သာယာဝတီမြို့နယ်တွင် ရထားလမ်းပေါ်တက်အိပ်နေသည့် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍သေဆုံး

 1185

သန့်ဇင် (NP News) - ဩဂုတ် ၂၁

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အရက်မူးနေသည့် အမျိုးသားတစ်ဦး ရထားလမ်းပေါ်တက်အိပ်နေစဉ် ရထားကြိတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်များမှ သိရသည်။

ရထားကြိတ်မှုသည် ဩဂုတ်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် သာယာဝတီမြို့နယ်၊ ပြည်တော်သာအုပ်စု၊ အထက်သစ်ချကျေးရွာအနီး၊ ရထားလမ်းမိုင်တိုင်အမှတ်(၆၈/၂၂/၂၃) ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ ပြည်သို့ ခုတ်မောင်းလာသည့် အမှတ်(၆၃)အဆန် စာပို့ရထားသည် အထက်ပါနေရာ အရောက်တွင် ရထားလမ်းပေါ်၌ အိပ်နေသည့် အမျိုးသားတစ်ဦးအား တက်ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထိုသို့ ရထားကြိတ်ခံရမှုကြောင့် သာယာဝတီမြို့၊ ဂုန်လျော်ကွင်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၂၀) အရွယ်ရှိ ကိုမျိုးထက်ကိုသည့် ရထားကြိတ်ခံရသည့် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါ ရထားကြိတ်ခံရမှုနှင့် ပတ်သက်၍ သာယာဝတီမြို့ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၂၃) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက၏ ထုတ်ပြန်ချက်များမှ သိရသည်။

zawgyi version
သာယာဝတီၿမိဳ႕နယ္တြင္ ရထားလမ္းေပၚတက္အိပ္ေနသည့္ အမ်ိဳးသားတစ္ဦး ရထားႀကိတ္ခံရ၍ေသဆုံး

သန႔္ဇင္ (NP News) - ဩဂုတ္ ၂၁

ပဲခူးတိုင္း၊ သာယာဝတီၿမိဳ႕နယ္တြင္ အရက္မူးေနသည့္ အမ်ိဳးသားတစ္ဦး ရထားလမ္းေပၚတက္အိပ္ေနစဥ္ ရထားႀကိတ္ခံရ၍ ေသဆုံးသြားခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္မ်ားမွ သိရသည္။

ရထားႀကိတ္မႈသည္ ဩဂုတ္လ ၁၉ ရက္၊ နံနက္ပိုင္းတြင္ သာယာဝတီၿမိဳ႕နယ္၊ ျပည္ေတာ္သာအုပ္စု၊ အထက္သစ္ခ်ေက်း႐ြာအနီး၊ ရထားလမ္းမိုင္တိုင္အမွတ္(၆၈/၂၂/၂၃) ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ဘက္မွ ျပည္သို႔ ခုတ္ေမာင္းလာသည့္ အမွတ္(၆၃)အဆန္ စာပို႔ရထားသည္ အထက္ပါေနရာ အေရာက္တြင္ ရထားလမ္းေပၚ၌ အိပ္ေနသည့္ အမ်ိဳးသားတစ္ဦးအား တက္ႀကိတ္မိခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထိုသို႔ ရထားႀကိတ္ခံရမႈေၾကာင့္ သာယာဝတီၿမိဳ႕၊ ဂုန္ေလ်ာ္ကြင္းရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၂၀) အ႐ြယ္ရွိ ကိုမ်ိဳးထက္ကိုသည့္ ရထားႀကိတ္ခံရသည့္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါ ရထားႀကိတ္ခံရမႈႏွင့္ ပတ္သက္၍ သာယာဝတီၿမိဳ႕ရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ (၁၁/၂၀၂၃) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားမွ သိရသည္။

Related news

© 2021. All rights reserved.