အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော် (၈၃)ပါး ပျံလွန်တော်မူခဲ့ဟု ရဲတပ်ဖွဲ့ပြော

1265
NP News - သြဂုတ် ၁၂
အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော် (၈၃)ပါး ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၌ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ရဟန်သံဃာတော်၊ နိုင်ငံ့ဝန်ထမ်းနှင့် အပြစ်မဲ့ပြည်သူ (၆၀၀၀)ကျော် အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
၎င်းကဲ့သို့ အကြမ်းဖက်သတ်ဖြတ်ခံရမှုများအနက် ဗုဒ္ဓဘာသာရဟန်းသံဃာတော် (၈၃)ပါးနှင့် သီလရှင်ဆရာကြီး (၁)ပါးတို့သည်လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော သြဂုတ်လ ၃ ရက်တွင် မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျောင်းထိုင်ဆရာတော်ဥူးဝိစိတ္တကို PDF အဖွဲ့ဝင်တစ်ဦး နှင့်အရပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
အလားတူ သြဂုတ်လ ၉ ရက်တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးစန္ဒိမာသည်လည်း အကြမ်းဖက်အဖွဲ့၏ ဓါးဖြင့် ရက်ရက်စက်စက်ခုတ်သတ်ခြင်းကိုခံခဲ့ရကာ ပျံလွန်တော်မူခဲ့သည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာအတွင်းသို့ PDF အဖွဲ့က သြဂုတ်လ ၉ ရက်တွင် လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာဘုန်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဝါတော် (၅)ဝါ၊ သက်တော်(၁၄)နှစ်အရွယ်ရှိ ရှင်သာမဏေတစ်ပါးမှာ ထိခိုက်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်ထိ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုလုပ်ရပ်များကြောင့် နိုင်ငံအတွင်း၌ သံဃာတော် (၈၃)ပါးနှင့် သီလရှင်ဆရာကြီး (၁)ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ ဗုဒ္ဓဘာသာရဟန်းသံဃာတော် အကြမ်းဖက်သတ်ဖြတ်ခံနေရမှုအပေါ် နစကအနေဖြင့် ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်းမရှိသကဲ့သို့ အကြမ်းဖက်သမားများကလည်း ရဟန်သံဃာတော်များအား လုပ်ကြံသတ်ဖြတ်နေခြင်းကို ရပ်တန့်သွားခြင်း မရှိသေးပေ။
“ဒီဟာတွေကတော့ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ဘုန်းဘုန်းကတော့ ဒါတွေကို ရှုတ်ချတယ်။ လက်လည်းလက်မခံဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီဘာသာရေးခေါင်းဆောင်ဆိုတာ ဘာလက်နက်မှလည်း ရှိတာမဟုတ်ဘူး။ မေတ္တာတရားနဲ့ပဲ ပြောဟောဆုံးမကြတာ ဘယ်ဘာသာရေးခေါင်းဆောင်ပဲ ဖြစ် ဖြစ်ပေါ့။ ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး တခြားဘာသာတွေကိုလည်း ဘုန်းဘုန်းက ဒီလိုပဲ အသိအမှတ်ပြုပါတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာရဟန်းတော်တွေက ကိုယ့်ဘာသာထဲက ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဒါတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြတာတွေက ရပ်သင့်ပါပြီ။ မလုပ်သင့်ဘူးပေါ့နော်။ အဲဒီလို လုပ်ကြတဲ့သူတွေ ဒါတွေကို ရှောင်ကျဉ်ပေးကြဖို့ ဘုန်းဘုန်းက မေတ္တာရပ်ခံပါတယ်”ဟု IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားထားသည်။
မည်သည့်အဖွဲ့အစည်းကဖြစ်စေ ဘာသာရေးအကြမ်းဖက်မှု၊ ဗုဒ္ဓဘာသာရဟန်းတော်များကို အကြမ်းဖက်သတ်ဖြတ်နေမှုကို ရပ်တန့်ပေးကြရန် ဆရာတော်က မေတ္တာရပ်ခံမိန့်ကြားထားသည်။

zawgyi version
အၾကမ္းဖက္သမားမ်ား၏ လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ဗုဒၶဘာသာရဟန္းသံဃာေတာ္ (၈၃)ပါး ပ်ံလြန္ေတာ္မူခဲ့ဟု ရဲတပ္ဖြဲ႕ေျပာ
NP News - ၾသဂုတ္ ၁၂
အၾကမ္းဖက္သမားမ်ား၏ လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ဗုဒၶဘာသာရဟန္းသံဃာေတာ္ (၈၃)ပါး ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေျပာသည္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ျမန္မာႏိုင္ငံ၌ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ ရဟန္သံဃာေတာ္၊ ႏိုင္ငံ့ဝန္ထမ္းႏွင့္ အျပစ္မဲ့ျပည္သူ (၆၀၀၀)ေက်ာ္ အၾကမ္းဖက္သတ္ျဖတ္ျခင္း ခံခဲ့ရသည္။
၎ကဲ့သို႔ အၾကမ္းဖက္သတ္ျဖတ္ခံရမႈမ်ားအနက္ ဗုဒၶဘာသာရဟန္းသံဃာေတာ္ (၈၃)ပါးႏွင့္ သီလရွင္ဆရာႀကီး (၁)ပါးတို႔သည္လည္း လုပ္ႀကံသတ္ျဖတ္ခံခဲ့ရကာ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ၾသဂုတ္လ ၃ ရက္တြင္ မေကြးတိုင္း၊ ထီးလင္းၿမိဳ႕နယ္ရွိ ေက်ာင္းထိုင္ဆရာေတာ္ဥဴးဝိစိတၱကို PDF အဖြဲ႕ဝင္တစ္ဦး ႏွင့္အရပ္သားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံသတ္ျဖတ္မႈ ျဖစ္ပြားခဲ့သည္။
အလားတူ ၾသဂုတ္လ ၉ ရက္တြင္လည္း မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္ရွိ ေအာင္မဂၤလာေက်ာင္းတိုက္မွ ေက်ာင္းထိုင္ဆရာေတာ္ ဥဴးစႏၵိမာသည္လည္း အၾကမ္းဖက္အဖြဲ႕၏ ဓါးျဖင့္ ရက္ရက္စက္စက္ခုတ္သတ္ျခင္းကိုခံခဲ့ရကာ ပ်ံလြန္ေတာ္မူခဲ့သည္။
ထို႔အတူ စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္၊ မက်ီးတုံေက်း႐ြာအတြင္းသို႔ PDF အဖြဲ႕က ၾသဂုတ္လ ၉ ရက္တြင္ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ေက်း႐ြာဘုန္ႀကီးေက်ာင္းအတြင္း က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ဝါေတာ္ (၅)ဝါ၊ သက္ေတာ္(၁၄)ႏွစ္အ႐ြယ္ရွိ ရွင္သာမေဏတစ္ပါးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
လက္ရွိအခ်ိန္ထိ အၾကမ္းဖက္သမားမ်ား၏ လုပ္ႀကံသတ္ျဖတ္မႈလုပ္ရပ္မ်ားေၾကာင့္ ႏိုင္ငံအတြင္း၌ သံဃာေတာ္ (၈၃)ပါးႏွင့္ သီလရွင္ဆရာႀကီး (၁)ပါးတို႔ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ၿပီးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
ထိုသို႔ ဗုဒၶဘာသာရဟန္းသံဃာေတာ္ အၾကမ္းဖက္သတ္ျဖတ္ခံေနရမႈအေပၚ နစကအေနျဖင့္ ထိေရာက္စြာ ကာကြယ္ေပးႏိုင္ျခင္းမရွိသကဲ့သို႔ အၾကမ္းဖက္သမားမ်ားကလည္း ရဟန္သံဃာေတာ္မ်ားအား လုပ္ႀကံသတ္ျဖတ္ေနျခင္းကို ရပ္တန႔္သြားျခင္း မရွိေသးေပ။
“ဒီဟာေတြကေတာ့ ဘယ္အဖြဲ႕အစည္းကပဲ လုပ္လုပ္ ဘုန္းဘုန္းကေတာ့ ဒါေတြကို ရႈတ္ခ်တယ္။ လက္လည္းလက္မခံဘူးေပါ့ေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဘာသာေရးေခါင္းေဆာင္ဆိုတာ ဘာလက္နက္မွလည္း ရွိတာမဟုတ္ဘူး။ ေမတၱာတရားနဲ႔ပဲ ေျပာေဟာဆုံးမၾကတာ ဘယ္ဘာသာေရးေခါင္းေဆာင္ပဲ ျဖစ္ ျဖစ္ေပါ့။ ဗုဒၶဘာသာမွ မဟုတ္ပါဘူး တျခားဘာသာေတြကိုလည္း ဘုန္းဘုန္းက ဒီလိုပဲ အသိအမွတ္ျပဳပါတယ္။ အဲဒီေတာ့ ဗုဒၶဘာသာရဟန္းေတာ္ေတြက ကိုယ့္ဘာသာထဲက ပုဂၢိဳလ္ေတြျဖစ္တဲ့အတြက္ ဒါေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ေနၾကတာေတြက ရပ္သင့္ပါၿပီ။ မလုပ္သင့္ဘူးေပါ့ေနာ္။ အဲဒီလို လုပ္ၾကတဲ့သူေတြ ဒါေတြကို ေရွာင္က်ဥ္ေပးၾကဖို႔ ဘုန္းဘုန္းက ေမတၱာရပ္ခံပါတယ္”ဟု IBEC ဆရာေတာ္ ဦးေသာဘိတက မိန႔္ၾကားထားသည္။
မည္သည့္အဖြဲ႕အစည္းကျဖစ္ေစ ဘာသာေရးအၾကမ္းဖက္မႈ၊ ဗုဒၶဘာသာရဟန္းေတာ္မ်ားကို အၾကမ္းဖက္သတ္ျဖတ္ေနမႈကို ရပ္တန႔္ေပးၾကရန္ ဆရာေတာ္က ေမတၱာရပ္ခံမိန႔္ၾကားထားသည္။