နျူကလီးယားစွမ်းအင်အတွက် ရုရှား နဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်လျက်ရှိနေ

 1781

ဂျန်ဇက် (NP News) - ဇွန် ၃ဝ

မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို စီစဉ်ထားတဲ့အတိုင်း တွန်းအားပေး ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။

ရုရှားနိုင်ငံပိုင် Rosatom ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ရုရှားနဲ့ မြန်မာနိုင်ငံကြား အစိုးရချင်းသဘောတူညီချက် အစိတ်အပိုင်းအရ တည်ထောင်ထားတဲ့ ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ပထမဆုံးအစည်းအဝေးကို ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ ရာ မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ မြန်မာနိုင်ငံမှာနျူကလီးယား အခြေခံ အဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Rosatom ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay ဟာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသောင်းဟန်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom တို့ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာအရဆောင်ရွက်ခဲ့သော အပူစွမ်းအင်သုံးဓာတ်အားပေး စက်ရုံစီမံကိန်း အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအစီရင်ခံစာကို ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

နျူကလီးယားအခြေခံအဆောက်အအုံအကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ (Memora- ndum of Understanding in the field of Nuclear Infrastructure assemment and enhancement) ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နဲ့ Rosatom တို့အကြားလက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါတယ်။

အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရုရှားနဲ့ မြန်မာနိုင်ငံတို့ဟာ နားလည်မှုစာချွန် လွှာ (MoU) ကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီး အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်မှု အစီရင်ခံစာ သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းပြ မြေပုံ (Road Map) ပါ ဖော်ပြချက် များအတိုင်း ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ မြန်မာအစိုးရတာဝန်ရှိသူများက ပြောပါတယ်။

ရုရှားနဲ့ မြန်မာနိုင်ငံတို့ဟာ စိန့်ပီတာစဘတ်မြို့မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်အတွင်း ဇွန် ၁၅ ရက်က လေအားလျှပ်စစ်စီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ Rosatom ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အပူစွမ်းအင်သုံးစီမံကိန်းတွေ နဲ့ အခြားစီမံကိန်းလုပ်ငန်းများအတွက် ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြောင်း၊ MoU ရေးထိုးပြီးတဲ့ လေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်းကိုတတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Zawgyi Version;
န်ဴကလီးယားစြမ္းအင္အတြက္ ႐ုရွား နဲ႔ ျမန္မာႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တြန္းအားေပးေဆာင္႐ြက္လ်က္ရွိေန
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

ျမန္မာႏိုင္ငံ နဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ န်ဴကလီးယား စြမ္းအင္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို စီစဥ္ထားတဲ့အတိုင္း တြန္းအားေပး ေဆာင္႐ြက္လ်က္ရွိေနေၾကာင္း သိရပါတယ္။

႐ုရွားႏိုင္ငံပိုင္ Rosatom ရဲ႕ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျမန္မာအစိုးရတာဝန္ရွိသူမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ ႐ုရွားနဲ႔ ျမန္မာႏိုင္ငံၾကား အစိုးရခ်င္းသေဘာတူညီခ်က္ အစိတ္အပိုင္းအရ တည္ေထာင္ထားတဲ့ ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီရဲ႕ပထမဆုံးအစည္းအေဝးကို ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့ ရာ ျမန္မာႏိုင္ငံမွာ န်ဴကလီးယားစြမ္းအင္သုံး လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံ၊ ျမန္မာႏိုင္ငံမွာန်ဴကလီးယား အေျခခံ အေဆာက္အဦးဖြံ႕ၿဖိဳးတိုးတက္ေရးကိစၥမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

Rosatom ရဲ႕ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ Mr. Spasskiy Nikolay ဟာ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးဦးေသာင္းဟန္၊ သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိန္းေက်ာ္တို႔နဲ႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလက လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနနဲ႔ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Rosatom တို႔ လက္မွတ္ေရးထိုးခဲ့တဲ့ နားလည္မႈစာခြၽန္လႊာအရေဆာင္႐ြက္ခဲ့ေသာ အပူစြမ္းအင္သုံးဓာတ္အားေပး စက္႐ုံစီမံကိန္း အႀကိဳျဖစ္ေျမာက္ႏိုင္စြမ္းေလ့လာမႈအစီရင္ခံစာကို ေပးအပ္ခဲ့ေၾကာင္း သိရပါတယ္။

န်ဴကလီးယားအေျခခံအေဆာက္အအုံအကဲျဖတ္ျခင္းႏွင့္ ျမႇင့္တင္ျခင္းက႑အတြက္ နားလည္မႈစာခြၽန္လႊာ (Memora- ndum of Understanding in the field of Nuclear Infrastructure assemment and enhancement) ကို သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန နဲ႔ Rosatom တို႔အၾကားလက္မွတ္ ေရးထိုးခဲ့ေၾကာင္း သိရပါတယ္။

အပူစြမ္းအင္သုံးဓာတ္အားေပးစက္႐ုံ တည္ေဆာက္ႏိုင္ေရးအတြက္ ႐ုရွားနဲ႔ ျမန္မာႏိုင္ငံတို႔ဟာ နားလည္မႈစာခြၽန္ လႊာ (MoU) ကို ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလက လက္မွတ္ေရးထိုးခဲ့ၿပီး အႀကိဳျဖစ္ေျမာက္ႏိုင္စြမ္းေလ့လာဆန္းစစ္မႈ အစီရင္ခံစာ သတ္မွတ္ကာလအတြင္းၿပီးစီးေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး လမ္းျပ ေျမပုံ (Road Map) ပါ ေဖာ္ျပခ်က္ မ်ားအတိုင္း ဆက္လက္ေဆာင္႐ြက္ရမယ့္လုပ္ငန္းစဥ္မ်ားကို ၿပီးေျမာက္ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း၊ ျမန္မာအစိုးရတာဝန္ရွိသူမ်ားက ေျပာပါတယ္။

႐ုရွားနဲ႔ ျမန္မာႏိုင္ငံတို႔ဟာ စိန႔္ပီတာစဘတ္ၿမိဳ႕မွာက်င္းပခဲ့တဲ့ အျပည္ျပည္ဆိုင္ရာ စီးပြားေရးဖိုရမ္အတြင္း ဇြန္ ၁၅ ရက္က ေလအားလွ်ပ္စစ္စီမံကိန္းမ်ားအတြက္ နားလည္မႈစာခြၽန္လႊာမ်ား ေရးထိုးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ Rosatom ရဲ႕ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္က အပူစြမ္းအင္သုံးစီမံကိန္းေတြ နဲ႔ အျခားစီမံကိန္းလုပ္ငန္းမ်ားအတြက္ ပိုမိုရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ဝင္စားမႈရွိေၾကာင္း၊ MoU ေရးထိုးၿပီးတဲ့ ေလအားလွ်ပ္စစ္စီမံကိန္းမ်ားအတြက္ စီမံကိန္း ျဖစ္ေျမာက္ႏိုင္စြမ္း ေလ့လာျခင္းလုပ္ငန္းကိုတတ္ႏိုင္သမွ် ပူးေပါင္းကူညီေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.