သန်းခေါင်စာရင်းကောက်ယူရေး၌ နိုင်ငံတကာအကြံပေးခေါ်ယူလျက်ရှိပြီး ၎င်းအကြံပေးအနေဖြင့် အစိုးရလျှို့ဝှက်အက်ဥပဒေကို လိုက်နာရမည်

 4257

မျိုးကြီး (NP News) - ဇွန် ၂၅

၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရန် မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်ဖွဲ့ခြင်းလုပ်ငန်းများအတွက် နိုင်ငံတကာအကြံပေးပုဂ္ဂိုလ် အဆိုပြုလွှာခေါ်ယူလျက်ရှိနေသည်။

၎င်းအဆိုပြုလွှာကို နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ခေါ်ယူနေခြင်းဖြစ်ပြီး အဆိုပြုလွှာများကို ဇူလိုင်လ ၁၄ ရက် နောက်ဆုံးထားကာ ဝန်ကြီးဌာနသို့ တင်သွင်းရမည်ဖြစ် ကြောင်း ကြေညာထားသည်။

အကြံပေးပုဂ္ဂိုလ်ငှားရမ်းခြင်း၏ ရည်ရွယ်ချက်သည် ၂ဝ၂၄ ခုနှစ်တွင် ကောက်ယူရန်လျာထားသည့် သန်းခေါင်စာရင်းလုပ်ငန်းအောင်မြင်မှု၏ အဓိကျသည့် မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်ဖွဲ့စည်းခြင်းလုပ်ငန်းနှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးပေးရန်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် အကြံပေးပုဂ္ဂိုလ်သည် တိုင်းနှင့်ပြည်နယ်များတွင် ကွင်းဆင်းဆောင်ရွက်နေသော မြို့ပြ Census Unit များ ဖွဲ့စည်းခြင်းအား ပြည်သူ့အင်အားဦးစီးဌာန အရာထမ်းများနှင့်အတူ သွားရောက်စစ်ဆေးရမည်ဟု တာဝန်များ သတ်မှတ်ပေးထားသည်။

အကြံပေးပုဂ္ဂိုလ်အနေဖြင့် ဖွဲ့စည်းထားသော မြို့ပြနှင့်ကျေးလက် Census Unit များကို အခြေခံ၍ တစ်နိုင်ငံလုံး၏ စာရင်းကောက်ကွက်မြေပုံများ ဖွဲ့စည်းပေးရန်အပါအဝင် အခြားသောတာဝန်များကို ထမ်းဆောင်ရမည်ဟုလည်း ဝန်ကြီးဌာနက ကြေညာထားသည်။

ထို့ပြင် အကြံပေးပုဂ္ဂိုလ်သည် စာချုပ်လက်မှတ်ရေးထိုးပြီးနောက် ၂ဝ၂၃ ခုနှစ် စက်တင်ဘာလမှစ၍ ၂ဝ၂၄ ခုနှစ် မတ်လအထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်အနေဖြင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေအပါအဝင် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအားလုံးကို လိုက်နာရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။

ထိုသို့ လိုက်နာခြင်းမရှိဘဲ ပြစ်မှုကျူးလွန်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဟုလည်း လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆိုထားသည်။

zawgyi version
သန္းေခါင္စာရင္းေကာက္ယူေရး၌ ႏိုင္ငံတကာအႀကံေပးေခၚယူလ်က္ရွိၿပီး ၎အႀကံေပးအေနျဖင့္ အစိုးရလွ်ိဳ႕ဝွက္အက္ဥပေဒကို လိုက္နာရမည္

မ်ိဳးႀကီး (NP News) - ဇြန္ ၂၅

၂ဝ၂၄ ခုႏွစ္ သန္းေခါင္စာရင္းေကာက္ယူရန္ ေျမပုံေရးဆြဲျခင္းႏွင့္ စာရင္းေကာက္ကြက္ဖြဲ႕ျခင္းလုပ္ငန္းမ်ားအတြက္ ႏိုင္ငံတကာအႀကံေပးပုဂၢိဳလ္ အဆိုျပဳလႊာေခၚယူလ်က္ရွိေနသည္။

၎အဆိုျပဳလႊာကို နစက၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ေခၚယူေနျခင္းျဖစ္ၿပီး အဆိုျပဳလႊာမ်ားကို ဇူလိုင္လ ၁၄ ရက္ ေနာက္ဆုံးထားကာ ဝန္ႀကီးဌာနသို႔ တင္သြင္းရမည္ျဖစ္ ေၾကာင္း ေၾကညာထားသည္။

အႀကံေပးပုဂၢိဳလ္ငွားရမ္းျခင္း၏ ရည္႐ြယ္ခ်က္သည္ ၂ဝ၂၄ ခုႏွစ္တြင္ ေကာက္ယူရန္လ်ာထားသည့္ သန္းေခါင္စာရင္းလုပ္ငန္းေအာင္ျမင္မႈ၏ အဓိက်သည့္ ေျမပုံေရးဆြဲျခင္းႏွင့္ စာရင္းေကာက္ကြက္ဖြဲ႕စည္းျခင္းလုပ္ငန္းႏွင့္ပတ္သက္၍ နည္းပညာပိုင္းဆိုင္ရာ အႀကံဉာဏ္မ်ား ပံ့ပိုးေပးရန္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

ထို႔ျပင္ အႀကံေပးပုဂၢိဳလ္သည္ တိုင္းႏွင့္ျပည္နယ္မ်ားတြင္ ကြင္းဆင္းေဆာင္႐ြက္ေနေသာ ၿမိဳ႕ျပ Census Unit မ်ား ဖြဲ႕စည္းျခင္းအား ျပည္သူ႔အင္အားဦးစီးဌာန အရာထမ္းမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရမည္ဟု တာဝန္မ်ား သတ္မွတ္ေပးထားသည္။

အႀကံေပးပုဂၢိဳလ္အေနျဖင့္ ဖြဲ႕စည္းထားေသာ ၿမိဳ႕ျပႏွင့္ေက်းလက္ Census Unit မ်ားကို အေျခခံ၍ တစ္ႏိုင္ငံလုံး၏ စာရင္းေကာက္ကြက္ေျမပုံမ်ား ဖြဲ႕စည္းေပးရန္အပါအဝင္ အျခားေသာတာဝန္မ်ားကို ထမ္းေဆာင္ရမည္ဟုလည္း ဝန္ႀကီးဌာနက ေၾကညာထားသည္။

ထို႔ျပင္ အႀကံေပးပုဂၢိဳလ္သည္ စာခ်ဳပ္လက္မွတ္ေရးထိုးၿပီးေနာက္ ၂ဝ၂၃ ခုႏွစ္ စက္တင္ဘာလမွစ၍ ၂ဝ၂၄ ခုႏွစ္ မတ္လအထိ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ ႏိုင္ငံတကာအႀကံေပးပုဂၢိဳလ္အေနျဖင့္ ျမန္မာႏိုင္ငံအစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒအပါအဝင္ ႏိုင္ငံေတာ္က ျပ႒ာန္းထားသည့္ တည္ဆဲဥပေဒမ်ားအားလုံးကို လိုက္နာရမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ေၾကညာထားသည္။

ထိုသို႔ လိုက္နာျခင္းမရွိဘဲ ျပစ္မႈက်ဴးလြန္ပါက ဥပေဒအရ အေရးယူျခင္းခံရမည္ဟုလည္း လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက ဆိုထားသည္။

Related news

© 2021. All rights reserved.