ကမ္ဘာ့ဆန်တင်ပို့မှု၌ မြန်မာနိုင်ငံသည် အဆင့်(၅)နေရာတွင်ရှိပြီး ဆန်စားသုံးမှုအနေဖြင့်လည်း အဆင့်(၆) နေရာ၌ ရပ်တည်နေ
1524
NP News - ဇွန် ၃ဝ
ကမ္ဘာ့ဆန်တင်ပို့မှု၌ မြန်မာနိုင်ငံသည် အဆင့်(၅)နေရာတွင်ရှိပြီး ဆန်စားသုံးအနေဖြင့်လည်း ကမ္ဘာ့အ ဆင့်(၆)နေရာဖြင့် အများဆုံးစားသုံးသည့်နိုင်ငံစာရင်းတွင် ပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဒုဝန်ကြီးက ပြောသည်။
ဒုတိယဝန်ကြီး ဦးညွန့်အောင်က ယနေ့(ဇွန်လ ၃ဝ ရက်)တွင် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံး၌ ပြုလုပ်သော သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်တွင် နိုင်ငံအတွင်း၌ စပါးဧကပေါင်း (၁၆ ဒသမ ၅၈)သန်းစိုက်ပျိုးခဲ့ပြီး ဆန်တန်ချိန် (၁၂ ဒသမ ၅၃၁)သန်းထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
“ပြည်တွင်းသုံးစွဲမှုအနေနဲ့ ဆန်တန်ချိန် ၁ဝ ဒသမ ၁ဝ၉ သန်းရှိတဲ့အတွက် ဆန်တန်ချိန်ပေါင်း ၂ ဒသမ ၄၂၂ သန်းခန့် ပိုလျှံမှုရှိခဲ့ပြီးတော့ ကမ္ဘာပေါ်က ဆန်စားသုံးမှုအများဆုံးနိုင်ငံတွေထဲမှာ မိမိတို့နိုင်ငံဟာ ကမ္ဘာ့အဆင့် (၆)နေရာမှာ ရပ်တည်နေတာကို တွေ့ရှိရပါတယ်” ဟု ဒုဝန်ကြီးဦးညွန့်အောင်က ပြောသည်။
ထို့ပြင် အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဌာန(USDA)၏ စာရင်းများအရ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလရှိ ကမ္ဘာ့ဆန်ထုတ်လုပ်မှုတွင် ဆန်တန်ချိန်ပေါင်း ၅ဝ၃ ဒသမ ၂၇ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံသည် ဆန်တန်ချိန်ပေါင်း ၁၂ သန်းကျော်ထုတ်လုပ်နိုင်ခဲ့ရာ ကမ္ဘာ့အဆင့်(၇)နေရာ၌ ရပ်တည်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
၂ဝ၂၂-၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆန်တင်ပို့မှုတွင် မြန်မာနိုင်ငံသည် ဆန်တန်ချိန်ပေါင်း ၂ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်(၅)နေရာတွင် ရောက်ရှိနေကြောင်း တွေ့ရှိရသည်ဟု ဒုဝန်ကြီးဦးညွန့်အောင်က ထပ်မံပြောဆိုထားသည်။
“ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းစနစ်တွေ အသုံးပြုပြီးတော့ အရည်အသွေးနဲ့အထွက်နှုန်း ပိုမိုကောင်းမွန်တဲ့ ဆန်စပါးကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပပိုမိုတင်ပို့နိုင်ရေးကိုလည်း ဦးစားပေးလုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီးဦးညွန့်အောင်က ပြောသည်။
ယခု ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၁၆ ရက်အထိ ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ (ဝ ဒသမ ၂၄၁)သန်းရှိကြောင်း သိရသည်။
zawgyi version
ကမာၻ႔ဆန္တင္ပို႔မႈ၌ ျမန္မာႏိုင္ငံသည္ အဆင့္(၅)ေနရာတြင္ရွိၿပီး ဆန္စားသုံးမႈအေနျဖင့္လည္း အဆင့္(၆) ေနရာ၌ ရပ္တည္ေန
NP News - ဇြန္ ၃ဝ
ကမာၻ႔ဆန္တင္ပို႔မႈ၌ ျမန္မာႏိုင္ငံသည္ အဆင့္(၅)ေနရာတြင္ရွိၿပီး ဆန္စားသုံးအေနျဖင့္လည္း ကမာၻ႔အ ဆင့္(၆)ေနရာျဖင့္ အမ်ားဆုံးစားသုံးသည့္ႏိုင္ငံစာရင္းတြင္ ပါဝင္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရး ဒုဝန္ႀကီးက ေျပာသည္။
ဒုတိယဝန္ႀကီး ဦးၫြန႔္ေအာင္က ယေန႔(ဇြန္လ ၃ဝ ရက္)တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန႐ုံး၌ ျပဳလုပ္ေသာ သိုေလွာင္႐ုံကုန္အပ္လက္မွတ္ကို အေျချပဳသည့္ ေငြေၾကးေထာက္ပံ့မႈစနစ္ အေကာင္အထည္ေဖာ္ေရး အလုပ္႐ုံေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ၂ဝ၂၂-၂ဝ၂၃ ခုႏွစ္တြင္ ႏိုင္ငံအတြင္း၌ စပါးဧကေပါင္း (၁၆ ဒသမ ၅၈)သန္းစိုက္ပ်ိဳးခဲ့ၿပီး ဆန္တန္ခ်ိန္ (၁၂ ဒသမ ၅၃၁)သန္းထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“ျပည္တြင္းသုံးစြဲမႈအေနနဲ႔ ဆန္တန္ခ်ိန္ ၁ဝ ဒသမ ၁ဝ၉ သန္းရွိတဲ့အတြက္ ဆန္တန္ခ်ိန္ေပါင္း ၂ ဒသမ ၄၂၂ သန္းခန႔္ ပိုလွ်ံမႈရွိခဲ့ၿပီးေတာ့ ကမာၻေပၚက ဆန္စားသုံးမႈအမ်ားဆုံးႏိုင္ငံေတြထဲမွာ မိမိတို႔ႏိုင္ငံဟာ ကမာၻ႔အဆင့္ (၆)ေနရာမွာ ရပ္တည္ေနတာကို ေတြ႕ရွိရပါတယ္” ဟု ဒုဝန္ႀကီးဦးၫြန႔္ေအာင္က ေျပာသည္။
ထို႔ျပင္ အေမရိကန္ႏိုင္ငံ၊ စိုက္ပ်ိဳးေရးဌာန(USDA)၏ စာရင္းမ်ားအရ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလရွိ ကမာၻ႔ဆန္ထုတ္လုပ္မႈတြင္ ဆန္တန္ခ်ိန္ေပါင္း ၅ဝ၃ ဒသမ ၂၇ သန္းရွိခဲ့ၿပီး ျမန္မာႏိုင္ငံသည္ ဆန္တန္ခ်ိန္ေပါင္း ၁၂ သန္းေက်ာ္ထုတ္လုပ္ႏိုင္ခဲ့ရာ ကမာၻ႔အဆင့္(၇)ေနရာ၌ ရပ္တည္ေနေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။
၂ဝ၂၂-၂ဝ၂၃ ခုႏွစ္ ကမာၻ႔ဆန္တင္ပို႔မႈတြင္ ျမန္မာႏိုင္ငံသည္ ဆန္တန္ခ်ိန္ေပါင္း ၂ ဒသမ ၄ သန္း တင္ပို႔ႏိုင္ခဲ့ၿပီး ကမာၻ႔အဆင့္(၅)ေနရာတြင္ ေရာက္ရွိေနေၾကာင္း ေတြ႕ရွိရသည္ဟု ဒုဝန္ႀကီးဦးၫြန႔္ေအာင္က ထပ္မံေျပာဆိုထားသည္။
“ဆန္စပါးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေခတ္မီနည္းစနစ္ေတြ အသုံးျပဳၿပီးေတာ့ အရည္အေသြးနဲ႔အထြက္ႏႈန္း ပိုမိုေကာင္းမြန္တဲ့ ဆန္စပါးကို တိုးခ်ဲ႕စိုက္ပ်ိဳးထုတ္လုပ္ေရးႏွင့္ ျပည္ပပိုမိုတင္ပို႔ႏိုင္ေရးကိုလည္း ဦးစားေပးလုပ္ငန္းတစ္ခုအေနနဲ႔ ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္”ဟု စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရး ဒုဝန္ႀကီးဦးၫြန႔္ေအာင္က ေျပာသည္။
ယခု ၂ဝ၂၃-၂ဝ၂၄ ဘ႑ာေရးႏွစ္၊ ဧၿပီလ ၁ ရက္မွ ဇြန္လ ၁၆ ရက္အထိ ဆန္ႏွင့္ဆန္ထြက္ပစၥည္း ျပည္ပတင္ပို႔မႈသည္ အေမရိကန္ေဒၚလာ (ဝ ဒသမ ၂၄၁)သန္းရွိေၾကာင္း သိရသည္။