ယူကရိန်းကို အမေရိကန်အစိုးရကူညီထားတဲ့ Bradley အမျိုးအစား သံချပ်ကာယာဉ်အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးခဲ့ရဟုဆို

 411

ဂျန်ဇက် (NP News) - ဇွန် ၂၇

ယူကရိန်းအတွက် အမေရိကန်အစိုးရ ကူညီထောက်ပံ့ပေးထားတဲ့ Bradley အမျိုးအစားသံချပ်ကာယာဉ် အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြ ထားပါတယ်။

ယူကရိန်းဟာ ရုရှားကို တန်ပြန်ထိုးစစ်ဆင်ချိန်အတွင်း အနောက်အုပ်စုနိုင်ငံများက ကူညီပေးထားတဲ့ စစ်လက်နက် ပစ္စည်းများကို အဓိကထားအသုံးပြုခဲ့ပြီး အမေရိကန်ထောက်ပံ့ပေးထားတဲ့ Bradley အမျိုးအစား တင့်ကား အားလုံး ရဲ့ ၁၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းထောက်ပံ့ပေးထားတဲ့ Bradley သံချပ်ကာ ယာဉ်အစီးရေ ၁၁၃ စီးအနက် ၁၇ စီး ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုအတွင်း အနောက်နိုင်ငံထုတ် တင့်ကားများ အပါအဝင် ယူကရိန်းတင့်ကားများ၊ သံချပ်ကာယာဉ်ပေါင်း ဒါဇင်ချီ ပျက်စီးခဲ့ကြောင်း မကြာသေးမီက သတင်း ထုတ်ပြန်ထားပါတယ်။ ရုရှားနိုင်ငံထုတ် KA-52 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်များဟာ ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပစ်ခတ်နိုင်တဲ့နေရာအပြင် တင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အနောက်အုပ်စုနိုင်ငံများက ပံ့ပိုးပေးထားတဲ့စစ်လက်နက်ပစ္စည်းများ ဖျက်ဆီးခံရခြင်းကြောင့် ယူကရိန်းဟာ နေရာ အချို့မှာ တန်ပြန်ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ထားရကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းကို ပံ့ပိုး ပေးထားတဲ့ စစ်လက်နက်ပစ္စည်းများနေရာမှာ အစားထိုးနိုင်ဖို့ စစ်လက်နက်ပစ္စည်းအသစ်များ ထပ်မံကူညီပေး သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ယူကရိန်းအစိုးရတာဝန်ရှိသူများက "ရုရှားတပ်ဖွဲ့တွေဟာ ကျွန်တော်တို့ကို အနောက်အုပ်စုက ပံ့ပိုးထားတဲ့ စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့လို့ စိတ်ဓါတ်ပိုင်းအသာရနေတယ်။သူတို့ဟာ တိုက်ပွဲဝင်ဖို့ အဆင့်သင့် ရှိနေတယ်" လို့ ပြောပါတယ်။

ယူကရိန်းဟာ တန်ပြန်ထိုးစစ်ဆင်ရာမှာ မျှော်လင့်ထားသလိုဖြစ်မလာတဲ့အတွက် ဝေဖန်ပြစ်တင်မှုများနဲ့ ရင်ဆိုင် နေရကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းကို အေမရိကန္အစိုးရကူညီထားတဲ့ Bradley အမ်ိဳးအစား သံခ်ပ္ကာယာဥ္အားလုံးရဲ႕ ၁၅ ရာခိုင္ႏႈန္းေက်ာ္ ထိခိုက္ပ်က္စီးခဲ့ရဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၇

ယူကရိန္းအတြက္ အေမရိကန္အစိုးရ ကူညီေထာက္ပံ့ေပးထားတဲ့ Bradley အမ်ိဳးအစားသံခ်ပ္ကာယာဥ္ အားလုံးရဲ႕ ၁၅ ရာခိုင္ႏႈန္းခန႔္ ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း အေမရိကန္အေျခစိုက္ နယူးေယာက္တိုင္းမ္ သတင္းစာက ေဖာ္ျပ ထားပါတယ္။

ယူကရိန္းဟာ ႐ုရွားကို တန္ျပန္ထိုးစစ္ဆင္ခ်ိန္အတြင္း အေနာက္အုပ္စုႏိုင္ငံမ်ားက ကူညီေပးထားတဲ့ စစ္လက္နက္ ပစၥည္းမ်ားကို အဓိကထားအသုံးျပဳခဲ့ၿပီး အေမရိကန္ေထာက္ပံ့ေပးထားတဲ့ Bradley အမ်ိဳးအစား တင့္ကား အားလုံး ရဲ႕ ၁၅ ရာခိုင္ႏႈန္းခန႔္ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းေထာက္ပံ့ေပးထားတဲ့ Bradley သံခ်ပ္ကာ ယာဥ္အစီးေရ ၁၁၃ စီးအနက္ ၁၇ စီး ထိခိုက္ပ်က္စီးခဲ့ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ယူကရိန္းရဲ႕တန္ျပန္ထိုးစစ္ဆင္မႈအတြင္း အေနာက္ႏိုင္ငံထုတ္ တင့္ကားမ်ား အပါအဝင္ ယူကရိန္းတင့္ကားမ်ား၊ သံခ်ပ္ကာယာဥ္ေပါင္း ဒါဇင္ခ်ီ ပ်က္စီးခဲ့ေၾကာင္း မၾကာေသးမီက သတင္း ထုတ္ျပန္ထားပါတယ္။ ႐ုရွားႏိုင္ငံထုတ္ KA-52 အမ်ိဳးအစား တိုက္ခိုက္ေရးရဟတ္ယာဥ္မ်ားဟာ ယူကရိန္း ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား ပစ္ခတ္ႏိုင္တဲ့ေနရာအျပင္ တင့္ကားေတြနဲ႔ သံခ်ပ္ကာယာဥ္ေတြကို တိုက္ခိုက္ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အေနာက္အုပ္စုႏိုင္ငံမ်ားက ပံ့ပိုးေပးထားတဲ့စစ္လက္နက္ပစၥည္းမ်ား ဖ်က္ဆီးခံရျခင္းေၾကာင့္ ယူကရိန္းဟာ ေနရာ အခ်ိဳ႕မွာ တန္ျပန္ထိုးစစ္ဆင္မႈေတြကို ရပ္တန႔္ထားရေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရဟာ ယူကရိန္းကို ပံ့ပိုး ေပးထားတဲ့ စစ္လက္နက္ပစၥည္းမ်ားေနရာမွာ အစားထိုးႏိုင္ဖို႔ စစ္လက္နက္ပစၥည္းအသစ္မ်ား ထပ္မံကူညီေပး သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ယူကရိန္းအစိုးရတာဝန္ရွိသူမ်ားက "႐ုရွားတပ္ဖြဲ႕ေတြဟာ ကြၽန္ေတာ္တို႔ကို အေနာက္အုပ္စုက ပံ့ပိုးထားတဲ့ စစ္လက္နက္ပစၥည္းမ်ားကို ဖ်က္ဆီးႏိုင္ခဲ့လို႔ စိတ္ဓါတ္ပိုင္းအသာရေနတယ္။သူတို႔ဟာ တိုက္ပြဲဝင္ဖို႔ အဆင့္သင့္ ရွိေနတယ္" လို႔ ေျပာပါတယ္။

ယူကရိန္းဟာ တန္ျပန္ထိုးစစ္ဆင္ရာမွာ ေမွ်ာ္လင့္ထားသလိုျဖစ္မလာတဲ့အတြက္ ေဝဖန္ျပစ္တင္မႈမ်ားနဲ႔ ရင္ဆိုင္ ေနရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.