မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် ဩစတြေးလျက အမေရိကန်ဒေါ်လာ (၁၂) သန်းကျော် ထပ်မံကူညီ

 276

Pika (NP News) - ဇွန် ၂၆

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဆိုင်ကလုန်းမုန်တိုင်းမိုခါဝင်ရောက်တိုက်ခတ်ပြီးနောက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဩစတြေးလျအစိုးရက နောက်ထပ် အမေရိကန်ဒေါ်လာ(၁၂ ဒသမ ၅) သန်း ထပ်မံပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

မိုခါမုန်တိုင်းသည် မေလ(၁၄)ရက်က စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းတို့ တွင် ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးမှုများရှိခဲ့ကာ ခန့်မှန်းခြေလူပေါင်း(၂ ဒသမ ၄) သန်းခန့် မုန်တိုင်းဒဏ်သင့်ခဲ့ ကြောင်း သိရသည်။ ဩစတြေးလျအစိုးရသည် မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ(၁ ဒသမ ၆) သန်းကို ထောက်ပံ့မှုများ လုပ်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာ(၁ဝ ဒသမ ၅) သန်း ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအကူအညီကို ကုလသမဂ္ဂအေဂျင်စီများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း များကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဩစတြေးလျအစိုးရသည် ဘင်္ဂလားဒေ့ရှ်ရှိ မုန်တိုင်း ဒဏ်သင့််ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၂)သန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများတွင် ဩစတြေးလျနိုင်ငံ၏ ပံ့ပိုးကူညီမှုသည် အမေရိကန်ဒေါ်လာ(၁၃ ဒသမ ၅) သန်းအထိ ရှိကြောင်း သိရသည်။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ဘေးကင်းပြီး အတားအဆီးမရှိ ကူညီခွင့် ပေးရန် မြန်မာအစိုးရကို ဩစတြေးလျအစိုးရက တိုက်တွန်းတောင်းဆိုထားကြောင်းလည်း သိရသည်။

Zawgyi Version;
မိုခါမုန္တိုင္းဒဏ္ခံခဲ့ရေသာ ျမန္မာႏိုင္ငံ ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔အတြက္ ဩစေၾတးလ်က အေမရိကန္ေဒၚလာ (၁၂) သန္းေက်ာ္ ထပ္မံကူညီ
Pika (NP News) - ဇြန္ ၂၆

ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္တို႔ကို ဆိုင္ကလုန္းမုန္တိုင္းမိုခါဝင္ေရာက္တိုက္ခတ္ၿပီးေနာက္ အေရးေပၚ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္အတြက္ ဩစေၾတးလ်အစိုးရက ေနာက္ထပ္ အေမရိကန္ေဒၚလာ(၁၂ ဒသမ ၅) သန္း ထပ္မံပံ့ပိုးကူညီေပးမည္ျဖစ္ေၾကာင္း သိရသည္။

မိုခါမုန္တိုင္းသည္ ေမလ(၁၄)ရက္က စတင္တိုက္ခတ္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္ဝွမ္းတို႔ တြင္ က်ယ္က်ယ္ျပန႔္ျပန႔္ပ်က္စီးမႈမ်ားရွိခဲ့ကာ ခန႔္မွန္းေျခလူေပါင္း(၂ ဒသမ ၄) သန္းခန႔္ မုန္တိုင္းဒဏ္သင့္ခဲ့ ေၾကာင္း သိရသည္။ ဩစေၾတးလ်အစိုးရသည္ ျမန္မာႏိုင္ငံရွိ မုန္တိုင္းဒဏ္သင့္ျပည္သူ(၁ ဒသမ ၆) သန္းကို ေထာက္ပံ့မႈမ်ား လုပ္ေဆာင္ရန္အတြက္ အေမရိကန္ေဒၚလာ(၁ဝ ဒသမ ၅) သန္း ကူညီပံ့ပိုးေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအကူအညီကို ကုလသမဂၢေအဂ်င္စီမ်ားႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ မိတ္ဖက္အဖြဲ႕အစည္း မ်ားကို ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ဩစေၾတးလ်အစိုးရသည္ ဘဂၤလားေဒ့ရွ္ရွိ မုန္တိုင္း ဒဏ္သင့္္ျပည္သူမ်ားအတြက္ အေမရိကန္ေဒၚလာ(၂)သန္းေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကလုန္းမုန္တိုင္းမိုခါတိုက္ခတ္ၿပီးေနာက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ားတြင္ ဩစေၾတးလ်ႏိုင္ငံ၏ ပံ့ပိုးကူညီမႈသည္ အေမရိကန္ေဒၚလာ(၁၃ ဒသမ ၅) သန္းအထိ ရွိေၾကာင္း သိရသည္။ ထို႔အျပင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ားအတြက္ ေဘးကင္းၿပီး အတားအဆီးမရွိ ကူညီခြင့္ ေပးရန္ ျမန္မာအစိုးရကို ဩစေၾတးလ်အစိုးရက တိုက္တြန္းေတာင္းဆိုထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.