တာချီလိတ်မြို့ရှိ KTV၊ CLUB နှင့် BAR တို့တွင်ရောင်းချနေသည့် ငွေကျပ်သိန်း(၆၀၀၀)ကျော် စိတ်ပြောင်းဆေးများ ဖမ်းဆီးရမိ

779

သန့်ဇင်(NP News) - ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ KTV၊ CLUB နှင့် BAR တို့တွင်ရောင်းချနေသည့် ငွေကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇူလိုင်လ ၆ ရက်၊ ညနေ ၆နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်၌ အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်၌ စိုင်းဝန်းကျောက် မောင်းနှင်လာသည့် TOYOTA REVO ကားကို သတင်းအရ မူးယစ်တပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရှာဖွေခဲ့ရာ ၎င်းကားပေါ်မှ ကာလတန်ဖိုးငွေကျပ်သိန်း(၆၄၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေး(Happy Water) ၅ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေး(Happy Water)များကို တာချီလိတ်မြို့ရှိ KTV /CLUB /BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
zawgyi version
တာခ်ီလိတ္ၿမိဳ႕ရွိ KTV၊ CLUB ႏွင့္ BAR တို႔တြင္ေရာင္းခ်ေနသည့္ ေငြက်ပ္သိန္း(၆၀၀၀)ေက်ာ္ စိတ္ေျပာင္းေဆးမ်ား ဖမ္းဆီးရမိ
သန႔္ဇင္(NP News) - ဇူလိုင္ ၁၀
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ KTV၊ CLUB ႏွင့္ BAR တို႔တြင္ေရာင္းခ်ေနသည့္ ေငြက်ပ္သိန္း(၆၀၀၀)ေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။
ၿပီးခဲ့ေသာ ဇူလိုင္လ ၆ ရက္၊ ညေန ၆နာရီခြဲအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ေဆးခမ္းရပ္ကြက္၌ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါရပ္ကြက္၌ စိုင္းဝန္းေက်ာက္ ေမာင္းႏွင္လာသည့္ TOYOTA REVO ကားကို သတင္းအရ မူးယစ္တပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးရွာေဖြခဲ့ရာ ၎ကားေပၚမွ ကာလတန္ဖိုးေငြက်ပ္သိန္း(၆၄၀၀)ေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆး(Happy Water) ၅ ဒသမ ၉ ကီလို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါ စိတ္ေျပာင္းေဆး(Happy Water)မ်ားကို တာခ်ီလိတ္ၿမိဳ႕ရွိ KTV /CLUB /BAR ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ လူငယ္မ်ားအား ျဖန႔္ျဖဴးေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎အား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။