SME Member Card နှင့်အတူ SME ယာယီမှတ်ပုံတင် လက်မှတ်များကို မကြာမီ ထုတ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး အသိပေး

 1048

ယွန်း (NP News) - ဇွန် ၂၆

SME Member Card နှင့်အတူ SME ယာယီမှတ်ပုံတင် လက်မှတ်များကို မကြာမီ ထုတ်ပေးမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေး ပြောဆိုထားသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဇွန်လ(၂၅)ရက်တွင် တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ် အပါအဝင် ပြည်တွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အေဂျင်စီများအနေဖြင့် MSME လုပ်ငန်းများ မှတ်ပုံတင်ခြင်းကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုထားသည်။

MSME လုပ်ငန်းများအနေဖြင့် MSME Web Portal မှတဆင့် Member Card လျှောက်ထားနိုင်ပြီး ငွေပေးချေမှုကိုလည်း E-Payment နှင့် ပေးချေနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် SME Member Card နှင့်အတူ SME ယာယီမှတ်ပုံတင် လက်မှတ်များကိုလည်း မကြာမီ တစ်ပါ တည်း ထုတ်‌ပေးသွားမည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်း ပြင်ဆင်ပြီးပါက မိုက်ခရိုအဆင့် လုပ်ငန်းများအတွက်ပါ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့် နိုင်ငံတော်က ပံ့ပိုးမည့် ငွေကြေးအရင်း အနှီးနှင့် အခွန်အခသက်သာခွင့် အပါအဝင် အထောက်အပံ့အားလုံးကိုခံစားခွင့်ရရန် ဒီဂျစ်တယ်စနစ်ဖြင့် အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရေးလုပ်ဆောင်ရန် နစကအနေဖြင့် အသိပေးထုတ်ပြန်ပြီးဖြစ်သည်။

ထို့ပြင် အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် မြန်ဆန်မှန်ကန်သည့် နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်၍ MSME လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုမြင့်မားပြီး ဒစ်ဂျစ်တယ်စီးပွားရေးပီပြင်လာစေရန် ဗဟိုကော်မတီအနေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
SME Member Card ႏွင့္အတူ SME ယာယီမွတ္ပုံတင္ လက္မွတ္မ်ားကို မၾကာမီ ထုတ္ေပးမည္ဟု ျပည္ေထာင္စုဝန္ႀကီး အသိေပး

ယြန္း (NP News) - ဇြန္ ၂၆

SME Member Card ႏွင့္အတူ SME ယာယီမွတ္ပုံတင္ လက္မွတ္မ်ားကို မၾကာမီ ထုတ္ေပးမည္ျဖစ္ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပး ေျပာဆိုထားသည္။

စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ဇြန္လ(၂၅)ရက္တြင္ ေတာင္ႀကီးၿမိဳ႕ရွိ ျပည္နယ္အစိုးရအဖြဲ႕ အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေအဂ်င္စီအဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ရွမ္းျပည္နယ္ အပါအဝင္ ျပည္တြင္းရွိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ေဒသဆိုင္ရာ MSME ဖြံ႕ၿဖိဳးတိုးတက္ေရး ေအဂ်င္စီမ်ား ဖြဲ႕စည္းထားရွိၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေအဂ်င္စီမ်ားအေနျဖင့္ MSME လုပ္ငန္းမ်ား မွတ္ပုံတင္ျခင္းကိစၥရပ္မ်ားကို ဆက္လက္ေဆာင္႐ြက္သြားရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုထားသည္။

MSME လုပ္ငန္းမ်ားအေနျဖင့္ MSME Web Portal မွတဆင့္ Member Card ေလွ်ာက္ထားႏိုင္ၿပီး ေငြေပးေခ်မႈကိုလည္း E-Payment ႏွင့္ ေပးေခ်ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ SME Member Card ႏွင့္အတူ SME ယာယီမွတ္ပုံတင္ လက္မွတ္မ်ားကိုလည္း မၾကာမီ တစ္ပါ တည္း ထုတ္‌ေပးသြားမည္ျဖစ္ၿပီး ဥပေဒျပ႒ာန္း ျပင္ဆင္ၿပီးပါက မိုက္ခ႐ိုအဆင့္ လုပ္ငန္းမ်ားအတြက္ပါ မွတ္ပုံတင္လက္မွတ္မ်ား ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

အေသးစား၊ အငယ္စားႏွင့္ အလတ္စားလုပ္ငန္းမ်ားအေနျဖင့္ ႏိုင္ငံေတာ္က ပံ့ပိုးမည့္ ေငြေၾကးအရင္း အႏွီးႏွင့္ အခြန္အခသက္သာခြင့္ အပါအဝင္ အေထာက္အပံ့အားလုံးကိုခံစားခြင့္ရရန္ ဒီဂ်စ္တယ္စနစ္ျဖင့္ အြန္လိုင္းမွ မွတ္ပုံတင္ႏိုင္ေရးလုပ္ေဆာင္ရန္ နစကအေနျဖင့္ အသိေပးထုတ္ျပန္ၿပီးျဖစ္သည္။

ထို႔ျပင္ အာဆီယံႏိုင္ငံမ်ားႏွင့္ ရင္ေပါင္တန္းႏိုင္ရန္အတြက္ ျမန္ဆန္မွန္ကန္သည့္ နည္းလမ္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္၍ MSME လုပ္ငန္းမ်ား၏ ဒစ္ဂ်စ္တယ္နည္းပညာ အသုံးျပဳမႈျမင့္မားၿပီး ဒစ္ဂ်စ္တယ္စီးပြားေရးပီျပင္လာေစရန္ ဗဟိုေကာ္မတီအေနျဖင့္ ေထာက္ပံ့ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.