတာ္၏ အေလာင္းအား ဇြန္လ(၂၂)ရက္၊ နံနက္(၉)နာရီဝန္းက်င္အခ်ိန္တြင္ ဘုန္းႀကီးေက်ာင္း အတြင္းရွိ အိမ္သာက်င္းတြင္း၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း စိတၱဟံသာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ဆရာေတာ္အား ရဲဒင္းျဖင့္ ခုတ္သတ္ခဲ့သူမ်ားအနက္ သုံးဦးမွာ လက္ရွိတြင္ ဖမ္းဆီးရမိထားၿပီး တစ္ဦးမွာ ထြက္ေျပး တိမ္းေရွာင္ေနေသးေၾကာင္း သိရသည္။

“ဘယ္လိုေၾကာင့္ မိၿပီး အဖမ္းခံရလဲေတာ့မသိဘူး။ ရဲေတြ ဖမ္းဆီးၿပီးမွ အသင္းကိုဆက္သြယ္တာပါ။ ေလးေယာက္မွာ သုံးေယာက္ေတာ့ မိထားတယ္။ တစ္ေယာက္ကေတာ့ ေပ်ာက္ေနပါတယ္” ဟု စိတၱဟံသာလူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ရဲဒင္းျဖင့္ အခုတ္ခံရမႈေၾကာင့္ အဆိုပါ သံဃာေတာ္တြင္ လည္ပင္းတြင္ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

၎သည္ သာသနာျပဳဓမၼစၾကာ(ခ)ဓာတ္တိုင္ဘုန္းႀကီးေက်ာင္းတြင္ သီတင္းသုံးေနသည့္ ဥဴးေကာသလႅျဖစ္ၿပီး ႐ုပ္အေလာင္းအား စြယ္ေတာ္သုႆန္သို႔ ပို႔ေဆာင္ခဲ့ၿပီး မီးသၿဂိဳလ္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္အား က်ဴးလြန္ခဲ့သူမ်ားမွာ သိန္းေဇာ္၊ ရဲလင္းထြန္း၊ ဘိုဘိုႏွင့္ အေႏွးတို႔ျဖစ္ေၾကာင္း သိရၿပီး လက္ရွိတြင္ သိန္းေဇာ္မွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.