Peninsula Yangon ဟိုတယ်စီမံကိန်းကို ပြန်လည်လုပ်ဆောင်ရေးက စီးပွားရေးအခြေအနေများအပေါ်တွင် မူတည်နေ

 1646

ဂျန်ဇက် (NP News) - သြဂုတ် ၄

ရန်ကုန်မြို့မှာ လုပ်ဆောင်လျက်ရှိနေတဲ့ Peninsula Yangon ဟိုတယ်စီမံကိန်းကို ပြန်လည်လုပ်ဆောင်ရေးက စီးပွားရေးအခြေအနေများအပေါ်မှာ မူတည်နေကြောင်း Peninsula Hotels စီးပွားရေးလုပ်ငန်းစု အမှုဆောင် အရာရှိချုပ် Clement Kwok က ပြောပါတယ်။

Peninsula Hotels စီးပွားရေးလုပ်ငန်းစုအနေနဲ့ မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ဟိုတယ်စီမံကိန်းကို လက်ရှိအချိန်မှာ ရပ်ဆိုင်းထားပေမယ့် ဖျက်သိမ်းဖို့အစီအစဉ်မရှိကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုများအပြင် နိုင်ငံတကာဖိအားများကြောင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်အချို့ဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့စီမံကိန်းတွေ၊ လုပ်ငန်းတွေ ပြန်လည် ရုတ်သိမ်းမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

Peninsula Hotels လုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဒေါ်လာသန်း ၁၃ဝ တန်ဖိုးရှိ ဟိုတယ်စီမံကိန်းတည်ဆောက်မှုတွေကို ရပ်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ဟိုတယ် စီမံကိန်းကို Yoma Stretegic Holding ကုမ္ပဏီ၊ First Myanmar Investment ကုမ္ပဏီ နှစ်ခုအပြင် Peninsula Hotels ဟိုတယ် စီပွားရေးလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

Peninsula Hotels ဟိုတယ်စီပွားရေးလုပ်ငန်းစုက စီမံကိန်းမှာရှယ်ယာပေါင်း ၇ဝ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို မြန်မာကုမ္မဏီများကပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ Peninsula Yangon ဟိုတယ် စီမံကိန်းကို ၂ဝ၁၄ ခုနှစ်က ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်ဟောင်းနေရာမှာ တည်ဆောက်ဖို့ စီစဉ်ခဲ့ပြီး အခန်းပေါင်း ၈၈ ခန်း အပါအဝင် ဈေးဝယ်စင်တာတွေ၊ အခြားအဆောက်အဦးတွေလည်း ပါဝင်ဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
Peninsula Yangon ဟိုတယ္စီမံကိန္းကို ျပန္လည္လုပ္ေဆာင္ေရးက စီးပြားေရးအေျခအေနမ်ားအေပၚတြင္ မူတည္ေန
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၄

ရန္ကုန္ၿမိဳ႕မွာ လုပ္ေဆာင္လ်က္ရွိေနတဲ့ Peninsula Yangon ဟိုတယ္စီမံကိန္းကို ျပန္လည္လုပ္ေဆာင္ေရးက စီးပြားေရးအေျခအေနမ်ားအေပၚမွာ မူတည္ေနေၾကာင္း Peninsula Hotels စီးပြားေရးလုပ္ငန္းစု အမႈေဆာင္ အရာရွိခ်ဳပ္ Clement Kwok က ေျပာပါတယ္။

Peninsula Hotels စီးပြားေရးလုပ္ငန္းစုအေနနဲ႔ ျမန္မာႏိုင္ငံမွာ တည္ေဆာက္ဖို႔ စီစဥ္ထားတဲ့ ဟိုတယ္စီမံကိန္းကို လက္ရွိအခ်ိန္မွာ ရပ္ဆိုင္းထားေပမယ့္ ဖ်က္သိမ္းဖို႔အစီအစဥ္မရွိေၾကာင္း ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ၂ဝ၂၁ ခုႏွစ္ က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရရဲ႕ပိတ္ဆို႔မႈမ်ားအျပင္ ႏိုင္ငံတကာဖိအားမ်ားေၾကာင့္ ျပည္ပစီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕ဟာ ျမန္မာႏိုင္ငံမွာ လုပ္ကိုင္ေနတဲ့စီမံကိန္းေတြ၊ လုပ္ငန္းေတြ ျပန္လည္ ႐ုတ္သိမ္းမႈေတြ ရွိခဲ့ေၾကာင္း သိရပါတယ္။

Peninsula Hotels လုပ္ငန္းစုဟာ ျမန္မာႏိုင္ငံမွာအာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္ေဒၚလာသန္း ၁၃ဝ တန္ဖိုးရွိ ဟိုတယ္စီမံကိန္းတည္ေဆာက္မႈေတြကို ရပ္ဆိုင္းခဲ့ရေၾကာင္း သိရပါတယ္။ အဆိုပါ ဟိုတယ္ စီမံကိန္းကို Yoma Stretegic Holding ကုမၸဏီ၊ First Myanmar Investment ကုမၸဏီ ႏွစ္ခုအျပင္ Peninsula Hotels ဟိုတယ္ စီပြားေရးလုပ္ငန္းတို႔ ပူးေပါင္းေဆာင္႐ြက္ေနျခင္းျဖစ္ပါတယ္။

Peninsula Hotels ဟိုတယ္စီပြားေရးလုပ္ငန္းစုက စီမံကိန္းမွာရွယ္ယာေပါင္း ၇ဝ ရာခိုင္ႏႈန္းပိုင္ဆိုင္ၿပီး က်န္ရွယ္ယာမ်ားကို ျမန္မာကုမၼဏီမ်ားကပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ Peninsula Yangon ဟိုတယ္ စီမံကိန္းကို ၂ဝ၁၄ ခုႏွစ္က ရန္ကုန္ၿမိဳ႕လယ္ရွိ မီးရထား႐ုံးခ်ဳပ္ေဟာင္းေနရာမွာ တည္ေဆာက္ဖို႔ စီစဥ္ခဲ့ၿပီး အခန္းေပါင္း ၈၈ ခန္း အပါအဝင္ ေဈးဝယ္စင္တာေတြ၊ အျခားအေဆာက္အဦးေတြလည္း ပါဝင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Picture

Aung Aung

05/08/2023 11:03

ရူးသလို ပေါသလို ရေးတတ်တယ်😂

Related news

© 2021. All rights reserved.