မြန်မာ နဲ့ ရုရှားနိုင်ငံတို့က ယခုနှစ်အတွင်းမှာပဲ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖွယ်ရှိနေဟုဆို

 2182

ဂျန်ဇက် (NP News) - ဇွန် ၂၆

အမေရိကန်အပါအဝင် အာရှတိုက်အတွင်းရှိ နိုင်ငံအချို့က ကန့်ကွက်မှုများရှိခဲ့ပေမယ့် မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ ယခုနှစ်အတွင်းမှာပြုလုပ်ဖွယ်ရှိနေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ရုရှားနိုင်ငံတို့ဟာ အာဆီယံဒေသအတွင်း အကြမ်းဖက်မှုများကို တန်ပြန်နိုင်ဖို့ ရည်ရွယ်ပြီး အာရှတိုက်အတွင်းရှိ အိမ်နီးချင်းနိုင်ငံများနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ ASEAN Defence Ministers' Meeting-Plus အစည်းအဝေးကို ဇွန်လ အစောပိုင်းက ရုရှားနိုင်ငံ Khabarovsk မြို့မှာကျင်းပခဲ့ပြီး မြန်မာနဲ့ ရုရှားတို့အပါအဝင် အာဆီယံဒေသတွင်းက နိုင်ငံအချို့တက်ရောက်ခဲ့ကာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရုရှား နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အဆိုပါအစည်းအဝေးကို အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ တက်ရောက်ခဲ့ခြင်းမျိုးမရှိခဲ့ဘဲ အဆိုပါနိုင်ငံတွေဟာ ၂ဝ၂၂ ခုနှစ်ကတည်းက ဆန့်ကျင်သပိတ်မှောက်ခဲ့ကြောင်းသိရပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံတို့ နဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယအပြင် အခြားအာဆီယံဒေသအတွင်းနိုင်ငံများတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရုရှား နဲ့ မြန်မာနိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပမှာဖြစ်ပြီး သြဂုတ်လ အတွင်းကျင်းပမယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖွယ်ရှိနေသလို စက်တင်ဘာလအတွင်းကျင်းပမယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံ Khabarovsk ဒေသမှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။

ရုရှားနဲ့မြန်မာနိုင်ငံတို့အပြင် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံဒေသအတွင်းရှိနိုင်ငံအချို့ ပူးပေါင်းပါဝင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့် ခန်းဟာ စစ်သားများကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

zawgyi version
ျမန္မာ နဲ႔ ႐ုရွားႏိုင္ငံတို႔က ဒီႏွစ္အတြင္းမွာပဲ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၆

အေမရိကန္အပါအဝင္ အာရွတိုက္အတြင္းရွိ ႏိုင္ငံအခ်ိဳ႕က ကန႔္ကြက္မႈမ်ားရွိခဲ့ေပမယ့္ ျမန္မာႏိုင္ငံ နဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ ဒီႏွစ္အတြင္းမွာျပဳလုပ္ဖြယ္ရွိေနတဲ့ ပူးတြဲစစ္ေရးေလ့က်င့္ခန္းမ်ားကို အိမ္ရွင္အျဖစ္လက္ခံက်င္းပသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

ျမန္မာနဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ အာဆီယံေဒသအတြင္း အၾကမ္းဖက္မႈမ်ားကို တန္ျပန္ႏိုင္ဖို႔ ရည္႐ြယ္ၿပီး အာရွတိုက္အတြင္းရွိ အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔အတူ ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို လုပ္ေဆာင္သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ASEAN Defence Ministers' Meeting-Plus အစည္းအေဝးကို ဇြန္လ အေစာပိုင္းက ႐ုရွားႏိုင္ငံ Khabarovsk ၿမိဳ႕မွာက်င္းပခဲ့ၿပီး ျမန္မာနဲ႔ ႐ုရွားတို႔အပါအဝင္ အာဆီယံေဒသတြင္းက ႏိုင္ငံအခ်ိဳ႕တက္ေရာက္ခဲ့ကာ ပူးတြဲစစ္ေရးေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွား ႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပတဲ့ အဆိုပါအစည္းအေဝးကို အေမရိကန္၊ ၾသစေၾတးလ်၊ ဂ်ပန္၊ေတာင္ကိုရီးယား၊ နယူးဇီလန္ႏိုင္ငံတို႔ တက္ေရာက္ခဲ့ျခင္းမ်ိဳးမရွိခဲ့ဘဲ အဆိုပါႏိုင္ငံေတြဟာ ၂ဝ၂၂ ခုႏွစ္ကတည္းက ဆန႔္က်င္သပိတ္ေမွာက္ခဲ့ေၾကာင္းသိရပါတယ္။ သို႔ေပမယ့္ ျမန္မာႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံတို႔ နဲ႔အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္၊ အိႏၵိယအျပင္ အျခားအာဆီယံေဒသအတြင္းႏိုင္ငံမ်ားတက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

႐ုရွား နဲ႔ ျမန္မာႏိုင္ငံတို႔က ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို အိမ္ရွင္အျဖစ္ ဦးေဆာင္က်င္းပမွာျဖစ္ၿပီး ၾသဂုတ္လ အတြင္းက်င္းပမယ့္ ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပဖြယ္ရွိေနသလို စက္တင္ဘာလအတြင္းက်င္းပမယ့္ ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို ႐ုရွားႏိုင္ငံ Khabarovsk ေဒသမွာက်င္းပမွာျဖစ္တယ္လို႔သိရပါတယ္။

႐ုရွားနဲ႔ျမန္မာႏိုင္ငံတို႔အျပင္ အိမ္နီးခ်င္းႏိုင္ငံေတြ၊ အာဆီယံေဒသအတြင္းရွိႏိုင္ငံအခ်ိဳ႕ ပူးေပါင္းပါဝင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ အၾကမ္းဖက္မႈေတြကို တုံ႔ျပန္ဖို႔ ရည္႐ြယ္ျပဳလုပ္တဲ့ ပူးတြဲစစ္ေရးေလ့က်င့္ ခန္းဟာ စစ္သားမ်ားၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈပိုမိုေကာင္းမြန္ေစဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

Picture

san yuko

26/06/2023 18:40

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို ရုရှား နဲ့ တရုတ်တို့ အကူအညီယူပြီး ဆင်နွဲရန် လိုအပ်

Picture

My Mine

26/06/2023 20:36

San yuko...ချစ်တယ်...အဖြေမှန်ပါပဲ...သေချာတာက..တရုတ်တို့က...အိုရီရန်တယ်....စိတ်ကို..အဖြူအမဲနဲ့...မလဲစေလိုပါဘူး...အိုရီရန်တယ်...မှာ...အားလုံးချစ်ကြသင့်ပါကြောင်း...ခင်ဗျာ...

Related news

© 2021. All rights reserved.