စစ်ကိုင်းရှိ PDF စခန်းတစ်ခုကို လုံခြုံရေးအဖွဲ့ စီးနင်းတိုက်ခိုက်ခဲ့ရာ PDF (၁၂)ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟုဆို

 8749

NP News - ဇွန် ၂၅

စစ်ကိုင်းတိုင်းအတွင်းရှိ PDF စခန်းတစ်ခုကို လုံခြုံရေးအဖွဲ့ စီးနင်းတိုက်ခိုက်ခဲ့ရာ PDF (၁၂)ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် ယနေ့(ဇွန်လ ၂၅ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာအနီးရှိ PDF စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူများက အသိပေးပြောဆိုထားသည်။

ထိုသို့ PDF စခန်းအား ဝင်ရောက်စီးနင်းစဉ် PDF အဖွဲ့ဝင် (၁၂)ဦးကို အသေရရှိခဲ့ကြောင်းလည်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူက ပြောဆိုထားသည်။

ထို့ပြင် ယင်း PDF စခန်းအတွင်းမှ သေနတ် (၁၂)လက်၊ စနိုက်ပါသေနတ် (၁)လက်၊ ဗုံးပစ်လောင်ချာ (၁)လက်၊ ကျည်ဆန် (၅ဝဝဝ)နီးပါးနှင့်အတူ လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အထက်ပါ PDF စခန်းအား လုံခြုံရေးအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းမှုအခြေအနေနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ပြန် အသိပေးခြင်းမျိုး မရှိသေးပေ။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်ကျေးရွာရှိ PDF စခန်းတစ်ခုအား လုံခြုံရေးအဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံကာ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း PDF စခန်းအတွင်းမှ လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်သေနတ်များအပါအဝင် မိုင်းအလုံးရေ များစွာကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက အသိပေးပြောဆိုနေကြသည်။

ထိုသို့ PDF စခန်းများ စီးနင်းခံရမှုအခြေအနေနှင့်ပတ်သက်၍လည်း NUG ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။

zawgyi version
စစ္ကိုင္းရွိ PDF စခန္းတစ္ခုကို လုံၿခဳံေရးအဖြဲ႕ စီးနင္းတိုက္ခိုက္ခဲ့ရာ PDF (၁၂)ဦး ေသဆုံးခဲ့ၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိဟုဆို

NP News - ဇြန္ ၂၅

စစ္ကိုင္းတိုင္းအတြင္းရွိ PDF စခန္းတစ္ခုကို လုံၿခဳံေရးအဖြဲ႕ စီးနင္းတိုက္ခိုက္ခဲ့ရာ PDF (၁၂)ဦးေသဆုံးခဲ့ၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းရရွိသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားသည္ ယေန႔(ဇြန္လ ၂၅ ရက္)၊ နံနက္ ၅ နာရီအခ်ိန္ခန႔္တြင္ စစ္ကိုင္းၿမိဳ႕နယ္၊ ကင္းေတာ္ေက်း႐ြာအနီးရွိ PDF စခန္းကို စီးနင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူမ်ားက အသိေပးေျပာဆိုထားသည္။

ထိုသို႔ PDF စခန္းအား ဝင္ေရာက္စီးနင္းစဥ္ PDF အဖြဲ႕ဝင္ (၁၂)ဦးကို အေသရရွိခဲ့ေၾကာင္းလည္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူက ေျပာဆိုထားသည္။

ထို႔ျပင္ ယင္း PDF စခန္းအတြင္းမွ ေသနတ္ (၁၂)လက္၊ စႏိုက္ပါေသနတ္ (၁)လက္၊ ဗုံးပစ္ေလာင္ခ်ာ (၁)လက္၊ က်ည္ဆန္ (၅ဝဝဝ)နီးပါးႏွင့္အတူ လက္နက္ခဲယမ္းမ်ိဳးစုံကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အထက္ပါ PDF စခန္းအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဝင္ေရာက္စီးနင္းမႈအေျခအေနႏွင့္ပတ္သက္၍ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က လက္ရွိအခ်ိန္အထိ တစ္စုံတစ္ရာထုတ္ျပန္ အသိေပးျခင္းမ်ိဳး မရွိေသးေပ။

အလားတူ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ ကိုင္းျပင္ေက်း႐ြာရွိ PDF စခန္းတစ္ခုအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ယေန႔ နံနက္ပိုင္းတြင္လည္း ထပ္မံကာ ဝင္ေရာက္စီးနင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

၎ PDF စခန္းအတြင္းမွ လက္လုပ္စိန္ေျပာင္းမ်ား၊ လက္လုပ္ေသနတ္မ်ားအပါအဝင္ မိုင္းအလုံးေရ မ်ားစြာကိုလည္း ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက အသိေပးေျပာဆိုေနၾကသည္။

ထိုသို႔ PDF စခန္းမ်ား စီးနင္းခံရမႈအေျခအေနႏွင့္ပတ္သက္၍လည္း NUG ဘက္မွ တစ္စုံတစ္ရာ ထုတ္ျပန္ေျပာဆိုျခင္းမ်ိဳး မေတြ႕ရေသးေပ။

Related news

© 2021. All rights reserved.