သီတင်းပတ်နှစ်ပတ်အတွင်း PDF အဖွဲ့ဝင် (၄၀)ကျော် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ပြီး နစကမှ ဆုငွေကျပ်သိန်း(၇၀၀)နီးပါး ချီးမြှင့်ထား

4632
ယွန်း (NP News) - သြဂုတ် ၁၂
သြဂုတ်လ(၁) ရက်မှ (၁၁)ရက်အတွင်း PDF အဖွဲ့ဝင် (၄၁)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ယမန်နေ့(သြဂုတ်လ ၁၁ ရက်)က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနော်ရထာခန်းမတွင် လက်ခံခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့ ပြန်လည်လက်ခံခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့မှ PDF အဖွဲ့ဝင်အမျိုးသား (၁၀)ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့နှင့်အတူပါလာသည့် လက်လုပ်ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၉ မမ ကျည်ငါးတောင့်တို့ကိုလည်း အပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ၎င်းတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် သြဂုတ်လ(၂)ရက်ကလည်း စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့မှ PDF အဖွဲ့ဝင် (၁၇)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သြဂုတ်လ(၄)ရက်တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်သာယာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှည်းကူးမြို့နယ်အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ ဝါးခယ်မ၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင်(၁၄)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နစကမှ သိရသည်။
ထို့ကြောင့် သြဂုတ်လ(၁)ရက်မှ (၁၁)ရက်အထိ PDF အဖွဲ့ဝင် (၄၁)ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အား နစကမှ ဆုငွေ(၆၇၇)သိန်း ချီးမြှင့်ထားကြောင်း သိရသည်။
နစကအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်အဖွဲ့များတွင် ရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
zawgyi version
သီတင္းပတ္ႏွစ္ပတ္အတြင္း PDF အဖြဲ႕ဝင္ (၄၀)ေက်ာ္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၿပီး နစကမွ ဆုေငြက်ပ္သိန္း(၇၀၀)နီးပါး ခ်ီးျမႇင့္ထား
ယြန္း (NP News) - ၾသဂုတ္ ၁၂
ၾသဂုတ္လ(၁) ရက္မွ (၁၁)ရက္အတြင္း PDF အဖြဲ႕ဝင္ (၄၁)ဦး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔(ၾသဂုတ္လ ၁၁ ရက္)က ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာသူမ်ားအား အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ အေနာ္ရထာခန္းမတြင္ လက္ခံခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုသို႔ ျပန္လည္လက္ခံခဲ့ရာ ျပစ္မႈက်ဴးလြန္ခဲ့ျခင္းမရွိေသာ မႏၲေလးတိုင္း မဟာေအာင္ေျမၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမရပူရၿမိဳ႕နယ္ႏွင့္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕တို႔မွ PDF အဖြဲ႕ဝင္အမ်ိဳးသား (၁၀)ဦး ဥပေဒေဘာင္အတြင္း ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔ႏွင့္အတူပါလာသည့္ လက္လုပ္ပစၥတိုတစ္လက္၊ ၎က်ည္အိမ္တစ္ခု၊ ၉ မမ က်ည္ငါးေတာင့္တို႔ကိုလည္း အပ္ႏွံခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ ၎တို႔အား ဝန္ခံကတိလက္မွတ္ေရးထိုးေစကာ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ၾသဂုတ္လ(၂)ရက္ကလည္း စစ္ကိုင္းတိုင္း ႏွင့္ မေကြးတိုင္းတို႔မွ PDF အဖြဲ႕ဝင္ (၁၇)ဦး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၾသဂုတ္လ(၄)ရက္တြင္လည္း ရန္ကုန္တိုင္းအတြင္းရွိ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ စမ္းေခ်ာင္း၊ မရမ္းကုန္း၊ လွည္းကူးၿမိဳ႕နယ္အပါအဝင္ ဧရာဝတီတိုင္းအတြင္းရွိ ဝါးခယ္မ၊ ေညာင္တုန္း၊ ဓႏုျဖဴၿမိဳ႕နယ္ႏွင့္ စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕နယ္တို႔မွ PDF အဖြဲ႕ဝင္(၁၄)ဦး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ေၾကာင္း နစကမွ သိရသည္။
ထို႔ေၾကာင့္ ၾသဂုတ္လ(၁)ရက္မွ (၁၁)ရက္အထိ PDF အဖြဲ႕ဝင္ (၄၁)ဦး ဥပေဒေဘာင္အတြင္း ဝင္ေရာက္ခဲ့ၿပီး ၎တို႔အား နစကမွ ဆုေငြ(၆၇၇)သိန္း ခ်ီးျမႇင့္ထားေၾကာင္း သိရသည္။
နစကအေနျဖင့္ PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးအမည္ခံ၍ လက္နက္ကိုင္ ဆန႔္က်င္လ်က္ရွိသည့္အဖြဲ႕မ်ားတြင္ ေရာက္ရွိေနသူမ်ားကို ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဖိတ္ေခၚလ်က္ရွိေၾကာင္း သိရသည္။