Gold T 6 အမည်ဖြင့် (၁)ရက်အတိုးနှုန်း (၆)ရာခိုင်နှုန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်အမြတ်ထုတ်ရန် ဆောင်ရွက်နေဟု ဗဟိုဘဏ်သတိပေး

 2698

NP News - ဇွန် ၂၈

Gold T 6 အမည်ဖြင့် (၁)ရက်အတိုးနှုန်း (၆)ရာခိုင်နှုန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်အမြတ်ထုတ်ရန်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ထုတ်ဖော်သတိပေးထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့(ဇွန်လ ၂၈ ရက်)တွင် လူမှုကွန်ယက်စာမျက်နှာနှင့် website များတွင် Gold T 6 အမည်ဖြင့် လိမ်ညာလှည့်ဖြားနေမှုများကို သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ဗဟိုဘဏ်သည် နိုင်ငံပိုင်ဘဏ်(၄)၊ ပုဂ္ဂလိကဘဏ် (၂၇)ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲနှင့်လက်အောက်ခံဘဏ်(၂ဝ)တို့အား ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ခွင့်ပြုထုတ်ပေးထားကာ အပ်နှံငွေလက်ခံခြင်းနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။

သို့သော် လူပုဂ္ဂိုလ်/ကုမ္ပဏီအချို့သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပါ တားမြစ်ချက်များကို လိုက်နာခြင်းမရှိဘဲ ပြည်သူများထံမှ အပ်နှံငွေကို ရင်းနှီးမြှုပ်နှံမှုဟု အမည်တပ်ကာ အတိုးနှုန်းမြင့်မာစွာပေးမည်ဟု မက်လုံးပေးပြီးနောက် လိမ်လည်လှည့်ဖြားရယူနေကြောင်း ဗဟိုဘဏ်က ဆိုသည်။

လက်ရှိတွင် လူမှုကွန်ယက်စာမျက်နှာနှင့် Website များတွင် Gold T 6 (သို့) Gold T 6 Trading အမည်ဖြင့် အိမ်ခြံမြေ၊ ရွှေ၊ နိုင်ငံခြားငွေ စသည်တို့တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်နှင့် ပူးပေါင်းထားကြောင်း မဟုတ်မမှန်ကြော်ငြာထားသည်ကို တွေ့ရှိရသည်ဟု ဗဟိုဘဏ်က အသိပေးထားသည်။

ထို့ပြင် ဥပဒေနှင့်အညီ ဘဏ်လုပ်ငန်းဆောင်ရွက်နေသော ဘဏ်များ၌ တစ်နှစ်အတိုးနှုန်း အများဆုံး (၉) ရာခိုင်နှုန်းခန့် ရရှိနိုင်သည့်အခြေအနေတွင် Gold T 6 ဆိုသော လူမှုကွန်ယက်စာမျက်နှာများသည် တစ်ရက်လျှင် အတိုးနှုန်း (၆)ရာခိုင်နှုန်းပေးမည်ဆိုကာ လုံးဝမဖြစ်နိုင်သော မက်လုံးများဖြင့် ကြော်ငြာထားသည့်အတွက် ပြည်သူများအနေဖြင့် သတိပြုရှောင်ရှားရန် ဗဟိုဘဏ်က အသိပေးထားသည်။

၎င်းကဲ့သို့ လိမ်ညာလှည့်ဖြားသူများသည် မဖြစ်နိုင်သည့် မက်လုံးများဖြင့် ပြည်သူများထံမှ ငွေကြေးများကို လိမ်ညာရယူအမြတ်ထုတ်ရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင် အသိပေးထားသည်။

ထို့ကြောင့် လိမ်ညာလှည့်ဖြားနေသည့် Gold T 6 သို့မဟုတ် Gold T 6 Trading အကောင့်ပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများကို ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၅၈၊ ပုဒ်မ ၁၆၃၊ ပုဒ်မ ၁၇၁ နှင့် ပုဒ်မ ၁၇၂ တို့နှင့်အညီ အရေးယူသွားမည်ဟု ဗဟိုဘဏ်က သတိပေးထားသည်။

ထို့ပြင် လူမှုကွန်ယက်စာမျက်နှာများ၌ မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ်ရယူရန်ဆောင် ရွက်နေသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ကာ ထိရောက်စွာအရေးယူသွားမည်ဟုလည်း ထပ်မံသတိပေးထားသည်။

zawgyi version
Gold T 6 အမည္ျဖင့္ (၁)ရက္အတိုးႏႈန္း (၆)ရာခိုင္ႏႈန္းေပးမည္ဟုဆိုကာ ေငြေၾကးလိမ္လည္အျမတ္ထုတ္ရန္ ေဆာင္႐ြက္ေနဟု ဗဟိုဘဏ္သတိေပး

NP News - ဇြန္ ၂၈

Gold T 6 အမည္ျဖင့္ (၁)ရက္အတိုးႏႈန္း (၆)ရာခိုင္ႏႈန္းေပးမည္ဟုဆိုကာ ေငြေၾကးလိမ္လည္အျမတ္ထုတ္ရန္ေဆာင္႐ြက္ေနေၾကာင္း ဗဟိုဘဏ္က ထုတ္ေဖာ္သတိေပးထားသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယေန႔(ဇြန္လ ၂၈ ရက္)တြင္ လူမႈကြန္ယက္စာမ်က္ႏွာႏွင့္ website မ်ားတြင္ Gold T 6 အမည္ျဖင့္ လိမ္ညာလွည့္ျဖားေနမႈမ်ားကို သတိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လက္ရွိတြင္ ဗဟိုဘဏ္သည္ ႏိုင္ငံပိုင္ဘဏ္(၄)၊ ပုဂၢလိကဘဏ္ (၂၇)ဘဏ္ႏွင့္ ႏိုင္ငံျခားဘဏ္ ဘဏ္ခြဲႏွင့္လက္ေအာက္ခံဘဏ္(၂ဝ)တို႔အား ဘဏ္လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္မ်ားကို ခြင့္ျပဳထုတ္ေပးထားကာ အပ္ႏွံေငြလက္ခံျခင္းႏွင့္ ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ားကို ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ခြင့္ျပဳထားေၾကာင္း သိရသည္။

သို႔ေသာ္ လူပုဂၢိဳလ္/ကုမၸဏီအခ်ိဳ႕သည္ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားဥပေဒပါ တားျမစ္ခ်က္မ်ားကို လိုက္နာျခင္းမရွိဘဲ ျပည္သူမ်ားထံမွ အပ္ႏွံေငြကို ရင္းႏွီးျမႇဳပ္ႏွံမႈဟု အမည္တပ္ကာ အတိုးႏႈန္းျမင့္မာစြာေပးမည္ဟု မက္လုံးေပးၿပီးေနာက္ လိမ္လည္လွည့္ျဖားရယူေနေၾကာင္း ဗဟိုဘဏ္က ဆိုသည္။

လက္ရွိတြင္ လူမႈကြန္ယက္စာမ်က္ႏွာႏွင့္ Website မ်ားတြင္ Gold T 6 (သို႔) Gold T 6 Trading အမည္ျဖင့္ အိမ္ၿခံေျမ၊ ေ႐ႊ၊ ႏိုင္ငံျခားေငြ စသည္တို႔တြင္ ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ေၾကာင္း၊ ဗဟိုဘဏ္ႏွင့္ ပူးေပါင္းထားေၾကာင္း မဟုတ္မမွန္ေၾကာ္ျငာထားသည္ကို ေတြ႕ရွိရသည္ဟု ဗဟိုဘဏ္က အသိေပးထားသည္။

ထို႔ျပင္ ဥပေဒႏွင့္အညီ ဘဏ္လုပ္ငန္းေဆာင္႐ြက္ေနေသာ ဘဏ္မ်ား၌ တစ္ႏွစ္အတိုးႏႈန္း အမ်ားဆုံး (၉) ရာခိုင္ႏႈန္းခန႔္ ရရွိႏိုင္သည့္အေျခအေနတြင္ Gold T 6 ဆိုေသာ လူမႈကြန္ယက္စာမ်က္ႏွာမ်ားသည္ တစ္ရက္လွ်င္ အတိုးႏႈန္း (၆)ရာခိုင္ႏႈန္းေပးမည္ဆိုကာ လုံးဝမျဖစ္ႏိုင္ေသာ မက္လုံးမ်ားျဖင့္ ေၾကာ္ျငာထားသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ သတိျပဳေရွာင္ရွားရန္ ဗဟိုဘဏ္က အသိေပးထားသည္။

၎ကဲ့သို႔ လိမ္ညာလွည့္ျဖားသူမ်ားသည္ မျဖစ္ႏိုင္သည့္ မက္လုံးမ်ားျဖင့္ ျပည္သူမ်ားထံမွ ေငြေၾကးမ်ားကို လိမ္ညာရယူအျမတ္ထုတ္ရန္ ေဆာင္႐ြက္ေနျခင္းသာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က တရားဝင္ အသိေပးထားသည္။

ထို႔ေၾကာင့္ လိမ္ညာလွည့္ျဖားေနသည့္ Gold T 6 သို႔မဟုတ္ Gold T 6 Trading အေကာင့္ပိုင္ရွင္ႏွင့္ ပါဝင္ပတ္သက္သူမ်ားကို ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားဥပေဒပုဒ္မ ၁၅၈၊ ပုဒ္မ ၁၆၃၊ ပုဒ္မ ၁၇၁ ႏွင့္ ပုဒ္မ ၁၇၂ တို႔ႏွင့္အညီ အေရးယူသြားမည္ဟု ဗဟိုဘဏ္က သတိေပးထားသည္။

ထို႔ျပင္ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ မဟုတ္မမွန္ေသာနည္းလမ္းျဖင့္ အက်ိဳးအျမတ္ရယူရန္ေဆာင္ ႐ြက္ေနသည့္ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ရွာေဖြေဖာ္ထုတ္ကာ ထိေရာက္စြာအေရးယူသြားမည္ဟုလည္း ထပ္မံသတိေပးထားသည္။

Related news

© 2021. All rights reserved.