မြန်မာ- ဘရာဇီး နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံဆွေးနွေး

 1484

ယွန်း (NP News) - ဇွန် ၂၆

မြန်မာ- ဘရာဇီး နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ယနေ့ (ဇွန်လ ၂၆ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စစ်အစ္စဘဲလ်ခရစ်စတီးနားဒဲအဇဗီဒိုဟေးဗရက်ထ်အား နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အလားတူ ကုလသမဂ္ဂမျက်နှာစာ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာ- ဘရာဇီး ႏွစ္ႏိုင္ငံ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးအတြက္ ႏွစ္ႏိုင္ငံေဆြးေႏြး

ယြန္း (NP News) - ဇြန္ ၂၆

ျမန္မာ- ဘရာဇီး ႏွစ္ႏိုင္ငံ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးအတြက္ ႏွစ္ႏိုင္ငံေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ယေန႔ (ဇြန္လ ၂၆ ရက္)၊ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ဘရာဇီးလ္ဖက္ဒရယ္သမၼတႏိုင္ငံသံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ မစၥစ္အစၥဘဲလ္ခရစ္စတီးနားဒဲအဇဗီဒိုေဟးဗရက္ထ္အား ေနျပည္ေတာ္၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ ျမန္မာ-ဘရာဇီး ႏွစ္ႏိုင္ငံအၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးေသာ ဆက္ဆံေရးကို ပိုမိုတိုးတက္ခိုင္မာေစေရးကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုလည္း တိုးျမႇင့္သြားရန္ ေဆြးေႏြးခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

အလားတူ ကုလသမဂၢမ်က္ႏွာစာ အပါအဝင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာ၌ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားေရးကိုလည္း ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.