ရာသက်ပန်အကျဉ်းသား ရာဒိုဗန် ကရာဒစ်ဇ် (ဘာသာပြန်ဆောင်းပါး)

 939

ပရမတ္တ ကိုမောင်ဘ (NP News) - ဇူလိုင် ၂၉

ရာဒိုဗန် ကရာဒစ်ဇ်ကို ယခင် ယူဂိုဆလပ်ဗီးယားနိုင်ငံ (ယခု မွန်တီနီဂရိုးလ်နိုင်ငံ) Petnjica, Montenegro, Yugoslavia ပက်နြိကာမှာ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်မှာမွေးဖွားခဲ့ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာမွေးဖွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မွေးနေ့တူသူတစ်ယောက်ပါ။ ကရာဒစ်ဇ်ဟာ ဆရာဝန်၊ စာရေး ဆရာနဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ၁၉၉၀ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ ဘော့စ်နီးယားနိုင်ငံရဲ့ ဆာ့ဗ် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဘော့စ်နီးယားနိုင်ငံထဲမှာ ကိုယ့်ဖာသာကိုယ် ဆာ့ဗ်သမ္မတ နိုင်ငံလို့ ကြွေးကြော်ခဲ့တဲ့ Republika Srpska ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆာ့ဗ်သမ္မတနိုင်ငံရဲ့ သမ္မတအဖြစ် ၁၉၉၂ ကနေ ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာ ယူဂိုဆလပ်ဗီးယားနိုင်ငံက ခွဲထွက်ခဲ့တဲ့ ဘော့စ်စနီးယားနိုင်ငံအတွင်း ၁၉၉၂ မှ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲကာလမှာ လူမျိုးတုံးသတ်ဖြတ်မှုများအပါအဝင် စစ်ရာဇဝတ်မှုများကျူး လွန် ခဲ့ခြင်းအတွက် သူ့မှာအပြစ်ရှိတယ်လို့ International Criminal Tribunal for the former Yugoslavia (ICTY) က ဆုံးဖြတ်ပြီး နှစ်ပေါင်း ၄၀ ထောင်ဒဏ်ချမှတ်ခြင်းခံရပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်မှာ သူရဲ့ပြစ်ဒဏ်ကို အယူခံဝင်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက် မှာ အယူခံပယ်ချခံရပြီး ပစ်ဒဏ်ကို တစ်သက်တစ်ကျွန်း အထိတိုးမြှင့်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်‌ မေလမှာ သူ့ကို ဗြိတိသျှထောင်တစ်ခုမှာ ဆက်လက် ပစ်ဒဏ်ကျခံဖို့ လွှဲပြောင်းပေးပို့ခဲ့ပါတယ်။

ဘဝ နောက်ခံသမိုင်း
ကရာ့ဒစ်ဇစ်ရဲ့ အဖေဟာ Chetniks ချက်ညစ် အဖွဲ့ဝင်တစ်ယောက်ပါ။ ချက်ညစ် အဖွဲ့ဆိုတာ ဒုတိယ ကမ္ဘာစစ်ပွဲမှာ နာဇီဂျာမန်တွေကိုရော၊ သူတို့နဲ့ပူးပေါင်းတဲ့ ကရိုးရှန်းတွေကိုပါ ဆန့်ကျင်တိုက်ခိုက်ခဲ့သလို၊ The Partisans လို့ခေါ်တဲ့ ဂျိုးဇက်ဘရော့တီတိုးခေါင်းဆောင်တဲ့ ကွန်မြူနစ်ပျောက်ကျားတပ်ဖွဲ့တွေကိုပါ ဆန့်ကျင်ခဲ့တဲ့ အဖွဲ့ပါ။ ကရာ့ဒစ်ဇ်ဟာ ဆာရာယေဘိုမှာ ဆေးပညာကိုလေ့လာသင်ယူခဲ့ပြီး ဆရာဝန်နဲ့ စိတ်ရောဂါအထူးကု ဖြစ်လာပါတယ်။ သူဟာ ကဗျာနဲ့ ကလေးတွေအတွက် စာအုပ်များလည်း ရေးခဲ့သူပါ။ ၁၉၈၅ ခုနှစ် ယူဂိုဆလပ်ဗီး ယားနိုင်ငံဟောင်းမှာတုံးက နိုင်ငံပိုင်ရံပုံငွေ လိမ်လည်မှုမှာပါဝင်ပတ်သက်မှုနဲ့ ထောင်ဒဏ် ၁၁ လ ကျခဲ့ဘူးပါတယ်။ ၁၉၉၀ ခုနှစ်မှာ ဆာ့ဗ် ဒီမိုကရက်တစ်ပါတီတည်ထောင်ရာမှာ ပါဝင်ကူညီခဲ့ပြီး ပထမ ခေါင်းဆောင်အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီပါတီဟာ ဘော့စနီးယားက ကရိုးရှားနိုင်ငံရေးပါတီတွေကို ဆန့်ကျင်ဖို့ ရည်ရွယ်တဲ့ ပါတီပါ။

၁၉၉၂ ခုနှစ်မှာ ယူဂိုဆလပ်ဗီးယားကခွဲထွက်ခဲ့တဲ့ ဘော့စ်စနီးယားထဲက၊ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ဘော့စ်စနီးယားဆာ့ဗ် သမ္မတနိုင်ငံလို့ ကိုယ့်ဖာသာကြေငြာခဲ့တဲ့ ဒေသရဲ့ သမ္မတဖြစ်လာပါတယ်။ အဲဒီဒေသဟာ အဲဒီအချိန်က ဆာဗီးယားနဲ့ မွန်တီနီဂရိုး နှစ်ပြည်နယ်သာကျန်တော့တဲ့ ယူဂိုဆလပ်ဗီးယား ဖက်ဒရေးရှင်းရဲ့ မဟာမိတ်အစွယ်အပွားအဖြစ် မိမိကိုယ်ကိုမှတ်ယူထားပါတယ်။ မူလယူဂိုဆလပ်ဗီးယား နိုင်ငံထဲက ဘော့စနီးယား၊ ကရိုးရှား၊ ဆလိုဗင်းနီးယားနဲ့ မက်ဆီဒိုးနီးယားတို့က ခွဲထွက်သွားကြပြီးချိန်ဖြစ်ပါတယ်။

အဲဒီအချိန် ဆားဗီးယားမှာ သမ္မတဖြစ်နေတဲ့ ဆလိုဗိုဒန် မီလိုဆီဗစ်နဲ့ ဘော့စ်စနီးယားဆာ့ဗ် စစ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရတ်ကို မလာဒစ်တို့ရဲ့ အားပေးထောက်ခံမှုနဲ့ ကရာဒစ်ဇ်ဟာ ဘော့စ်စနီးယားထဲက ဒေသအစိတ်အပိုင်းအချို့ကို ထိန်းချုပ်နှိုင်ဖို့နဲ့ ဆာဗ်လူမျိုးမဟုတ်သူတွေကို မောင်းထုတ်ဖို့ စစ်ဆင်‌ရေးဆင်နွှဲခဲ့ပါ တယ်။ ၁၉၉၂ ခုနှစ်က ၁၉၉၅ ခုနှစ်အတွင်း သူဟာ ရက်စက်တဲ့စစ်ဆင်ရေးတွေလုပ်လိုက်၊ အနောက်တိုင်း ခေါင်းဆောင်တွေ အဆိုပြုတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေအပေါ် စိတ်ဝင်စားကြောင်းဖေါ်ပြလိုက် နဲ့ တလှည့်စီ လုပ်ဆောင်ခဲ့ပါတယ်။

တရားစွဲပြီ
၁၉၉၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နဲ့ နိုဝင်ဘာလ ၁၆ ရက်တို့မှာ နယ်သာလန်နိုင်ငံ သဟိဂ် မှာကျင်းပတဲ့ အိုင်စီတီဝိုင် (the International Criminal Tribunal for the Former Yugoslavia (ICTY) ) က သူ့ကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူသတ်မှု၊ မုဒိန်းမှုနဲ့ အရပ်သားတွေအပေါ် မတော်မတရားပြုကျင့်တဲ့ တခြားအမှုတွေအပါအဝင် ရာ ဇဝတ်မှုတွေအတွက် စွဲချက်တင်လိုက်ပါတယ်။ ဘော့စ်စနီးယား ဆာ့ဗ်လူမျိုးခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘော့စ်စနီးယားရဲ့ ဆာ့ဗ်ထိန်းချုပ်တဲ့ဒေသတွေမှာ “ လူမျိုးသန့်စင်‌ရေး” လုပ်တာမှာ တာဝန်ရှိတယ်လို့ ယူဆခံရပါ တယ်။ အဲဒီမှာ ဘော့စညက် လို့ခေါ်တဲ့ မူဆလင်တွေနဲ့ ကရိုအက် လို့ခေါ်တဲ့ ကရိုရှန်း ထောင်ပေါင်းများစွာဟာ သတ်ဖြတ်တာ ဒါမှမဟုတ် ‌သူတို့ရဲ့နေအိမ်တွေက မောင်းထုတ်တာခံကြရပါတယ်။ ဒီဖြစ်ရပ်ဟာ ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့နောက်ပိုင်း ဥ‌ရောပတိုက်မှာ ဖြစ်ပွားခဲ့တဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့လူမျိုးတုံး သတ်ဖြတ်မှုတစ်ခု ဘဲလို့ဆိုကြပါတယ်။ ကရာဒစ်ဇ် ကျူးလွန်ခဲ့တဲ့ စက်ဆုတ်ဖွယ်အကောင်းဆုံး ရာဇဝတ်မှုက ၁၉၉၅ ခုနှစ် ဇူလိုင် လထဲမှာ ဆရီဘရီနီဆာ မြို့က ဘော့စ်ညက် ၇၀၀၀ ကျော်ကိုသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဒေတန် သဘောတူညီချက် လက်မှတ်ထိုးလိုက်တော့ ရွေးကောက်ပွဲဝင်ခွင့်မရတော့
၁၉၉၅ ခုနှစ်ကုန်မှာ မီလိုဆီးဗစ်က ယူဂိုဆလပ်ဗီးယားနဲ့ ဘော့စ်စနီးယားနယ်စပ်ကို ပိတ်လိုက်ပြီး ဘော့စ်စနီးယားဆာ့ဗ်လူမျိုးတွေကို ထောက်ခံမှုရုတ်သိမ်းလိုက်ပြီးတဲ့နောက်မှာ ကရာဒစ်ဇ်ဟာ ဒေတန် သဘော တူညီချက်ကို လက်မှတ်ထိုးဖို့ ဖိအားပေးခံရပါတော့တယ်။ ဒီ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ ဘော့စ်စနီးယား နဲ့ ဟာဇီဂိုဗီးနားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခုအဖြစ်ပိုင်းခြားဖို့၊ တစ်ခုက ကရိုအတ်-ဘော့စ်ညက် တို့နေထိုင် ကြတဲ့ ဘော့စ်နီးယား ဟာဇီဂိုဗီးနား ဖက်ဒ‌ရေးရှင်း ဖြစ်ပြီး ကျန်တစ်ခုက ဆာ့ဗ်တွေနေထိုင်တဲ့ ဘော့စ်နီးယား ဆာ့ဗ်သမ္မတနိုင်ငံ (the Republika Srpska) ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတတစ်ယောက်ထဲရဲ့ အုပ်ချုပ်မှုအောက်မှာ ဘဲရှိပါမယ်။ သဘောတူညီချက်ထဲမှာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ တရားစွဲခံရသူဟာ ၁၉၉၆ ခုနှစ် စက်တင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲမှာမပါဝင်ရလို့ တားမြစ်ထားပါတယ်။ ဒီလိုနည်းနဲ့ ကရာဒစ်ဇ်ဟာ သူ့အစိုးရ နဲ့ ပါတီတာဝန်တွေကို စွန့်လွှတ်ရပါတော့တယ်။ သဘောတူညီချက်ကို အကောင်အထည် ဖေါ်ဖို့တာဝန်ရှိတဲ့ နေတိုး (NATO) တပ်ဖွဲ့တွေက ကရာဒစ်ဇ်ကို ဖမ်းဆီးဖို့ အာဏာရှိပေမဲ့ သူ့ကိုမဖမ်းခဲ့ကြပါ။

၁၉၉၇ ခုနှစ်မှာ ကရာဒစ်ဇ်က ပုန်းအောင်းနေပါတယ်။ အလိုရှိတဲ့ နိုင်ငံတကာစစ်ရာဇဝတ်ကောင်ဖြစ် နေပေမယ့် Cudesna hronika noći (“Miraculous Chronicles of the Night”; 2004), ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ကိုထုတ်ဝေခဲ့ပါသေးတယ်။ ဒါ့ပြင် ဆာ့ဗ်အမျိုးသားရေးသမားတစ်ချို့ရဲ့ ထောက်ခံမှုကိုလည်း ရရှိနေပါသေးတယ်။ ICTY က တရားစွဲဆိုပြီး ၁၃ နှစ်အကြာ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှာ ဆာဘီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့အနီးမှာ ဆာဗီးယန်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ အဲဒီနောက်ချက်ခြင်းလိုလိုဘဲ တရားခွင်ရှိတဲ့ သဟိဂ်မြို့ကို အပို့ခံရပါတော့တယ်။ ကောလဟလသတင်းတွေအရ ဥရောပသမဂ္ဂကိုဝင်ရောက်ခွင့် ရချင်တဲ့အတွက် ဆာ့ဗီးယားအာဏာပိုင်တွေက ဝရမ်းပြေးကိုဖမ်းဆီးဖို့ ဆထက်တပိုးတိုးပြီးကြိုးပမ်းခဲ့ကြတယ်လို့ ဆိုကြပါတယ်။ သူဖမ်းဆီးခံရတဲ့အချိန်က ဘဲလ်ဂရိတ်မြို့မှာ သဘာဝကုထုံးနဲ့ ဆေးကုတဲ့အလုပ်ကို ဗြောင်လုပ်ကိုင်နိုင်ဖို့အတွက် ဒရာဂန် ဒက်ဗစ်ဆိုတဲ့ နာမည်နဲ့ ရုပ်ဖျက်နေထိုင်ခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု တရားခွင်
ကရာဒစ်ဇ်ကို သဟိဂ်က တရားရုံးမှာ ၂၀၀၉ ခုနှစ် ဆောင်းဦးပေါက်ရာသီမှာ စစ်ဆေးမှုစတင်ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာ အမှုစစ်ဆေးတာကို ခေတ္တရပ်နားခဲ့ပါတယ်။ ကရာဒ်ဇ်ကလည်း သူ့အပေါ်စွပ်စွဲထားချက်တွေ ဟာ သက်သေအထောက်အထားအားနည်းတဲ့အတွက် အမှုကိုပလပ်ပေးဖို့ တရားရုံးကို အသနားခံစာတင်ခဲ့ပါ တယ်။
တရားသူကြီးတွေက လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နှစ်ချက်အနက် တစ်ချက်ကိုပယ်ဖျက်လိုက်ပါ တယ်။ ဒါပေမယ့် ဆရီဘရီနီဆာ လူသတ်ပွဲနဲ့ပတ်သက်တဲ့ စွဲချက်ကိုတော့ ဆက်လက်စစ်ဆေးပါတယ်။ တခြား လူသားတွေအပေါ် ကျူးလွန်တဲ့ အမှုတွေနဲ့ စစ်ရာဇဝတ်မှုကိုးမှု ကိုလည်းဆက်လက်စစ်ဆေးပါတယ်။ ၂၀၁၃ ခုနှစ် ဂျူလိုင်လမှာ ကရာဒ်ဇ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဒုတိယစွဲချက်ကို ပြန်စစ်ဆေးပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ ၂၄ နေ့မှာတော့ ကရာဒစ်ဇ်ကို စွဲဆိုထားတဲ့ ၁၁ မှုအနက် ၁၀ မှုမှာ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ပါတယ်။ ဒီပြစ်ဒဏ်ဆုံးဖြတ်ချက်ဟာ များလွန်းတယ်လို့ ကရာဒစ်ဇ်က အယူခံ တက်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ် ကုလသမဂ္ဂတရားရုံးက ပစ်ဒဏ်ကို ထောင်ဒဏ် တသက် အထိတိုးမြှင့်သတ်မှတ်လိုက်ပါတော့တယ်။

ကိုးကား- Radovan Karadzic | Facts, Biography, & War Crimes

zawgyi version
ရာသက္ပန္အက်ဥ္းသား ရာဒိုဗန္ ကရာဒစ္ဇ္ (ဘာသာျပန္ေဆာင္းပါး)
ပရမတၱ ကိုေမာင္ဘ (NP News) - ဇူလိုင္ ၂၉
ရာဒိုဗန္ ကရာဒစ္ဇ္ကို ယခင္ ယူဂိုဆလပ္ဗီးယားႏိုင္ငံ (ယခု မြန္တီနီဂ႐ိုးလ္ႏိုင္ငံ) Petnjica, Montenegro, Yugoslavia ပက္ျႏိကာမွာ ၁၉၄၅ ခုႏွစ္ ဇြန္လ ၁၉ ရက္မွာေမြးဖြားခဲ့ပါတယ္။ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွာေမြးဖြားခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေမြးေန႔တူသူတစ္ေယာက္ပါ။ ကရာဒစ္ဇ္ဟာ ဆရာဝန္၊ စာေရး ဆရာနဲ႔ ႏိုင္ငံေရးသမားတစ္ေယာက္ျဖစ္ၿပီး ၁၉၉၀ ခုႏွစ္ကေန ၁၉၉၆ ခုႏွစ္အထိ ေဘာ့စ္နီးယားႏိုင္ငံရဲ႕ ဆာ့ဗ္ ဒီမိုကရက္တစ္ပါတီရဲ႕ေခါင္းေဆာင္လည္းျဖစ္ပါတယ္။ ေဘာ့စ္နီးယားႏိုင္ငံထဲမွာ ကိုယ့္ဖာသာကိုယ္ ဆာ့ဗ္သမၼတ ႏိုင္ငံလို႔ ေႂကြးေၾကာ္ခဲ့တဲ့ Republika Srpska ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ဆာ့ဗ္သမၼတႏိုင္ငံရဲ႕ သမၼတအျဖစ္ ၁၉၉၂ ကေန ၁၉၉၅ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

၁၉၉၂ ခုႏွစ္မွာ ယူဂိုဆလပ္ဗီးယားႏိုင္ငံက ခြဲထြက္ခဲ့တဲ့ ေဘာ့စ္စနီးယားႏိုင္ငံအတြင္း ၁၉၉၂ မွ ၁၉၉၅ ခုႏွစ္အထိ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ပြဲကာလမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားအပါအဝင္ စစ္ရာဇဝတ္မႈမ်ားက်ဴး လြန္ ခဲ့ျခင္းအတြက္ သူ႔မွာအျပစ္ရွိတယ္လို႔ International Criminal Tribunal for the former Yugoslavia (ICTY) က ဆုံးျဖတ္ၿပီး ႏွစ္ေပါင္း ၄၀ ေထာင္ဒဏ္ခ်မွတ္ျခင္းခံရပါတယ္။

၂၀၁၆ ခုႏွစ္ ဇူလိုင္လ ၁၆ ရက္မွာ သူရဲ႕ျပစ္ဒဏ္ကို အယူခံဝင္ပါတယ္။ ၂၀၁၉ ခုႏွစ္ မတ္လ ၂၀ ရက္ မွာ အယူခံပယ္ခ်ခံရၿပီး ပစ္ဒဏ္ကို တစ္သက္တစ္ကြၽန္း အထိတိုးျမႇင့္ခံခဲ့ရပါတယ္။ ၂၀၂၁ ခုႏွစ္‌ ေမလမွာ သူ႔ကို ၿဗိတိသွ်ေထာင္တစ္ခုမွာ ဆက္လက္ ပစ္ဒဏ္က်ခံဖို႔ လႊဲေျပာင္းေပးပို႔ခဲ့ပါတယ္။

ဘဝ ေနာက္ခံသမိုင္း
ကရာ့ဒစ္ဇစ္ရဲ႕ အေဖဟာ Chetniks ခ်က္ညစ္ အဖြဲ႕ဝင္တစ္ေယာက္ပါ။ ခ်က္ညစ္ အဖြဲ႕ဆိုတာ ဒုတိယ ကမာၻစစ္ပြဲမွာ နာဇီဂ်ာမန္ေတြကိုေရာ၊ သူတို႔နဲ႔ပူးေပါင္းတဲ့ က႐ိုးရွန္းေတြကိုပါ ဆန႔္က်င္တိုက္ခိုက္ခဲ့သလို၊ The Partisans လို႔ေခၚတဲ့ ဂ်ိဳးဇက္ဘေရာ့တီတိုးေခါင္းေဆာင္တဲ့ ကြန္ျမဴနစ္ေပ်ာက္က်ားတပ္ဖြဲ႕ေတြကိုပါ ဆန႔္က်င္ခဲ့တဲ့ အဖြဲ႕ပါ။ ကရာ့ဒစ္ဇ္ဟာ ဆာရာေယဘိုမွာ ေဆးပညာကိုေလ့လာသင္ယူခဲ့ၿပီး ဆရာဝန္နဲ႔ စိတ္ေရာဂါအထူးကု ျဖစ္လာပါတယ္။ သူဟာ ကဗ်ာနဲ႔ ကေလးေတြအတြက္ စာအုပ္မ်ားလည္း ေရးခဲ့သူပါ။ ၁၉၈၅ ခုႏွစ္ ယူဂိုဆလပ္ဗီး ယားႏိုင္ငံေဟာင္းမွာတုံးက ႏိုင္ငံပိုင္ရံပုံေငြ လိမ္လည္မႈမွာပါဝင္ပတ္သက္မႈနဲ႔ ေထာင္ဒဏ္ ၁၁ လ က်ခဲ့ဘူးပါတယ္။ ၁၉၉၀ ခုႏွစ္မွာ ဆာ့ဗ္ ဒီမိုကရက္တစ္ပါတီတည္ေထာင္ရာမွာ ပါဝင္ကူညီခဲ့ၿပီး ပထမ ေခါင္းေဆာင္အျဖစ္တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။ အဲဒီပါတီဟာ ေဘာ့စနီးယားက က႐ိုးရွားႏိုင္ငံေရးပါတီေတြကို ဆန႔္က်င္ဖို႔ ရည္႐ြယ္တဲ့ ပါတီပါ။

၁၉၉၂ ခုႏွစ္မွာ ယူဂိုဆလပ္ဗီးယားကခြဲထြက္ခဲ့တဲ့ ေဘာ့စ္စနီးယားထဲက၊ ကိုယ္ပိုင္အုပ္ခ်ဳပ္တဲ့ ေဘာ့စ္စနီးယားဆာ့ဗ္ သမၼတႏိုင္ငံလို႔ ကိုယ့္ဖာသာေၾကျငာခဲ့တဲ့ ေဒသရဲ႕ သမၼတျဖစ္လာပါတယ္။ အဲဒီေဒသဟာ အဲဒီအခ်ိန္က ဆာဗီးယားနဲ႔ မြန္တီနီဂ႐ိုး ႏွစ္ျပည္နယ္သာက်န္ေတာ့တဲ့ ယူဂိုဆလပ္ဗီးယား ဖက္ဒေရးရွင္းရဲ႕ မဟာမိတ္အစြယ္အပြားအျဖစ္ မိမိကိုယ္ကိုမွတ္ယူထားပါတယ္။ မူလယူဂိုဆလပ္ဗီးယား ႏိုင္ငံထဲက ေဘာ့စနီးယား၊ က႐ိုးရွား၊ ဆလိုဗင္းနီးယားနဲ႔ မက္ဆီဒိုးနီးယားတို႔က ခြဲထြက္သြားၾကၿပီးခ်ိန္ျဖစ္ပါတယ္။

အဲဒီအခ်ိန္ ဆားဗီးယားမွာ သမၼတျဖစ္ေနတဲ့ ဆလိုဗိုဒန္ မီလိုဆီဗစ္နဲ႔ ေဘာ့စ္စနီးယားဆာ့ဗ္ စစ္ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ရတ္ကို မလာဒစ္တို႔ရဲ႕ အားေပးေထာက္ခံမႈနဲ႔ ကရာဒစ္ဇ္ဟာ ေဘာ့စ္စနီးယားထဲက ေဒသအစိတ္အပိုင္းအခ်ိဳ႕ကို ထိန္းခ်ဳပ္ႏႈိင္ဖို႔နဲ႔ ဆာဗ္လူမ်ိဳးမဟုတ္သူေတြကို ေမာင္းထုတ္ဖို႔ စစ္ဆင္‌ေရးဆင္ႏႊဲခဲ့ပါ တယ္။ ၁၉၉၂ ခုႏွစ္က ၁၉၉၅ ခုႏွစ္အတြင္း သူဟာ ရက္စက္တဲ့စစ္ဆင္ေရးေတြလုပ္လိုက္၊ အေနာက္တိုင္း ေခါင္းေဆာင္ေတြ အဆိုျပဳတဲ့ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈေတြအေပၚ စိတ္ဝင္စားေၾကာင္းေဖၚျပလိုက္ နဲ႔ တလွည့္စီ လုပ္ေဆာင္ခဲ့ပါတယ္။

တရားစြဲၿပီ
၁၉၉၅ ခုႏွစ္ ဇူလိုင္လ ၂၅ ရက္နဲ႔ ႏိုဝင္ဘာလ ၁၆ ရက္တို႔မွာ နယ္သာလန္ႏိုင္ငံ သဟိဂ္ မွာက်င္းပတဲ့ အိုင္စီတီဝိုင္ (the International Criminal Tribunal for the Former Yugoslavia (ICTY) ) က သူ႔ကို လူမ်ိဳးတုံး သတ္ျဖတ္မႈ၊ လူသတ္မႈ၊ မုဒိန္းမႈနဲ႔ အရပ္သားေတြအေပၚ မေတာ္မတရားျပဳက်င့္တဲ့ တျခားအမႈေတြအပါအဝင္ ရာ ဇဝတ္မႈေတြအတြက္ စြဲခ်က္တင္လိုက္ပါတယ္။ ေဘာ့စ္စနီးယား ဆာ့ဗ္လူမ်ိဳးေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ေဘာ့စ္စနီးယားရဲ႕ ဆာ့ဗ္ထိန္းခ်ဳပ္တဲ့ေဒသေတြမွာ “ လူမ်ိဳးသန႔္စင္‌ေရး” လုပ္တာမွာ တာဝန္ရွိတယ္လို႔ ယူဆခံရပါ တယ္။ အဲဒီမွာ ေဘာ့စညက္ လို႔ေခၚတဲ့ မူဆလင္ေတြနဲ႔ က႐ိုအက္ လို႔ေခၚတဲ့ က႐ိုရွန္း ေထာင္ေပါင္းမ်ားစြာဟာ သတ္ျဖတ္တာ ဒါမွမဟုတ္ ‌သူတို႔ရဲ႕ေနအိမ္ေတြက ေမာင္းထုတ္တာခံၾကရပါတယ္။ ဒီျဖစ္ရပ္ဟာ ဒုတိယကမာၻစစ္ ၿပီးဆုံးတဲ့ေနာက္ပိုင္း ဥ‌ေရာပတိုက္မွာ ျဖစ္ပြားခဲ့တဲ့ အလြန္ရက္စက္ၾကမ္းၾကဳတ္တဲ့လူမ်ိဳးတုံး သတ္ျဖတ္မႈတစ္ခု ဘဲလို႔ဆိုၾကပါတယ္။ ကရာဒစ္ဇ္ က်ဴးလြန္ခဲ့တဲ့ စက္ဆုတ္ဖြယ္အေကာင္းဆုံး ရာဇဝတ္မႈက ၁၉၉၅ ခုႏွစ္ ဇူလိုင္ လထဲမွာ ဆရီဘရီနီဆာ ၿမိဳ႕က ေဘာ့စ္ညက္ ၇၀၀၀ ေက်ာ္ကိုသတ္ျဖတ္ဖို႔ အမိန႔္ေပးခဲ့ျခင္းျဖစ္ပါတယ္။

ေဒတန္ သေဘာတူညီခ်က္ လက္မွတ္ထိုးလိုက္ေတာ့ ေ႐ြးေကာက္ပြဲဝင္ခြင့္မရေတာ့
၁၉၉၅ ခုႏွစ္ကုန္မွာ မီလိုဆီးဗစ္က ယူဂိုဆလပ္ဗီးယားနဲ႔ ေဘာ့စ္စနီးယားနယ္စပ္ကို ပိတ္လိုက္ၿပီး ေဘာ့စ္စနီးယားဆာ့ဗ္လူမ်ိဳးေတြကို ေထာက္ခံမႈ႐ုတ္သိမ္းလိုက္ၿပီးတဲ့ေနာက္မွာ ကရာဒစ္ဇ္ဟာ ေဒတန္ သေဘာ တူညီခ်က္ကို လက္မွတ္ထိုးဖို႔ ဖိအားေပးခံရပါေတာ့တယ္။ ဒီ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မွာ ေဘာ့စ္စနီးယား နဲ႔ ဟာဇီဂိုဗီးနားကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ႏွစ္ခုအျဖစ္ပိုင္းျခားဖို႔၊ တစ္ခုက က႐ိုအတ္-ေဘာ့စ္ညက္ တို႔ေနထိုင္ ၾကတဲ့ ေဘာ့စ္နီးယား ဟာဇီဂိုဗီးနား ဖက္ဒ‌ေရးရွင္း ျဖစ္ၿပီး က်န္တစ္ခုက ဆာ့ဗ္ေတြေနထိုင္တဲ့ ေဘာ့စ္နီးယား ဆာ့ဗ္သမၼတႏိုင္ငံ (the Republika Srpska) ျဖစ္ပါတယ္။ ဒါေပမယ့္ သမၼတတစ္ေယာက္ထဲရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ဘဲရွိပါမယ္။ သေဘာတူညီခ်က္ထဲမွာ စစ္ရာဇဝတ္မႈက်ဴးလြန္တယ္လို႔ တရားစြဲခံရသူဟာ ၁၉၉၆ ခုႏွစ္ စက္တင္ဘာလက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာမပါဝင္ရလို႔ တားျမစ္ထားပါတယ္။ ဒီလိုနည္းနဲ႔ ကရာဒစ္ဇ္ဟာ သူ႔အစိုးရ နဲ႔ ပါတီတာဝန္ေတြကို စြန႔္လႊတ္ရပါေတာ့တယ္။ သေဘာတူညီခ်က္ကို အေကာင္အထည္ ေဖၚဖို႔တာဝန္ရွိတဲ့ ေနတိုး (NATO) တပ္ဖြဲ႕ေတြက ကရာဒစ္ဇ္ကို ဖမ္းဆီးဖို႔ အာဏာရွိေပမဲ့ သူ႔ကိုမဖမ္းခဲ့ၾကပါ။

၁၉၉၇ ခုႏွစ္မွာ ကရာဒစ္ဇ္က ပုန္းေအာင္းေနပါတယ္။ အလိုရွိတဲ့ ႏိုင္ငံတကာစစ္ရာဇဝတ္ေကာင္ျဖစ္ ေနေပမယ့္ Cudesna hronika noći (“Miraculous Chronicles of the Night”; 2004), ဆိုတဲ့ ဝတၳဳတစ္ပုဒ္ကိုထုတ္ေဝခဲ့ပါေသးတယ္။ ဒါ့ျပင္ ဆာ့ဗ္အမ်ိဳးသားေရးသမားတစ္ခ်ိဳ႕ရဲ႕ ေထာက္ခံမႈကိုလည္း ရရွိေနပါေသးတယ္။ ICTY က တရားစြဲဆိုၿပီး ၁၃ ႏွစ္အၾကာ ၂၀၀၈ ခုႏွစ္ ဇူလိုင္လ ၂၁ ရက္မွာ ဆာဘီးယားႏိုင္ငံ ဘယ္လ္ဂရိတ္ၿမိဳ႕အနီးမွာ ဆာဗီးယန္း အာဏာပိုင္ေတြရဲ႕ ဖမ္းဆီးျခင္းကိုခံလိုက္ရပါတယ္။ အဲဒီေနာက္ခ်က္ျခင္းလိုလိုဘဲ တရားခြင္ရွိတဲ့ သဟိဂ္ၿမိဳ႕ကို အပို႔ခံရပါေတာ့တယ္။ ေကာလဟလသတင္းေတြအရ ဥေရာပသမဂၢကိုဝင္ေရာက္ခြင့္ ရခ်င္တဲ့အတြက္ ဆာ့ဗီးယားအာဏာပိုင္ေတြက ဝရမ္းေျပးကိုဖမ္းဆီးဖို႔ ဆထက္တပိုးတိုးၿပီးႀကိဳးပမ္းခဲ့ၾကတယ္လို႔ ဆိုၾကပါတယ္။ သူဖမ္းဆီးခံရတဲ့အခ်ိန္က ဘဲလ္ဂရိတ္ၿမိဳ႕မွာ သဘာဝကုထုံးနဲ႔ ေဆးကုတဲ့အလုပ္ကို ေျဗာင္လုပ္ကိုင္ႏိုင္ဖို႔အတြက္ ဒရာဂန္ ဒက္ဗစ္ဆိုတဲ့ နာမည္နဲ႔ ႐ုပ္ဖ်က္ေနထိုင္ခဲ့ပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ တရားခြင္
ကရာဒစ္ဇ္ကို သဟိဂ္က တရား႐ုံးမွာ ၂၀၀၉ ခုႏွစ္ ေဆာင္းဦးေပါက္ရာသီမွာ စစ္ေဆးမႈစတင္ပါတယ္။ ၂၀၁၂ ခုႏွစ္ ဇြန္လမွာ အမႈစစ္ေဆးတာကို ေခတၱရပ္နားခဲ့ပါတယ္။ ကရာဒ္ဇ္ကလည္း သူ႔အေပၚစြပ္စြဲထားခ်က္ေတြ ဟာ သက္ေသအေထာက္အထားအားနည္းတဲ့အတြက္ အမႈကိုပလပ္ေပးဖို႔ တရား႐ုံးကို အသနားခံစာတင္ခဲ့ပါ တယ္။
တရားသူႀကီးေတြက လူမ်ိဳးတုံးသတ္ျဖတ္မႈ စြဲခ်က္ႏွစ္ခ်က္အနက္ တစ္ခ်က္ကိုပယ္ဖ်က္လိုက္ပါ တယ္။ ဒါေပမယ့္ ဆရီဘရီနီဆာ လူသတ္ပြဲနဲ႔ပတ္သက္တဲ့ စြဲခ်က္ကိုေတာ့ ဆက္လက္စစ္ေဆးပါတယ္။ တျခား လူသားေတြအေပၚ က်ဴးလြန္တဲ့ အမႈေတြနဲ႔ စစ္ရာဇဝတ္မႈကိုးမႈ ကိုလည္းဆက္လက္စစ္ေဆးပါတယ္။ ၂၀၁၃ ခုႏွစ္ ဂ်ဴလိုင္လမွာ ကရာဒ္ဇ္အေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ ဒုတိယစြဲခ်က္ကို ျပန္စစ္ေဆးပါတယ္။ ၂၀၁၆ ခုႏွစ္ မတ္လ ၂၄ ေန႔မွာေတာ့ ကရာဒစ္ဇ္ကို စြဲဆိုထားတဲ့ ၁၁ မႈအနက္ ၁၀ မႈမွာ အျပစ္ရွိတယ္လို႔ တရား႐ုံးကဆုံးျဖတ္လိုက္ၿပီး ေထာင္ဒဏ္ ႏွစ္ ၄၀ ခ်မွတ္လိုက္ပါတယ္။ ဒီျပစ္ဒဏ္ဆုံးျဖတ္ခ်က္ဟာ မ်ားလြန္းတယ္လို႔ ကရာဒစ္ဇ္က အယူခံ တက္ခဲ့ေပမယ့္ ၂၀၁၉ ခုႏွစ္ ကုလသမဂၢတရား႐ုံးက ပစ္ဒဏ္ကို ေထာင္ဒဏ္ တသက္ အထိတိုးျမႇင့္သတ္မွတ္လိုက္ပါေတာ့တယ္။

ကိုးကား- Radovan Karadzic | Facts, Biography, & War Crimes

Related news

© 2021. All rights reserved.