အာဆီယံနိုင်ငံများ ပထမဆုံးအကြိမ်ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်တဲ့အစီအစဉ်များ တွေ့ဆုံဆွေးနွေးပွဲကိုပါဝင်ဖို့ မြန်မာ နဲ့ ကမ္ဘောဒီးယားတို့ တုံ့ပြန်ခဲ့ခြင်းမရှိဟုဆို

 2904

ဂျန်ဇက် (NP News) - ဇွန် ၂၃

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယား နဲ့ မြန်မာနိုင်ငံတို့ဟာ အာဆီယံအဖွဲ့က ပထမဆုံးအကြိမ်ပြုလုပ် မယ့် စစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီးအစီအစဉ်များဆွေးနွေးမယ့် အစည်းအဝေးကို ပါဝင်ဖို့ ဖိတ်ကြားချက်ကို တုံ့ပြန်ခြင်းမရှိခဲ့ကြောင်း၊ အင်ဒိုနီးရှား စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Rudy Hernawan က ပြောပါတယ်။

အာဆီယံနိုင်ငံဟာ ဒေသအတွင်းမှာ တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်အရေး ပိုင်နက်နယ်မြေအငြင်းပွားမှုများ ရှိနေချိန်မှာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ နဲ့ နီးစပ်မှုရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံ နဲ့ မြန်မာနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်း ကျင်းပခဲ့တဲ့ စစ်ရေး လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ပြုလုပ်မယ့်အစည်းအဝေးကို ပါဝင်ခဲ့ခြင်းမရှိခဲ့ကြောင်း အင်ဒိုနီးရှားစစ်ဘက်က ပြောပါတယ်။

ဇွန်လ ၇ ရက် ကျင်းပခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း လေ့ကျင့်မယ့် ပထမဆုံးအကြိမ် အာဆီယံစစ်ရေးလေ့ကျင့်ခန်းကိုပြုလုပ်ဖို့ သဘောတူညီခဲ့ကြောင်း၊ ကြည်းတပ်၊ ရေတပ် နဲ့ အထူးတပ်ဖွဲ့များပူးပေါင်းလေ့ကျင့်မယ့် အာဆီယံနိုင်ငံများရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို စက်တင်ဘာ ၁၈ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမှာဖြစ်ကြောင်း အင်ဒိုနီးရှားစစ်တပ် က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်က ကျင်းပခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့စစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး အစီအစဉ်များကို တွေ့ဆုံ ဆွေးနွေးရာမှာ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မယ့်နေရာ၊ အသုံးပြုမယ့်စစ်လက်နက်ပစ္စည်းများ၊ အပါအဝင် လေ့ကျင့်ခန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းနိုင်ငံတို့ဟာ တောင်တရုတ် ပင်လယ်အရေးနဲ့ပတ်သက်ပြီး ပိုင်နက်နယ်မြေအငြင်းပွားမှုများရှိနေပြီး အထူးသဖြင့် တရုတ်နိုင်ငံ နဲ့ ပိုင်နက်နယ်မြေ အငြင်းပွားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို မလက္ကာရေလက် ကြားနားမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားကြောင်း၊ အင်ဒိုနီးရှားစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Rear Admiral Julius Widjojono က ပြောပါတယ်။

Zawgyi Version;
အာဆီယံႏိုင္ငံမ်ား ပထမဆုံးအႀကိမ္ျပဳလုပ္မယ့္ စစ္ေရးေလ့က်င့္ခန္းနဲ႔ပတ္သက္တဲ့အစီအစဥ္မ်ား ေတြ႕ဆုံေဆြးေႏြးပြဲကိုပါဝင္ဖို႔ ျမန္မာ နဲ႔ ကေမာၻဒီးယားတို႔ တုံ႔ျပန္ခဲ့ျခင္းမရွိဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၃

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္တဲ့ ကေမာၻဒီးယား နဲ႔ ျမန္မာႏိုင္ငံတို႔ဟာ အာဆီယံအဖြဲ႕က ပထမဆုံးအႀကိမ္ျပဳလုပ္ မယ့္ စစ္ေရးေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီးအစီအစဥ္မ်ားေဆြးေႏြးမယ့္ အစည္းအေဝးကို ပါဝင္ဖို႔ ဖိတ္ၾကားခ်က္ကို တုံ႔ျပန္ျခင္းမရွိခဲ့ေၾကာင္း၊ အင္ဒိုနီးရွား စစ္တပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Rudy Hernawan က ေျပာပါတယ္။

အာဆီယံႏိုင္ငံဟာ ေဒသအတြင္းမွာ တ႐ုတ္ႏိုင္ငံနဲ႔ ေတာင္တ႐ုတ္ပင္လယ္အေရး ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ား ရွိေနခ်ိန္မွာ ပထမဆုံးအႀကိမ္ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားလုပ္ေဆာင္ဖို႔ စီစဥ္ခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံ နဲ႔ နီးစပ္မႈရွိတဲ့ ကေမာၻဒီးယားႏိုင္ငံ နဲ႔ ျမန္မာႏိုင္ငံတို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္း က်င္းပခဲ့တဲ့ စစ္ေရး ေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီး ျပဳလုပ္မယ့္အစည္းအေဝးကို ပါဝင္ခဲ့ျခင္းမရွိခဲ့ေၾကာင္း အင္ဒိုနီးရွားစစ္ဘက္က ေျပာပါတယ္။

ဇြန္လ ၇ ရက္ က်င္းပခဲ့တဲ့ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးမွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား ပူးေပါင္း ေလ့က်င့္မယ့္ ပထမဆုံးအႀကိမ္ အာဆီယံစစ္ေရးေလ့က်င့္ခန္းကိုျပဳလုပ္ဖို႔ သေဘာတူညီခဲ့ေၾကာင္း၊ ၾကည္းတပ္၊ ေရတပ္ နဲ႔ အထူးတပ္ဖြဲ႕မ်ားပူးေပါင္းေလ့က်င့္မယ့္ အာဆီယံႏိုင္ငံမ်ားရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို စက္တင္ဘာ ၁၈ ရက္ကေန ၂၅ ရက္အထိ က်င္းပမွာျဖစ္ေၾကာင္း အင္ဒိုနီးရွားစစ္တပ္ က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဇြန္လ ၁၇ ရက္က က်င္းပခဲ့တဲ့ အာဆီယံအဖြဲ႕ရဲ႕စစ္ေရးေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီး အစီအစဥ္မ်ားကို ေတြ႕ဆုံ ေဆြးေႏြးရာမွာ စစ္ေရးေလ့က်င့္ခန္းျပဳလုပ္မယ့္ေနရာ၊ အသုံးျပဳမယ့္စစ္လက္နက္ပစၥည္းမ်ား၊ အပါအဝင္ ေလ့က်င့္ခန္းအစီအစဥ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအနက္ ဗီယက္နမ္၊ မေလးရွား၊ ဘ႐ူႏိုင္း၊ ဖိလစ္ပိုင္၊ ဘ႐ူးႏိုင္းႏိုင္ငံတို႔ဟာ ေတာင္တ႐ုတ္ ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားရွိေနၿပီး အထူးသျဖင့္ တ႐ုတ္ႏိုင္ငံ နဲ႔ ပိုင္နက္နယ္ေျမ အျငင္းပြားေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါစစ္ေရးေလ့က်င့္ခန္းကို မလကၠာေရလက္ ၾကားနားမွာ က်င္းပျပဳလုပ္ဖို႔ စီစဥ္ထားေၾကာင္း၊ အင္ဒိုနီးရွားစစ္တပ္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Rear Admiral Julius Widjojono က ေျပာပါတယ္။

Related news

© 2021. All rights reserved.