ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကိုတားဆီးကာ မီးသတ်ပိုက်ဖြင့်ထိုးခဲ့သည့် တရုတ်ကမ်းခြေစောင့်သင်္ဘောလုပ်ရပ်ကို ဖိလစ်ပိုင်အစိုးရ ပြစ်တင်ရှုတ်ချ

 847

Pika (NP News) - သြဂုတ် ၆

တရုတ်ကမ်းခြေစောင့်သင်္ဘောသည် ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို အငြင်းပွားနေသော တောင်တရုတ် ပင်လယ်တွင် ပိတ်ဆို့တားဆီးခဲ့ပြီးနောက် မီးသတ်ပိုက်ဖြင့် ထိုးခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က စွပ်စွဲပြောခဲ့သည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောသည် Spratly ကျွန်းစုများထဲမှ တစ်ခုတွင် တပ်စွဲထားသော ဖိလစ်ပိုင်စစ်သားများ အတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောများကို လိုက်ပါစောင့်ကြပ်ပေးနေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားခဲ့သည်။

တရုတ်၏ အန္တရာယ်ရှိသောလုပ်ရပ်များကို အမေရိကန်က ပြစ်တင်ရှုတ်ချခဲ့ပြီး အဆိုပါဖြစ်ရပ်အတွက် တရုတ်၏ ကမ်းခြေစောင့်သင်္ဘောကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး တရုတ်ဖက်က တရားဝင်ပြန်လည်တုံ့ပြန် မှတ်ချက်ပေးခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ဖိလစ်ပိုင်က ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော Spratlys ကျွန်းများ အပါအဝင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးသည် တရုတ်အပိုင်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောသည်။

ထို့အပြင် မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း နှင့် ထိုင်ဝမ်တို့သည်လည်း တောင်တရုတ်ပင်လယ်တွင် ပိုင်နက်အပြိုင် အဆိုင် တောင်းဆိုမှုများရှိနေကြောင်းသိရသည်။ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောသည် ဩဂုတ်လ(၅)ရက်တွင် Spratly ကျွန်းစုများထဲမှ တစ်ခုသို့ ဦးတည်သွားရောက်နေစဉ် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တရုတ်၏ လုပ်ရပ်များသည် ဥပဒေမဲ့သည့်လုပ်ရပ်များဖြစ်ပြီး နိုင်ငံတကာဥပဒေကိုချိုးဖောက်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပြောဆိုချက်များကို ထောက်ခံ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက "တရုတ်ကမ်းခြေစောင့်သင်္ဘောရဲ့လုပ်ရပ်ဟာ တောင်တရုတ်ပင်လယ်မှာ လွတ်လပ်စွာရေကြောင်း သွားလာမှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောနဲ့ သင်္ဘောသားတွေရဲ့လုံခြုံရေးကို ထိခိုက်စေခဲ့ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာကိုတားဆီးကာ မီးသတ္ပိုက္ျဖင့္ထိုးခဲ့သည့္ တ႐ုတ္ကမ္းေျခေစာင့္သေဘၤာ လုပ္ရပ္ကို ဖိလစ္ပိုင္အစိုးရ ျပစ္တင္ရႈတ္ခ်
Pika (NP News) - ၾသဂုတ္ ၆

တ႐ုတ္ကမ္းေျခေစာင့္သေဘၤာသည္ ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာကို အျငင္းပြားေနေသာ ေတာင္တ႐ုတ္ ပင္လယ္တြင္ ပိတ္ဆို႔တားဆီးခဲ့ၿပီးေနာက္ မီးသတ္ပိုက္ျဖင့္ ထိုးခဲ့ေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က စြပ္စြဲေျပာခဲ့သည္။

ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာသည္ Spratly ကြၽန္းစုမ်ားထဲမွ တစ္ခုတြင္ တပ္စြဲထားေသာ ဖိလစ္ပိုင္စစ္သားမ်ား အတြက္ ေထာက္ပံ့ေရးပစၥည္းမ်ား သယ္ေဆာင္လာသည့္ သေဘၤာမ်ားကို လိုက္ပါေစာင့္ၾကပ္ေပးေနစဥ္ ယခုကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ က ေျပာၾကားခဲ့သည္။

တ႐ုတ္၏ အႏၲရာယ္ရွိေသာလုပ္ရပ္မ်ားကို အေမရိကန္က ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အဆိုပါျဖစ္ရပ္အတြက္ တ႐ုတ္၏ ကမ္းေျခေစာင့္သေဘၤာကိုလည္း ျပစ္တင္ေဝဖန္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး တ႐ုတ္ဖက္က တရားဝင္ျပန္လည္တုံ႔ျပန္ မွတ္ခ်က္ေပးျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ ဖိလစ္ပိုင္က ပိုင္ဆိုင္သည္ဟု ေျပာဆိုထားေသာ Spratlys ကြၽန္းမ်ား အပါအဝင္ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးသည္ တ႐ုတ္အပိုင္ျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ေျပာသည္။

ထို႔အျပင္ မေလးရွား၊ ဗီယက္နမ္၊ ဘ႐ူႏိုင္း ႏွင့္ ထိုင္ဝမ္တို႔သည္လည္း ေတာင္တ႐ုတ္ပင္လယ္တြင္ ပိုင္နက္အၿပိဳင္ အဆိုင္ ေတာင္းဆိုမႈမ်ားရွိေနေၾကာင္းသိရသည္။ ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာသည္ ဩဂုတ္လ(၅)ရက္တြင္ Spratly ကြၽန္းစုမ်ားထဲမွ တစ္ခုသို႔ ဦးတည္သြားေရာက္ေနစဥ္ ယခုကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ဖြဲ႕ (PCG) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ တ႐ုတ္၏ လုပ္ရပ္မ်ားသည္ ဥပေဒမဲ့သည့္လုပ္ရပ္မ်ားျဖစ္ၿပီး ႏိုင္ငံတကာဥပေဒကိုခ်ိဳးေဖာက္ေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ေျပာဆိုခ်က္မ်ားကို ေထာက္ခံ ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက "တ႐ုတ္ကမ္းေျခေစာင့္သေဘၤာရဲ႕လုပ္ရပ္ဟာ ေတာင္တ႐ုတ္ပင္လယ္မွာ လြတ္လပ္စြာေရေၾကာင္း သြားလာမႈကို အေႏွာင့္အယွက္ျဖစ္ေစခဲ့ၿပီး ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာနဲ႔ သေဘၤာသားေတြရဲ႕လုံၿခဳံေရးကို ထိခိုက္ေစခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.