မွတ်ဆလင်ဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့ ကိုရမ်ကျမ်းကို မီးရှို့ဖျက်စီးခြင်းဟာ ရာဇဝတ်မှု မဟုတ်ကြောင်း NATO အကြီးအကဲပြော
1507
ရောင်နီ (NP News) - ဇွန် ၃ဝ
အီရတ်နိုင်ငံသားတစ်ဦးက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့လယ် ဗလီအပြင်ဘက်မှာ အစ္စလာမ်ဘာသာရေး ကိုရမ်ကျမ်းစာအုပ်တစ်အုပ်ကို ဗုဒ္ဓဟူးနေ့(ဇွန်လ ၂၈ ရက်) က မီးရှို့ခဲ့ခြင်းကြောင့် ကြာသပတေးနေ့ (ဇွန်လ ၂၉ ရက်) မှာ ဆွီဒီသံရုံးရှေ့ ဆန္ဒပြမှုတွေ ရှိလာခဲ့ပါတယ်။
အဆိုပါ ကိုရန်ကျမ်းကို မီးရှို့ဖျက်ဆီးခြင်းဟာ ရာဇဝတ်မှုမဟုတ်ဘူးလို့ NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စ်စတိုးတန်းဘတ်က ပြောကြားခဲ့တာကြောင့် မွတ်ဆလင်တွေရဲ့ဒေါသဟာ ပိုမိုတောက်လောင်လာခဲ့ပါတယ်။
ဒါ့အပြင် မွတ်ဆလင်အများစုနေထိုင်ရာဖြစ်တဲ့ တူရကီနိုင်ငံဟာ အထူးသဖြင့် ဆွီဒင်နိုင်ငံကို အမေရိကန် ဦးဆောင် တဲ့ စစ်ဘက်ဆိုင်ရာ NATO အဖွဲ့ထဲ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့အတွက် ထောက်ခံကြောင်း အတည်ပြုဖို့ ဆွီဒင်ရဲ့ အဆိုပြုချက်ကို ငြင်းဆိုထားတာကြောင့် ဒီပြဿနာဟာ အလွန်အကဲဆတ်လာခဲ့ပါတယ်။
“ဒီအကြောင်းတရားတွေကို ဘယ်လိုခံစားရတယ်။ ခံစားချက် အတိမ်အနက် ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကိုရမ်ကျမ်းကို မီးရှို့ခြင်းဟာ ရာဇဝတ်မှုဖြစ်တယ်လို့ မဆိုလိုပါဘူး” စတိုးတန်းဘတ်က ကြာသပတေးနေ့ (ဇွန်လ ၂၉ ရက်) မှာ ပြောကြားခဲ့တာပါ။ စတိုးတန်းဘတ်ဟာ အခုလ အစောပိုင်းက ဆွီဒင်မှာ ဖြစ်ပွားနေတဲ့ NATO ဆန့်ကျင်ရေးဆန္ဒပြမှုတွေကိုလည်း “ကျွန်တော် သူတို့ကို မကြိုက်ဘူး။ ဒါပေမယ့် ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ" လို့ ဆိုခဲ့ပါတယ်။
“ကျွန်တော့်အတွက် အရေးကြီးတာက မဟာမိတ်အဖွဲ့ထဲကို ဆွီဒင်ဝင်ရောက်ရေးမှာ အပြီးသတ်အောင် လုပ်ဆောင် ဖို့ပါပဲ” လို့ ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(ဇွန်လ ၂၈ ရက်) က ဆွီဒင်မှာ နေထိုင်တဲ့ အီရတ်နိုင်ငံသားတစ်ဦးက စတော့ဟုမ်းမြို့ရှိ ဗလီတစ်ခု အပြင်ဘက်မှာ ကိုရမ်ကျမ်းတစ်စောင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကိုရန်ကျမ်းစာအုပ်မီးရှို့ခြင်းကို ခွင့်ပြုခဲ့တဲ့ အတွက် တူရကီက ဆွီဒင်အာဏာပိုင်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကာ ဆွီဒင်သံရုံးရှေ့မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
Zawgyi Version;
မြတ္ဆလင္ဘာသာဝင္တို႔ အထြတ္အျမတ္ထားတဲ့ ကိုရမ္က်မ္းကို မီးရႈိ႕ဖ်က္စီးျခင္းဟာ ရာဇဝတ္မႈ မဟုတ္ေၾကာင္း NATO အႀကီးအကဲေျပာ
ေရာင္နီ (NP News) - ဇြန္ ၃ဝ
အီရတ္ႏိုင္ငံသားတစ္ဦးက ဆြီဒင္ႏိုင္ငံ၊ စေတာ့ဟုမ္းၿမိဳ႕လယ္ ဗလီအျပင္ဘက္မွာ အစၥလာမ္ဘာသာေရး ကိုရမ္က်မ္းစာအုပ္တစ္အုပ္ကို ဗုဒၶဟူးေန႔(ဇြန္လ ၂၈ ရက္) က မီးရႈိ႕ခဲ့ျခင္းေၾကာင့္ ၾကာသပေတးေန႔ (ဇြန္လ ၂၉ ရက္) မွာ ဆြီဒီသံ႐ုံးေရွ႕ ဆႏၵျပမႈေတြ ရွိလာခဲ့ပါတယ္။
အဆိုပါ ကိုရန္က်မ္းကို မီးရႈိ႕ဖ်က္ဆီးျခင္းဟာ ရာဇဝတ္မႈမဟုတ္ဘူးလို႔ NATO အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဂ်န္စ္စတိုးတန္းဘတ္က ေျပာၾကားခဲ့တာေၾကာင့္ မြတ္ဆလင္ေတြရဲ႕ေဒါသဟာ ပိုမိုေတာက္ေလာင္လာခဲ့ပါတယ္။
ဒါ့အျပင္ မြတ္ဆလင္အမ်ားစုေနထိုင္ရာျဖစ္တဲ့ တူရကီႏိုင္ငံဟာ အထူးသျဖင့္ ဆြီဒင္ႏိုင္ငံကို အေမရိကန္ ဦးေဆာင္ တဲ့ စစ္ဘက္ဆိုင္ရာ NATO အဖြဲ႕ထဲ အဖြဲ႕ဝင္အျဖစ္ ဝင္ေရာက္ဖို႔အတြက္ ေထာက္ခံေၾကာင္း အတည္ျပဳဖို႔ ဆြီဒင္ရဲ႕ အဆိုျပဳခ်က္ကို ျငင္းဆိုထားတာေၾကာင့္ ဒီျပႆနာဟာ အလြန္အကဲဆတ္လာခဲ့ပါတယ္။
“ဒီအေၾကာင္းတရားေတြကို ဘယ္လိုခံစားရတယ္။ ခံစားခ်က္ အတိမ္အနက္ ဘယ္ေလာက္ရွိတယ္ဆိုတာ ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ ကိုရမ္က်မ္းကို မီးရႈိ႕ျခင္းဟာ ရာဇဝတ္မႈျဖစ္တယ္လို႔ မဆိုလိုပါဘူး” စတိုးတန္းဘတ္က ၾကာသပေတးေန႔ (ဇြန္လ ၂၉ ရက္) မွာ ေျပာၾကားခဲ့တာပါ။ စတိုးတန္းဘတ္ဟာ အခုလ အေစာပိုင္းက ဆြီဒင္မွာ ျဖစ္ပြားေနတဲ့ NATO ဆန႔္က်င္ေရးဆႏၵျပမႈေတြကိုလည္း “ကြၽန္ေတာ္ သူတို႔ကို မႀကိဳက္ဘူး။ ဒါေပမယ့္ ဒါဟာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ရဲ႕တစ္စိတ္တစ္ပိုင္းပါပဲ" လို႔ ဆိုခဲ့ပါတယ္။
“ကြၽန္ေတာ့္အတြက္ အေရးႀကီးတာက မဟာမိတ္အဖြဲ႕ထဲကို ဆြီဒင္ဝင္ေရာက္ေရးမွာ အၿပီးသတ္ေအာင္ လုပ္ေဆာင္ ဖို႔ပါပဲ” လို႔ ၄င္းက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔(ဇြန္လ ၂၈ ရက္) က ဆြီဒင္မွာ ေနထိုင္တဲ့ အီရတ္ႏိုင္ငံသားတစ္ဦးက စေတာ့ဟုမ္းၿမိဳ႕ရွိ ဗလီတစ္ခု အျပင္ဘက္မွာ ကိုရမ္က်မ္းတစ္ေစာင္ကို မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။ ကိုရန္က်မ္းစာအုပ္မီးရႈိ႕ျခင္းကို ခြင့္ျပဳခဲ့တဲ့ အတြက္ တူရကီက ဆြီဒင္အာဏာပိုင္ေတြကို ျပင္းျပင္းထန္ထန္ရႈတ္ခ်ခဲ့ကာ ဆြီဒင္သံ႐ုံးေရွ႕မွာ ဆႏၵျပမႈေတြ ျဖစ္ေပၚလာခဲ့ပါတယ္။