မြန်မာနိုင်ငံတွင် နည်းပညာ အပါအဝင် အခြေခံအဆောက်အအုံလိုအပ်ချက်များ၌ ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံအား ဖိတ်ခေါ်
2256
ယွန်း (NP News) - သြဂုတ် ၂၁
မြန်မာနိုင်ငံတွင် လိုအပ်နေသည့် နည်းပညာ အပါအဝင် အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံအား ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြီးခဲ့သည့် သြဂုတ်လ (၁၅) ရက်တွင် ယူနန်ပြည်နယ် အထွေထွေကုန်သည်ကြီးများအသင်း (Yunnan Provincial General Chamber of Commerce) ဥက္ကဋ္ဌ Dr. Gao Feng နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဥ် အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာ၊ ကုန်ကြမ်းတင်သွင်းရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များရှိပါက ကုန်ထုတ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်နိုင်ကြောင်း ဦးအေးဝင်းက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် အဆင့်မြင့်နည်းပညာဖြင့် စွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည့်အတွက် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် နည်းပညာ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ၎င်းက ဖိတ်ခေါ်ခဲ့သည်။
အလားတူ GACC တွင် မှတ်ပုံတင်ထားသည့် သစ်သီးများကို ခွင့်ပြုချက်အမြန်ရရှိရေးအတွက်လည်း ဥက္ကဋ္ဌ ဦးအေးဝင်းက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံစိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှု ပိုမိုတိုးမြှင့်စေရေးနှင့် အသင်းချုပ်အနေဖြင့် တရားဝင်ပို့ကုန်ပစ္စည်းများအား နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် ဘဏ်စနစ် ယွမ်-ကျပ်ဖြင့် ငွေပေးချေမှုစနစ် လွယ်ကူမြန်ဆန်ရေးကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
အထက်ပါတွေဆုံဆွေးနွေးပွဲမှတဆင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံများ ပြည့်စုံရေးအတွက် ကောင်းမွန်သည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
zawgyi version
ျမန္မာႏိုင္ငံတြင္ နည္းပညာ အပါအဝင္ အေျခခံအေဆာက္အအုံလိုအပ္ခ်က္မ်ား၌ ရင္းႏွီးျမႇဳပ္ႏွံရန္ တ႐ုတ္ႏိုင္ငံအား ဖိတ္ေခၚ
ယြန္း (NP News) - ၾသဂုတ္ ၂၁
ျမန္မာႏိုင္ငံတြင္ လိုအပ္ေနသည့္ နည္းပညာ အပါအဝင္ အေျခခံအေဆာက္အအုံမ်ား၌ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လုပ္ေဆာင္ရန္ တ႐ုတ္ႏိုင္ငံအား ဖိတ္ေခၚခဲ့ေၾကာင္း သိရသည္။
ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေအးဝင္းက ၿပီးခဲ့သည့္ ၾသဂုတ္လ (၁၅) ရက္တြင္ ယူနန္ျပည္နယ္ အေထြေထြကုန္သည္ႀကီးမ်ားအသင္း (Yunnan Provincial General Chamber of Commerce) ဥကၠ႒ Dr. Gao Feng ႏွင့္ တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕၌ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ အေသးစား၊ အငယ္စား ႏွင့္ အလတ္စား စက္မႈလက္မႈလုပ္ငန္းအတြက္ လိုအပ္သည့္ နည္းပညာ၊ ကုန္ၾကမ္းတင္သြင္းရန္ စိတ္ဝင္စားသည့္ လုပ္ငန္းရွင္မ်ားရွိပါက ကုန္ထုတ္လုပ္ငန္းမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ၍ လုပ္ကိုင္ႏိုင္ေၾကာင္း ဦးေအးဝင္းက အသိေပးေျပာၾကားခဲ့သည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံသည္ အဆင့္ျမင့္နည္းပညာျဖင့္ စြမ္းအင္က႑တြင္ ကမာၻ႔ထိပ္တန္းႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ေနသည့္အတြက္ ျမန္မာႏိုင္ငံတြင္ လိုအပ္လ်က္ရွိသည့္ နည္းပညာ၊ အေျခခံအေဆာက္အအုံ လိုအပ္ခ်က္မ်ားတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ၎က ဖိတ္ေခၚခဲ့သည္။
အလားတူ GACC တြင္ မွတ္ပုံတင္ထားသည့္ သစ္သီးမ်ားကို ခြင့္ျပဳခ်က္အျမန္ရရွိေရးအတြက္လည္း ဥကၠ႒ ဦးေအးဝင္းက တိုက္တြန္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ႏွစ္ႏိုင္ငံစိုက္ပ်ိဳးေရးထြက္ကုန္ ကုန္သြယ္မႈ ပိုမိုတိုးျမႇင့္ေစေရးႏွင့္ အသင္းခ်ဳပ္အေနျဖင့္ တရားဝင္ပို႔ကုန္ပစၥည္းမ်ားအား နယ္စပ္ကုန္သြယ္ေရးစနစ္ျဖင့္ ကုန္သြယ္မႈျပဳရာတြင္ ဘဏ္စနစ္ ယြမ္-က်ပ္ျဖင့္ ေငြေပးေခ်မႈစနစ္ လြယ္ကူျမန္ဆန္ေရးကို သက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးလ်က္ရွိ ေၾကာင္း သိရသည္။
အထက္ပါေတြဆုံေဆြးေႏြးပြဲမွတဆင့္ ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံတကာကုန္သြယ္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရး၊ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ အေျခခံအေဆာက္အအုံမ်ား ျပည့္စုံေရးအတြက္ ေကာင္းမြန္သည့္ ေျခလွမ္းတစ္ခုျဖစ္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒က အသိေပးေျပာၾကားခဲ့သည္။