မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်မှုကွင်းဆက်မှ တွံတေးမြို့ပြပြောက်ကျားအဖွဲ့၏ ဒုခေါင်းဆောင်အပါအဝင် (၁၇)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ဟု နစကထုတ်ပြန်

 1217

Pearl (NP News) - ဇွန် ၂၅

မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်မှုကွင်းဆက်မှ တွံတေးမြို့ပြပြောက်ကျားအဖွဲ့၏ ဒုခေါင်းဆောင်အပါအဝင် (၁၇)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်သို့ အကြမ်း ဖက်သမား ၃ ဦးမှ သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်လုယက်သူများနှင့် ဆက်စပ်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့အား ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများ၊ လက်နက်/ခဲယမ်းမျိုးစုံတို့နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်များအရ တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့သည် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အပြစ်မဲ့ပြည်သူများအားလုပ်ကြံသတ် ဖြတ်မှုများ နှင့် ဓားပြတိုက်လုယက်မှုများ ကျူးလွန်ထားကြောင်းသိရသည်။

ထို့နောက် ၎င်းတို့၏ထွက်ဆိုချက်အရ ဇွန်လ ၂ဝ ရက်တွင် တွံတေးမြို့ပြပြောက်ကျား အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင်များဖြစ်သည့် ဆက်ပိုင်မျိုး၊ ဇော်မျိုးခန့်နှင့် ၎င်းတို့အားလက်ခံထားသည့် ကျော်သူဟိန်း၊ ဥက္ကာကျော်၊ မျိုးညွန့်အောင်တို့အား မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဝေဘာဂီလမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။

အလားတူ ဇွန်လ ၂၂ ရက်၊ ညနေပိုင်းတွင် ဓားပြတိုက်လုယက်မှုတွင်ပါဝင်ခဲ့သည့် ကျော်ဇင်ထိုက် (ခ)ကိုကြီးကျော် ၊ ဝီလျံထိုက်(ခ)ဝီလျံ ၊ ခိုင်ခန့်ဇော်(ခ)ရှမ်းလေးနှင့် ၎င်းတို့အား လက်ခံထားသည့် လှသိန်း(ခ)မူဆယ် တို့အား Sig Sauer ပစ္စတို ၁ လက်၊ Kuzey ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၄ ခု၊ ၉ မမကျည် ၄၇ တောင့် တို့နှင့်အတူ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် တွံတေးမြို့ပြပြောက်ကျားအဖွဲ့ ဒုတိယခေါင်းဆောင် ဆံရှည်(ခ) ကိုထက်(ခ) ထက်နိုင်ဦး နှင့် ၎င်းအားလက်ခံထားရှိပြီး လက်နက်/ခဲယမ်းများအား သိမ်းဆည်းပေးထားသည့် လှမျိုးဇော်(ခ) ချစ်ထူး ၊ မြင့်လွင်၊ သောရေမူး (ခ) ဖိုးသောကြာ၊ လဲပွဲမူး ၊ လယ်မူးနှင့် ငြိမ်းချမ်း (ခ)ပသီတို့အား Sig Sauer ပစ္စတို ၁ လက်၊ Pietro Beretta ပစ္စတို ၁ လက်၊ Beretta ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ၉ မမကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၂ လုံးတို့နှင့်အတူ တွံတေးမြို့နယ်၊ ရေကျော်စုကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် အဖွဲ့ဝင် လေးမောင်မောင်(ခ)ရွှေကွန်းအား တွံတေးမြို့နယ်၊ ရေကျော်စုကျေးရွာရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၆ ဦးတို့အား လက်နက်ငယ်မျိုးစုံ ၁ဝ လက်၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၅ လုံး၊ ကျည်မျိုးစုံ ၆၂၇ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင်သည် KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေအတွင်း ခိုအောင်းလျက်ရှိသည့် ဖမ်းဆီးရန်ကျန် ချမ်းမြေ့အောင်ဖြစ်ပြီး ၎င်း၏ခိုင်းစေမှုဖြင့် လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်၊ ဓားပြတိုက်မှု (၃)ကြိမ်ကျူးလွန်ခဲ့ကြောင်း ဇွန်လ ၂ဝ ရက်တွင် နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထပ်မံဖမ်းဆီးရမိခဲ့သည့် ဒုခေါင်းဆောင်ထက်နိုင်ဦး၏ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်၊ အကြမ်းဖက်ဖောက်ခွဲမှု(၁)ကြိမ် ထပ်မံကျူးလွန်ခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

ထို့ကြောင့် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း လုပ်ကြံသတ်ဖြတ်မှု (၂ဝ) ကြိမ်၊ ဓါးပြတိုက်လုယက်မှု (၃) ကြိမ်နှင့် အကြမ်းဖက်ဖောက်ခွဲမှု (၁)ကြိမ်၊ စုစုပေါင်းအကြမ်းဖက်လုပ်ဆောင်မှု (၂၄)ကြိမ်တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း နစကမှ ဆိုသည်။

အထက်ပါ ဖမ်းဆီးရမိသူများအား ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်များအား ဥပဒေအတိုင်း ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ျမတ္ေမာင္ေ႐ႊဆိုင္ ဓါးျပတိုက္မႈကြင္းဆက္မွ တြံေတးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕၏ ဒုေခါင္းေဆာင္အပါအဝင္ (၁၇)ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ဟု နစကထုတ္ျပန္

Pearl (NP News) - ဇြန္ ၂၅

ျမတ္ေမာင္ေ႐ႊဆိုင္ ဓါးျပတိုက္မႈကြင္းဆက္မွ တြံေတးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕၏ ဒုေခါင္းေဆာင္အပါအဝင္ (၁၇)ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္လ ၁၈ ရက္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ “ျမတ္ေမာင္”စိန္ေ႐ႊရတနာဆိုင္သို႔ အၾကမ္း ဖက္သမား ၃ ဦးမွ ေသနတ္ျပၿခိမ္းေျခာက္ ဓားျပတိုက္လုယက္သူမ်ားႏွင့္ ဆက္စပ္သူ အမ်ိဳးသား ၈ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦး၊ စုစုေပါင္း ၉ ဦးတို႔အား ယူေဆာင္သြားသည့္ ေ႐ႊထည္ပစၥည္းမ်ား၊ လက္နက္/ခဲယမ္းမ်ိဳးစုံတို႔ႏွင့္အတူ ျဖစ္စဥ္ျဖစ္ပြားၿပီး ၅ နာရီအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားၿပီးျဖစ္သည္။

ထို႔ျပင္ ဖမ္းဆီးရမိသူမ်ားအား စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ တြံေတးၿမိဳ႕ျပေျပာက္က်ား အမည္ခံအၾကမ္းဖက္အဖြဲ႕သည္ တြံေတးၿမိဳ႕နယ္ႏွင့္ ရန္ကုန္ၿမိဳ႕အတြင္း အျပစ္မဲ့ျပည္သူမ်ားအားလုပ္ႀကံသတ္ ျဖတ္မႈမ်ား ႏွင့္ ဓားျပတိုက္လုယက္မႈမ်ား က်ဴးလြန္ထားေၾကာင္းသိရသည္။

ထို႔ေနာက္ ၎တို႔၏ထြက္ဆိုခ်က္အရ ဇြန္လ ၂ဝ ရက္တြင္ တြံေတးၿမိဳ႕ျပေျပာက္က်ား အမည္ခံ အၾကမ္း ဖက္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ဆက္ပိုင္မ်ိဳး၊ ေဇာ္မ်ိဳးခန႔္ႏွင့္ ၎တို႔အားလက္ခံထားသည့္ ေက်ာ္သူဟိန္း၊ ဥကၠာေက်ာ္၊ မ်ိဳးၫြန႔္ေအာင္တို႔အား ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္(၄)ရပ္ကြက္၊ ေဝဘာဂီလမ္းတြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။

အလားတူ ဇြန္လ ၂၂ ရက္၊ ညေနပိုင္းတြင္ ဓားျပတိုက္လုယက္မႈတြင္ပါဝင္ခဲ့သည့္ ေက်ာ္ဇင္ထိုက္ (ခ)ကိုႀကီးေက်ာ္ ၊ ဝီလ်ံထိုက္(ခ)ဝီလ်ံ ၊ ခိုင္ခန႔္ေဇာ္(ခ)ရွမ္းေလးႏွင့္ ၎တို႔အား လက္ခံထားသည့္ လွသိန္း(ခ)မူဆယ္ တို႔အား Sig Sauer ပစၥတို ၁ လက္၊ Kuzey ပစၥတို ၁ လက္၊ ပစၥတိုက်ည္အိမ္ ၄ ခု၊ ၉ မမက်ည္ ၄၇ ေတာင့္ တို႔ႏွင့္အတူ ဖ်ာပုံၿမိဳ႕နယ္၊ အေျပာင္ေက်း႐ြာ၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဇြန္လ ၂၃ ရက္၊ နံနက္ပိုင္းတြင္ တြံေတးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ ဒုတိယေခါင္းေဆာင္ ဆံရွည္(ခ) ကိုထက္(ခ) ထက္ႏိုင္ဦး ႏွင့္ ၎အားလက္ခံထားရွိၿပီး လက္နက္/ခဲယမ္းမ်ားအား သိမ္းဆည္းေပးထားသည့္ လွမ်ိဳးေဇာ္(ခ) ခ်စ္ထူး ၊ ျမင့္လြင္၊ ေသာေရမူး (ခ) ဖိုးေသာၾကာ၊ လဲပြဲမူး ၊ လယ္မူးႏွင့္ ၿငိမ္းခ်မ္း (ခ)ပသီတို႔အား Sig Sauer ပစၥတို ၁ လက္၊ Pietro Beretta ပစၥတို ၁ လက္၊ Beretta ပစၥတို ၁ လက္၊ ပစၥတိုက်ည္အိမ္ ၃ ခု၊ ၉ မမက်ည္ ၃၀ ေတာင့္၊ လက္ပစ္ဗုံး ၁ လုံး၊ လက္လုပ္ရႈိ႕ပစ္ဗုံး ၂ လုံးတို႔ႏွင့္အတူ တြံေတးၿမိဳ႕နယ္၊ ေရေက်ာ္စုေက်း႐ြာ၌ ဖမ္းဆီးရမိခဲ့ၿပီး ယင္းေန႔ညေနပိုင္းတြင္ အဖြဲ႕ဝင္ ေလးေမာင္ေမာင္(ခ)ေ႐ႊကြန္းအား တြံေတးၿမိဳ႕နယ္၊ ေရေက်ာ္စုေက်း႐ြာရွိ ၎၏ေနအိမ္၌ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ အမ်ိဳးသား ၂၄ ဦးႏွင့္ အမ်ိဳးသမီး ၂ ဦး၊ စုစုေပါင္း ၂၆ ဦးတို႔အား လက္နက္ငယ္မ်ိဳးစုံ ၁ဝ လက္၊ က်ည္အိမ္မ်ိဳးစုံ ၁၅ ခု၊ လက္ပစ္ဗုံးမ်ိဳးစုံ ၅ လုံး၊ က်ည္မ်ိဳးစုံ ၆၂၇ ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ကာ ဓားျပတိုက္လုယက္ယူေဆာင္သြားသည့္ ေ႐ႊထည္ပစၥည္းမ်ားအား ျပန္လည္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

တြံေတးၿမိဳ႕ျပေျပာက္က်ား အမည္ခံအၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္သည္ KNLA တပ္မဟာ(၆)လႈပ္ရွားနယ္ေျမအတြင္း ခိုေအာင္းလ်က္ရွိသည့္ ဖမ္းဆီးရန္က်န္ ခ်မ္းေျမ့ေအာင္ျဖစ္ၿပီး ၎၏ခိုင္းေစမႈျဖင့္ လုပ္ႀကံသတ္ျဖတ္မႈ (၁ဝ)ႀကိမ္၊ ဓားျပတိုက္မႈ (၃)ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္း ဇြန္လ ၂ဝ ရက္တြင္ နစကမွ သတင္းထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ ထပ္မံဖမ္းဆီးရမိခဲ့သည့္ ဒုေခါင္းေဆာင္ထက္ႏိုင္ဦး၏ ထြက္ဆိုခ်က္အရ လုပ္ႀကံသတ္ျဖတ္မႈ (၁ဝ)ႀကိမ္၊ အၾကမ္းဖက္ေဖာက္ခြဲမႈ(၁)ႀကိမ္ ထပ္မံက်ဴးလြန္ခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ တြံေတးၿမိဳ႕ျပေျပာက္က်ားအမည္ခံ အၾကမ္းဖက္အဖြဲ႕အေနျဖင့္ တြံေတးၿမိဳ႕နယ္ႏွင့္ ရန္ကုန္ၿမိဳ႕အတြင္း လုပ္ႀကံသတ္ျဖတ္မႈ (၂ဝ) ႀကိမ္၊ ဓါးျပတိုက္လုယက္မႈ (၃) ႀကိမ္ႏွင့္ အၾကမ္းဖက္ေဖာက္ခြဲမႈ (၁)ႀကိမ္၊ စုစုေပါင္းအၾကမ္းဖက္လုပ္ေဆာင္မႈ (၂၄)ႀကိမ္တို႔အား က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရေၾကာင္း နစကမွ ဆိုသည္။

အထက္ပါ ဖမ္းဆီးရမိသူမ်ားအား ၎တို႔ႏွင့္ထိုက္တန္သည့္ ျပစ္ဒဏ္မ်ားအား ဥပေဒအတိုင္း ထိေရာက္စြာအေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

My Mine

25/06/2023 14:38

တိုင်းပြည်ကယ်တင်တာတဲ့ကွာ....ဆောက်ကုလား...ကိုယ်မအေကိုယ့်နှမတောင်...လိမ်လိုးနေတဲ့ကောင်တွေက...လူငယ်တွေကို..စည်းရုံး လူသတ်ခိုင်းနေတာ...ဒါတောင်မိဘအစ်ကိုအစ်မတွေက..ဘာမှမသိကြဘူးဖြစ်နေတာ....

Picture

My Mine

25/06/2023 14:42

အဖြေ က ရှင်းနေပြီနော်....အစိုးရက...ဘာမှမသိသလိုမနေနနဲ့...ဘာသာရေးအစွန်းရောက်တွေက..လုပ်နေတာနော်...သတိထားကြပါဗျ...။

Picture

My Mine

25/06/2023 15:34

အချူပ်ကတော့...ဗျာ....လူကောင်းပဲဖြစ်ဖြစ်..အယောင်ဆောင်ပဲ..ဖြစ်စေ..ခေါင်းဆောင်တွေပဲ ကိုင်ကြရမှာပါပဲ

Related news

© 2021. All rights reserved.