နိုင်ငံတစ်ဝန်းရှိ သက်ကြီးရွယ်အို (၂)သိန်းကျော်အတွက် လူမှုရေးပင်စင်များကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းထောက်ပံ့မည်

 3661

ယွန်း (NP News) - ဇွန် ၂၆

နိုင်ငံတစ်ဝန်းလုံးရှိ သက်ကြီးရွယ်အို (၂)သိန်းကျော်အတွက် လူမှုရေးပင်စင်များကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် (၂ဝ၁၇- ၂ဝ၁၈) ဘဏ္ဍာရေးနှစ်မှစ၍ အသက်(၉ဝ)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရသည်။

သို့သော် (၂ဝ၁၈-၂ဝ၁၉) ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅)နှစ်နှင့်အထက်သို့ပြောင်းလဲ၍ တစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ်သာ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယခု (၂ဝ၂၃-၂ဝ၂၄) ဘဏ္ဍာရေးနှစ်တွင် (၃)လပေါင်းတစ်ကြိမ်လျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် တစ်နှစ်လျှင်(၂)ကြိမ် ပြောင်းလဲထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ဆိုသည်။

“အရင်တုန်းက တစ်ယောက်ကို တစ်လမှာ တစ်သောင်းနှုန်းနဲ့ (၃)လတစ်ကြိမ် သုံးသောင်းပေးတယ်။ အခုက (၂)ကြိမ်ထောက်ပံ့သွားမှာပါ။ သုံးလတစ်ဖြတ်ကို တစ်နှစ်မှာ (၂)ကြိမ် ထောက်ပံ့ဖို့ ဘတ်ဂျက်ရထားတာပါ”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်းတို့အနေဖြင့် လူမှုဝန်ထမ်းထောက်ပံ့ငွေများ ပေးအပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သက်ကြီးရွယ်အို (၂)သိန်းကျော်အား ထောက်ပံ့ရကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် အဆိုပါ သက်ကြီးရွယ်အို (၂)သိန်းကျော်အား (၃)လတစ်ကြိမ်ထောက်ပံ့ရာ၌ မြန်မာငွေကျပ်(၆)ဘီလျံခန့် သုံးစွဲရကြောင်း သိရသည်။

လူမှုရေးပင်စင် လျှောက်ထားလိုသူ သက်ကြီးဘိုးဘွားများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုစာရင်း(ပုံစံ ၆၆(ဃ)နှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် လူမှုဝန်ထမ်ရုံးများတွင် လျှောက်ထားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ထို့ပြင် ထောက်ပံ့ကြေးမရခဲ့သည့် သက်ကြီးရွယ်အိုဘိုးဘွားများအနေဖြင့်လည်း (၁၅၆၆)ကို ဖုန်းဆက်အကြောင်းကြားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပေးပြောဆိုထားသည်။

zawgyi version
ႏိုင္ငံတစ္ဝန္းရွိ သက္ႀကီး႐ြယ္အို (၂)သိန္းေက်ာ္အတြက္ လူမႈေရးပင္စင္မ်ားကို တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ႏႈန္းေထာက္ပံ့မည္

ယြန္း (NP News) - ဇြန္ ၂၆

ႏိုင္ငံတစ္ဝန္းလုံးရွိ သက္ႀကီး႐ြယ္အို (၂)သိန္းေက်ာ္အတြက္ လူမႈေရးပင္စင္မ်ားကို တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ႏႈန္းျဖင့္ ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာနအေနျဖင့္ ၿပီးခဲ့သည့္ (၂ဝ၁၇- ၂ဝ၁၈) ဘ႑ာေရးႏွစ္မွစ၍ အသက္(၉ဝ)ႏွစ္ႏွင့္အထက္ သက္ႀကီးဘိုးဘြားမ်ားကို လူမႈေရးပင္စင္ေထာက္ပံ့မႈမ်ား ေပးခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ (၂ဝ၁၈-၂ဝ၁၉) ဘ႑ာေရးႏွစ္တြင္ အသက္ (၈၅)ႏွစ္ႏွင့္အထက္သို႔ေျပာင္းလဲ၍ တစ္ဦးကို တစ္လလွ်င္ ေငြက်ပ္ တစ္ေသာင္းႏႈန္းျဖင့္ (၃)လတစ္ႀကိမ္သာ ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

ယခု (၂ဝ၂၃-၂ဝ၂၄) ဘ႑ာေရးႏွစ္တြင္ (၃)လေပါင္းတစ္ႀကိမ္လွ်င္ ေငြက်ပ္သုံးေသာင္းႏႈန္းျဖင့္ တစ္ႏွစ္လွ်င္(၂)ႀကိမ္ ေျပာင္းလဲေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနမွ ဆိုသည္။

“အရင္တုန္းက တစ္ေယာက္ကို တစ္လမွာ တစ္ေသာင္းႏႈန္းနဲ႔ (၃)လတစ္ႀကိမ္ သုံးေသာင္းေပးတယ္။ အခုက (၂)ႀကိမ္ေထာက္ပံ့သြားမွာပါ။ သုံးလတစ္ျဖတ္ကို တစ္ႏွစ္မွာ (၂)ႀကိမ္ ေထာက္ပံ့ဖို႔ ဘတ္ဂ်က္ရထားတာပါ”ဟု လူမႈဝန္ထမ္းဦးစီးဌာနမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၎တို႔အေနျဖင့္ လူမႈဝန္ထမ္းေထာက္ပံ့ေငြမ်ား ေပးအပ္ရာတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအားျဖင့္ သက္ႀကီး႐ြယ္အို (၂)သိန္းေက်ာ္အား ေထာက္ပံ့ရေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ အဆိုပါ သက္ႀကီး႐ြယ္အို (၂)သိန္းေက်ာ္အား (၃)လတစ္ႀကိမ္ေထာက္ပံ့ရာ၌ ျမန္မာေငြက်ပ္(၆)ဘီလ်ံခန႔္ သုံးစြဲရေၾကာင္း သိရသည္။

လူမႈေရးပင္စင္ ေလွ်ာက္ထားလိုသူ သက္ႀကီးဘိုးဘြားမ်ားအေနျဖင့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပား (သို႔မဟုတ္) အိမ္ေထာင္စုစာရင္း(ပုံစံ ၆၆(ဃ)ႏွင့္အတူ သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္ လူမႈဝန္ထမ္႐ုံးမ်ားတြင္ ေလွ်ာက္ထားႏိုင္ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။

ထို႔ျပင္ ေထာက္ပံ့ေၾကးမရခဲ့သည့္ သက္ႀကီး႐ြယ္အိုဘိုးဘြားမ်ားအေနျဖင့္လည္း (၁၅၆၆)ကို ဖုန္းဆက္အေၾကာင္းၾကားႏိုင္ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနမွ အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.