“စက်မှုဇုန်မြေက အမြတ်တင်ရောင်းဖို့မဟုတ်ဘူး၊ စက်ရုံဆောက်ဖို့လေ။ မဆောက်ရင် ပြန်သိမ်းပစ်ပေါ့” (အပိုင်း -၄)

 406

စော ရေးသားသည်
NP News - ဇန်နဝါရီ ၁ဝ

ကျော်နုနှင့်ဆွေးနွေးဖော်များ အလွတ်သဘောဆွေးနွေးမူ၏ ယခုတစ်ကြိမ်အစီအစဉ်သည် စီးပွားရေးကဏ္ဍအတွက် ဖြစ်၏။ ရေတိုရေရှည်နှင့် ပြုပြင်ပြောင်းလဲသင့်သောအချက်များကို ဆွေးနွေးဖော်က ထောက်ပြအကြံပြုထားသည်။ အပိုင်း(၄)ပိုင်းဖြင့် ဖော်ပြမည်ဖြစ်ပြီး အခန်းဆက်အဖြစ် စောင့်ဆိုင်းဖတ်ရှုစေလိုပါသည်။

ကျော်နု - အခု ပို့ကုန်သွင်းကုန်မှာ ပို့ကုန် Policy အရင်စပြီး စဉ်းစားကြည့်ကြတာပေါ့။ ကျွန်တော်တို့ ပို့ကုန် Policy မှာ ပို့တဲ့ Item က သိပ်အများကြီးမ တွေ့ရဘူး။ တချို့ ပို့ကုန်သွား လို့ရပါရဲ့သားနဲ့ မသွား နိုင်တဲ့ပို့ကုန်တွေ အများကြီးရှိတယ်။ မသွားနိုင်ဘူး။ နိုင်ငံခြား ကိုမသွားတဲ့ ပို့ကုန်တွေရှိတယ်။ ပြီးတော့ တကယ်ဝယ်လိုအားအထိရောက်အောင် မပို့နိုင်တဲ့ ဟာတွေလည်းရှိတယ်။ ကျွန်တော်တို့ ဘာအားနည်း မှန်းမသိဘူး။ ကျွန်တော် ရှေ့မှာပြောတဲ့အထဲမှာပါ တယ်လေ။ အိမ်နီးချင်း အိန္ဒိယရယ်၊ တရုတ်နိုင်ငံရယ် နှစ်နိုင်ငံပေါင်းရင် (၃)ဘီလျံရှိတယ်။ လူဦးရေက(၃)ဘီလျံနီးပါးရှိတယ်။ ဘင်္ဂလားဒေ့ရှ်ပါပေါင်းလိုက်ရင် လူပေါင်း (၃)ဘီလျံရှိတယ်။ အဲဒီ(၃)ဘီလျံရဲ့စား နပ်ရိက္ခာကြီးကို Planning ချပြီး မစိုက်နိုင်ဘူး။ မစိုက်နိုင်တဲ့အခါ ပို့ကုန် Policy မမှန်တဲ့အခါ ဒီဘက်ကလည်း မစိုက်နိုင် ဘူး။ မစိုက်နိုင်တဲ့အခါ လည် နေတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကို ဘယ်လိုလုပ်မလဲ။

ဆွေးနွေးဖော်- မှန်တယ်။ မုန့်လုံးစက္ကူကပ်နေတာ ပေါ့နော်။ ပို့ကုန် Policy အရတော့ မှားနေတာတော့ မဟုတ်ဘူး။ ခုနကပြောတဲ့ G to G Aggrement ထိုးထားရမယ်ဆိုတာလေ။ ကျွန်တော်တို့ဆီက ပို့မယ့် ပစ္စည်းတိုင်းကို ဟိုဘက်ကလက်ခံဖို့ဆိုတာ သူတို့က FDA ဆိုတာ ရှိသေးတာကိုး။ အထူးသဖြင့် သစ်သီး ပို့တာတို့ဆိုရင် ပိုးတွေပါသွားတာတို့ ဒါတွေမဖြစ်ရဘူး။ပိုးသတ်ဆေးတွေဖျန်းတဲ့အခါ အဖျန်းလွန်သွား တာတို့ ဒါတွေက ဟိုဘက်ခြမ်းကစစ်တာကိုး။ အဲဒီတော့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပညာပေးရမယ်။ မင်းတို့တွေ ဒါကို တရုတ်ကိုပို့ချင်ရင်၊ အိန္ဒိယကိုပို့ချင်ရင် ထိုင်းကို ပို့ချင်ရင် ပိုးသတ်ဆေးပမာဏ ဒီလောက်ထက်တော့ ကျော်လို့မရဘူး။ ဒီထက်ပိုပြီး ဖျန်းလို့မရဘူး။ နောက်တစ်ခါ ဘယ်နယ်မြေမှာ ဘယ်အသီးတွေဖြစ်တယ်။ ဘယ်နေရာမှာ ဘာတွေစိုက်ပါ။ ဘယ်အချိန်မှာတော့ ဘယ်နိုင်ငံက ဘာတွေ ဝယ်ပါတယ်ဆိုတဲ့ဟာကျတော့ ဒီဝန်ကြီးဌာနအဆင့်ကနေပြီးတော့ လယ်သမားတွေ ကိုပညာ‌ပေးရမယ်။ အဲဒါတွေပေးတဲ့အချိန်မှာ ဒီဘက် ကလည်း မှန်မှန်ကန်ကန်စိုက်ကြပြီဟေ့ဆိုရင် စိုက်ပြီးထွက်လာတဲ့ အခါကျရင် ဘယ်သူ့ကိုရောင်းရမလဲ ဆိုတာ Ready ရှိနေဖို့လိုတယ်။ လယ်သမားကလည်း တိုက်ရိုက် Export ပို့ဖို့ခက်နေတယ်ဆိုရင် ခုနက ကျွန်တော်ပြောတဲ့ MEIC လိုအဖွဲ့အစည်းမျိုးကဝယ် ပြီးတော့ သူကတစ်ဆင့် ပို့ပေးရမယ်။ ပို့ပြီးတော့မှ ပြန်လာတဲ့အခါကျရင် ငါတို့ ဒီလောက်ရောင်းတယ်။ ငါတို့ သွားလာတဲ့စရိတ်နဲ့အခွန်အခနဲ့က ဘယ်လောက် ကျတယ်။ ဘယ်လောက်ရတယ်။ အဲဒီတော့ မင်းဆီက ဝန်ဆောင်ခဘယ်လောက်နုတ်ပြီးတော့ မင်း ဘယ် လောက်ယူလိုက်ဆိုပြီးလုပ်နိုင်ရင် သူသည် အပြည့်အ ဝရမှန်းသိရင် သူစိုက်ပြီပေါ့။ နောက် ဒီနှစ် တစ်ဧက စိုက်တယ်။ ဒီလိုမျိုးရမှန်းသိရင် နောက်နှစ် သုံးဧက စိုက်မယ်။ ကိုရီးယားရောက်နေတဲ့သူ့သားတွေကို ပြန် ခေါ်ပြီး သူ့လယ်သူ ပြန်ထွန်မှာပေါ့။ အဲဒါဆိုရင် ဘယ်လိုဖြစ်မလဲ။ အပြင်ရောက်နေတဲ့လူ ဒီအချိန်မှာ လူတွေ အပြင်ရောက်သွားတာလည်း တစ်မျိုး ကောင်းတယ်။ ကျွန်တော်တို့မှာ Human Resource ပဲကျန် တာလေ။ Minaral Resource တွေကတော့ ရှိပါ တယ်။ ဒါတွေကတော့ Mining Law တွေ။ အခု လက်ရှိ ရှိနေတဲ့ Mining Law အရတော့ မြန်မာ ပြည်မှာ မိုင်းလာတူးဖို့မဖြစ်နိုင်ဘူး။ Mining Law က ပြင်ကိုပြင်ရမှာပေါ့။ National Planning က ဒါတွေကိုလေ့လာပြီး ဒါတွေကိုလုပ်ရမယ်။ ဒါတွေ ကိုပြင်ရမယ်။ Plan တွေချရမှာ။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ဖို့အတွက် သူကကြည့်နေမှာ။ သမ္မတရယ်၊ ဝန်ကြီးချုပ် ရယ်ရှိတဲ့တိုင်းပြည်မှာဆိုရင် သမ္မတက ကာကွယ်ရေး နဲ့ နိုင်ငံတကာဆက်ဆံရေးကိုလုပ်ပြီး ဒီဝန်ကြီးချုပ်က တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ အတွက်ကို အဲဒီ Planning သမားတွေကိုထားပြီးတော့ သေချာ Plan ချပြီးတော့လုပ်မှာ။ ကျွန်တော်တို့ တိုင်းပြည်မှာ Plan တစ်ခုနဲ့စလိုက်ဖို့လိုတယ်။ Plan မရှိဘူး။ ဒီ Plan ကိုဆွဲ မယ့်အား နည်းနေတယ်။ National Planning ကောင်းကောင်း လုပ်ဖို့လိုတယ်။ ကျွန်တော်တို့ (၁၉၉၆)က Visit Myanmar Year ဆိုပြီးလုပ်တယ်။ Visit Myanmar Year လုပ်နေတဲ့အချိန်မှာ မြန်မာပြည်မှာ Taxi မရှိဘူး။ မလုပ်ခင် တုန်းကလေ။ လေးဘီး Taxi လေးတွေ၊ သုံးဘီးလေးတွေ ဒါလေးတွေပဲရှိတာ။ ဟို တယ်ကောင်းကောင်း မရှိဘူး။ Visit Myanmar Yearကို ငါတို့ (၁၉၉၆)မှာလုပ်မယ်ဟေ့ဆိုပြီး အဲဒီမှာ ပလန် ဆွဲလိုက်ပြီးတော့ ဟိုတယ်နဲ့ခရီးက ဟိုတယ်တွေ တွန်းဆောက်တယ်။ Transport ဝန်ကြီးဌာနက ကုန်သွယ်တွေနဲ့ ပေါင်း ပြီး‌တော့ Taxi တွေသွင်းလာပြီးတော့ ကက၊ ခခ Taxi တွေ အဲဒီမှာပေါ်လာတယ်။ နိုင်ငံခြား သားတွေ ရောက်လာရင် Taxi စီးနိုင်ရမယ်။ အဲဒီလို ပေါပေါများများစီးရမယ်။ Taxi တွေ ပေါ်လာတယ်။ ဟိုတယ်တွေပေါ်လာတယ်။ အဲဒီမှာ ဆီဒိုးနားတို့ ထရိတ်ဒါးတို့၊ Summit Parkview တို့ အရင်ဆုံး ပေါ်တယ်။ နောက်ပြီးတော့ နီးကိုးဟိုတယ်တို့။ အဲဒီလို ဟိုတယ်ကြီးတွေလုပ်ပြီး‌တော့ Facilities တည် ဆောက်လိုက်ပြီးတော့မှ ဒီ Facilitiesအပေါ်မှာ အခြေခံပြီးတော့မှ ဒီဟာကိုဖိတ်ခေါ်လိုက်ပြီးတော့ (၉၆)မှာ အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ တယ်ပေါ့နော်။ ဒါတောင် ဦးသန်းရွှေတို့လက်ထက်၊ ဦးစောမောင် ဦးသန်းရွှေအကူးအပြောင်း ဗိုလ်ချုပ်ကြီး ကျော်ဘတို့၊ ဗိုလ်ချုပ်ကြီး မြင့်အောင်တို့ ဗိုလ်ချုပ်ကြီး ဦးထွန်းကြည်တို့ တက်ညီလက်ညီလုပ်ခဲ့တယ်။ အဲဒီခေတ် အဲဒီအခါတုန်းက National Planning သည် ဝန်ကြီးဌာနအပေါ်မှာ Lead ပဲ။ ဝန်ကြီးဌာနတွေလုပ်တဲ့ Project သည် National Planning ‌ရောက်ပြီးမှ MIC ကိုပြန်သွားရတဲ့ ခေါင်းကိုင်ဝန်ကြီးဌာနဖြစ်ခဲ့တယ်။ အခု နောက်ပိုင်း ဝန်ကြီး ဌာနတွေက National Planning ကိုလည်းမသွားတော့ဘူး။ National Planning ရဲ့အခန်း ကဏ္ဍကြီးက မှိန်သွားပြီးတော့ ဖြစ်ချင်ရာဖြစ်နေတယ်။

ကျော်နု -နောက်တစ်ခုက နိုင်ငံခြားငွေ ရှားပါးမှု ပြဿနာပေါ့။ အခုဒီသုံးနှစ်အတွင်းမှာ သိသာတာ တော့ နိုင်ငံခြားငွေရှားပါးမှုပြဿနာ အကြီးအကျယ် ဖြစ်တယ်။ Trade မှာလည်း (၁၆) ဘီလျံလောက် Trade ရှိတယ်။ အဲဒီကရတဲ့ငွေကိုလည်း ပြန်သုံးတာ နဲ့ လည်ထွက်နေတာပဲပေါ့။ ချိန်ညှိသုံးတယ်။ နိုင်ငံခြားငွေ ပြဿနာကို အစိုးရအနေနဲ့ ရင်ဆိုင်ရတာ ခက် ခဲတာတွေ့ရတယ် ဘယ်လိုရှင်းသင့်လဲ။

ဆွေးနွေးဖော် -သူက ကျွန်တော်တို့ Planning သမားလိုများဖြစ်မလားတော့မသိဘူး။ ပလန်မရှိတော့ Project တွေမရှိဘူး။ Project တွေမရှိတော့ Froeign Direct Investmentမလာဘူးပေါ့ဗျာ။ Froeign Direct Investment က အရေးကြီးတယ်။ နိုင် ငံမှာ Special Economic Zone တို့ ၊ Deep Sea Port Project တို့ ဒါတွေကိုလုပ်ပြီးရင် နိုင်ငံတကာ ကနေပြီးတော့ Froeign Direct Investment တွေ လာဖို့အတွက်ကို Incentive တွေပေးပြီး‌ခေါ်ပေးရ တယ်။ မင်းတို့မြန်မာပြည်မှာ သယံဇာတတွေလာ တူးရင် မင်းတို့ကို ငါတို့ Tax ဒီလောက်ပဲယူမယ်။ ပြီး ရင် မင်းတို့ Export ထွက်သွားလို့ရတယ်။ လွတ် လွတ်လပ်လပ် ဘယ်သတ္တုလဲဆိုတာတော့ ကိုယ့် တိုင်းပြည်ရဲ့ Min­aral Resource ကို သေသေ ချာချာသိပြီး ဘာကိုတော့ ဘယ်လောက်ပေးမယ်၊ ဘာကိုတော့ ဘယ်လောက်မပေးဘူး လုပ်လို့ရတယ်။ ဒါဆိုရင် Froeign Direct Investment တွေလာ တဲ့အတွက် onshore, offshore ဆိုတဲ့ ရင်းနှီးမြှုပ် နှံမှုတွေလာမယ်။ onshore ဆိုတာ ကိုယ့်တိုင်းပြည် ပေါ်မှာလာချင်တာ။ offshore ဆိုတာ သူ့တိုင်း ပြည်က ယူလာမယ့် Equitment တန်ဖိုးကို income အနေနဲ့ Value ဖော်ပြနေတယ်။ အဲဒီလိုမျိုး onshore ငွေ ရာခိုင်နှုန်းများများရလာမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရမယ်။ ဆိုပါစို့ ဘရားဇီးကကြံစိုက်တယ်။ ကြံ စက်ရုံကြီးတွေ၊ သကြားစက်ကြီးတွေသယ်ပြီးတော့ သူက တရုတ်ပြည် ကိုပို့နေတယ်။ အဲဒီလိုလုပ်မယ့်အ စား ဘရားဇီးက ကြံစိုက်ပြီး သကြားချက်မယ့်ကောင် မြန်မာပြည်‌ ကိုခေါ်လိုက်။ ငါမင်းကို မြေဟက်တာ တစ်သောင်းပေးမယ်။ မင်းဆီကစက်တွေနဲ့လာပြီးတော့ စက်မှု လယ်ယာလာစိုက်လိုက်။ ဒီမှာရှိတဲ့ လယ် သမားတွေအများကြီးအလုပ်ရမယ်။ ဒီကနေ သကြားထွက် မယ်။ မင်း Export ထွက်မယ်။ အဲဒီ Export အတွက်ကို သင့်တင့်တဲ့အခွန်ကောက်။ သူက ဟိုကနေပြီး တော့ ဘရားဇီးကနေ တရုတ်ကိုပို့မယ့်အစား မြန်မာပြည်မှာလာစိုက်ပြီး တရုတ်ကိုကပ်ပို့နေရင် သူလာ မှာလေ။ ဒါပေမဲ့ သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေအကုန်လုံးကို သူသယ်လာရမယ်။ သကြားစက်ကြီး သူသယ် ရမယ်။ အဲဒီအတွက်ကို onshore Investment သူ ယူလာရမယ်။ ဆိုပါစို့ မြန်မာပြည်မှာ သံပိုင်းကြီးတစ် ပိုင်းရှိတယ်။ သံတုံးကြီးတွေတူးပြီးတော့ တစ်တန် ကို(၄၅)ဒေါ်လာ(၄၆‌) ဒေါ်လာ သံရိုင်းဈေးအတိုင်း ရောင်းနေမယ့်အစား ဥပမာ ရုရှားဖြစ်ဖြစ်၊ တရုတ်ဖြစ် ဖြစ် ခေါ်လိုက်။ မင်း ဒီမှာ တစ်တန်ကို (၄၅)၊ (၄၆)တန် သံတုံးကနေပြီးတော့ ဒေါ်လာ (၂၀ဝ)ထိတန် သွားတဲ့ Berg Iron အဆင့်အထိရောက်အောင် မင်းဒီမှာ လုပ်၊ လုပ်ပြီးတော့ Export ထွက်ခွင့်ရှိတယ်။ ဒါမှမဟုတ် သံချောင်းတွေအထိကျိုပြီးမှ ထွက် ခွင့်ရှိတယ်ဆိုရင် Value က (၄၅)ဒေါ်လာ၊ (၄၆)ဒေါ်လာ သံရိုင်းက တစ်တန်ကို ဒေါ်လာ (၂၀ဝ) တို့ ဖြစ်သွားမှ နိုင်ငံခြားထွက်သွားမယ်ဆိုရင် လေးဆတက်သွားမယ်လေ။ မြန်မာပြည်ကိုဝင်လာမယ့် ဒေါ်လာ လေးဆ တက်သွားတာလေ။ နောက်တစ်ခုက နယ်စပ်တစ် လျှောက်မှာ ဗဟိုဘဏ်ကလည်း ဒီကိစ္စမှာ အရမ်းလိုတာပေါ့။ နယ်စပ်တစ်လျှောက်ကမြို့တွေက ဘတ်တို့ ယွမ်တို့ သုံးနေတာ။ ရှိသမျှ မြန်မာအကုန်လုံးမှာ ဘတ်နဲ့ယွမ် အကောင့်ပေးဖွင့်လိုက်။ အဲဒီနယ်စပ်တစ်လျှောက်မှာသွားနေတဲ့ Cash Flow အကုန်လုံးက မြန်မာဘဏ်ထဲကိုရောက်လာတာ။ အဲဒါသည် ဘီလျံ နဲ့ကိုချီတယ် အဲဒီပိုက်ဆံ အားလုံးက။ ဒါက ချက်ချင်း နိုင်ငံခြားငွေ ရောက်အောင်လုပ်တာလေ။ ချက်ချင်း ဒီဘဏ်ထဲမှာ ဒေါ်လာ အကောင့်ဖွင့်လိုက်၊ ယွမ်အကောင့်ဖွင့်လိုက်၊ ဘတ်အကောင့်ဖွင့်လိုက်။ ဖွင့်ပြီး ဘတ်အကောင့်ကနေမှ Bank to Bank Transfer သွားရမယ်လို့ဖြစ်လိုက်ရင် ဝင်ပြီချက်ချင်း ဘဏ်အကောင့်ထဲကို ရောက်လာ မယ်။ သူ့ဟာသူ Cash Flow ပေါ်မှာ နိုင်ငံတော်အပေါ်မှာတော့ Day To Day Cash Flow ကြီးက မြင်နေရမှာဖြစ်တဲ့အတွက် ဒေါ်လာကတော့ ဝင်လာတာပဲလေ။ ဘီလျံနဲ့ချီတယ်။ အကြံပေးပေမယ့် မလုပ်ဘူးနော်။ ကျွန်တော်တို့ အကြံပေးဖူးတယ်။ ချက်ချင်းဒေါ်လာဝင်ရင် FDI တွေ ဖိတ်ခေါ် ရမယ်။ အဲဒီ FDI လုပ်လာနိုင်တဲ့ Law တွေ ပြင်ဆင်ထားရမယ်။
ကျော်နု- အခုက Law တွေ‌ကောင်းကောင်းမပြင်ရသေးဘူးလေ။ ပြီးတော့ FDI ကလည်း မြန်မာပြည်ကို ဝင်ဖို့ကို လက်ရှိနိုင်ငံရေးအခင်းအကျင်းအရရော ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတွေအရရော လာချင်မှာလည်း မဟုတ်သေး ဘူး။ လိုက်ခေါ်လို့ ပြောပါ့မလား။

ဆွေးနွေးဖော်- ဒါကတော့ ကျွန်တော်တို့ ပွင့်လင်းမြင် သာစွာ လုပ်ဖို့လိုတာပေါ့။ အခု လူကြီးတွေသွား နေတဲ့ ဒါတွေပြောနေတဲ့ မြန်မာပြည်ကိုလာခဲ့ပါ။ လာလည် ကြပါ။ ဒီဘက် မီဒီယာပိုင်းကနေလည်း Documentry များများရိုက်ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်က Respond သိပ်အားနည်းတာ။ တခြား သော ဒီမလို တဲ့မီဒီယာတွေက တိုင်းပြည်ကို နှိမ်နှိမ်ချချရေးရင် “ ဒီလိုတော့ မဟုတ်ဘူး၊ တကယ် အမှန် က ဒီလိုပါ” ဆိုပြီး ပြန်ရိုက်ပြီး ပြန်လွှင့်တဲ့မီဒီယာမရှိဘူး။ ကိုကျော်မျိုးမင်း ရှာကြည့် မရှိဘူး။ တစ်ခုမှ မရှိဘူး။ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနပင်လျှင် ဘာမှမလုပ်ဘူး။ အမှန်က သူတို့က အဖွဲ့တွေ ဖွဲ့ပြီးတော့ မီဒီယာမွေးပြီး တော့ ကောင်တာပြန်သွားနေရမှာ။ နိုင်ငံခြားသားတစ်ဖွဲ့ နာမည်ကြီးတဲ့ သူတို့ Target ထားတဲ့ နိုင်ငံ က Celebrities တစ်ဖွဲ့ မြန်မာပြည်ကိုဖိတ်လိုက်။ မြန်မာပြည်တစ်ပတ် လိုက် ပတ်ပြလိုက်မယ်။ ခရီးစဉ် တစ်လျှောက် Documentry ရိုက်ပြီး ဒီလူတွေပြန် သွားမယ်။ ဟိုဘက်နိုင်ငံမှာ အဲဒီလိုလည်းမဟုတ်ဘူးကွ ဆိုပြီး ဝါဒပြန်ဖြန့်ရမယ်လေ။ ကျွန်တော်တို့ ဝါဒမှိုင်း အောက်မှာကျနေတာ လား။ ကောင်တာကို ဝါဒပြန် မဖြန့်ဘဲနဲ့တော့ အိမ်တစ်လုံးကို အပြင်ကနေ ကြည့်နေပြီးတော့ ဒီအိမ်ထဲ ကနေပြီးတော့ ထွက်သွားဖူးတဲ့ လူ အဲဒီအိမ်ထဲမှာ ဘယ်လို မှောင်မည်းနေတာပဲ။ ဘာမှအဆင်မပြေဘူး လို့ပြောတယ်။ အဲဒီလူတွေကို အိမ်ထဲခေါ်လည်ပြီးတော့ မဟုတ်ဘူးဆိုတာတော့ အထောက်အထားနဲ့ ပြမှ ဟိုလူတွေပြောတာမဟုတ်ဘူးကွ။ အခုက မဟုတ်ဘူးပြောတာကို ငြိမ်ခံနေတော့ ဟုတ်သလိုလို ဖြစ်နေတာပေါ့။ အမှန်က အဲဒီလိုမျိုးမဟုတ်ရဘူးလေ။ စစ်တွေဖြစ်နေပါတယ်။ မြေပုံတွေနဲ့ ပြထား။ မြန်မာပြည်က ဘယ်လောက်ကြီးကို သိမ်းထားပြီးပါပြီ။ မဟုတ်ဘူး။ တကယ်စစ်ဖြစ်နေတာတော့ ဒီနေရာ၊ ဒီနေရာ။ ဒီနေရာတွေမှာတော့ ဘာမှကိုမဖြစ်ဘူး။ ဘယ်လိုအေးချမ်းနေပါတယ်ဆိုတာမျိုး ဒီလို မျိုးကောင်တာ ပြန်သွားနိုင်ဖို့လိုတယ်ပေါ့။ နောက် ဖိတ်ခေါ်တဲ့နေရာမှာလည်း ဒီအတိုင်းလေး နိုင်ငံ တော်လူကြီးသွားပြီး‌တော့ အစည်းအဝေးပွဲမှာ ကျွန်တော်တို့က ဘယ်လိုဖိတ်ခေါ်ပါတယ်ဗျာဆိုပြီးတော့ ပြောရုံနဲ့မပြီးဘူး။ နောက်ဆက်တွဲဝန်ကြီးဌာနတွေက သွားရမယ်။ ပွဲတွေလုပ်ရမယ်။ ပွဲတွေနဲ့ အခုချိန် ထွက်ပြီးတော့ ဒါတွေထွက်တယ်နော်၊ မြန်မာပြည်မှာ ဒါတွေရှိတယ်နော်၊ ဒါတွေတော့ လာလုပ်လို့ရ တယ်နော်ဆိုပြီး ဘယ်နိုင်ငံကို အခုချိန်ထိ နိုင်ငံခြားကိုသွားပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ Policy ကိုချပြပြီး ခေါ် တဲ့လူ ရှိဖူးသလဲ။ ကျွန်တော့်ဆီကို ဂါနာတို့ မလေးရှားတို့ တခြား ဒီအာဖရိကတိုင်းပြည် တွေက သူတို့တိုင်း ပြည်ကိုလာစေချင်တဲ့အတွက် ပန်းဖလက်တွေရိုက်တယ်။ ပြီးရင် သံရုံးကနေ တစ်ဆင့် နိုင်ငံတကာကို ဖြန့်တယ်။ ငါတို့တိုင်းပြည်ကိုလာရင် ဘဏ်ရဲ့ Feasibility က ဘယ်လို ကောင်းပါတယ်။ Government ကတော့ ပရောဂျက်တွေကို ဘယ်လိုမျိုးအာမခံပြီး တော့ ငွေဘယ်နှနှစ် ချေးပေးတယ်။ မြေရာ Policy အရ မင်းဘာစိုက်ချင်လဲ မင်းအတွက်ကို မြေဧက တစ်ယောက်ကို၊ ကုမ္ပဏီ တစ်ခုကို ဟက်တာ(၅)ထောင် လွယ်လွယ်ပေးမယ်။ ဒီမှာက မြေပေးဖို့အတွက်ကို မြေရောင်းစားဖို့ ကြိုးစားနေတာ။ အခုက စက်ရုံတစ်ရုံတည်ဖို့ကို အစိုးရမြေကိုသွားငှားကြည့်။ ရန်ကုန်တိုင်းအစိုးရက ဘယ်လောက်ပေါက်လဲ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အဲဒီဧရိယာကြီး သန်းဘယ်နှထောင်အထိပေါက် ပါတယ်။ ကျွန်တော်က စက်ရုံ တည်ရမှာလေ။ ငှားပြီးတည်တာလေ။ အဲဒီတော့ မီး၊ ရေ စုံလင်တဲ့ စက်မှု ဇုန်မှာတည်မှာ။ သူတို့က ဘာမှ မရှိသေးတဲ့မြေကွက်ကြီးမှာ လာတည်မှာကို ကြောက် နေသလိုပဲ။ ဈေး တွေ အတင်းဆွဲတင်ပြီး‌တော့ ဒီလို မီးရောင်းစားလို့ရမယ့်အကျိုးအမြတ်လေးကို သူတို့က မျှော်ကိုးတာ။ ဒီကုမ္ပဏီကြီးဖြစ်သွားပြီးတော့ ဒီစက် ရုံကြီးတည်သွားပြီး ‌ရေရှည်ရသွားမယ့်ဟာကို သိပ်ဆိုးတော့ တချို့ Policy တွေကပြင်ရမှာ။ စက်မှုဇုန် ထဲမှာ မြေတွေပေးထားတယ်။ စက်ရုံမရှိဘူး။ သိမ်းပစ်လိုက်ဗျာ။ တစ်နှစ်အတွင်း စက်ရုံမဆောက်တဲ့မြေ တွေပြန်သိမ်း။ တကယ်ဆောက်မယ့်လူကို ‌ဈေးပေါပေါနဲ့ချပေး။ ဒါမျိုးလုပ်ရမှာ။ အခုက ဈေးတွေတက်ပြီး အဲဒီမြေစာရင်းပေးရမယ်ဆိုတော့ စက်ရုံတည်မယ့်ကောင်က မတည်နိုင်တော့ဘူး။ အဲလိုတွေဖြစ်တာ။ စက်မှုဇုန်မှာ လွတ်နေတဲ့မြေကွက်တွေ ဘာလုပ်မလဲ။ ပြန်သိမ်း ပစ်လိုက် ‌မင်းတို့မဆောက်ဘူးနော်။ သုံးနှစ်ရှိပြီ။ ဈေးတက်တာတွေမသိဘူး။ ငါတို့က အစိုးရမြေဈေးနဲ့ပဲ ငှားမှာ။ မင်းကိုရောင်းစားချင်တာ မဟုတ်ဘူးလေ။ မြေဆိုတာ နိုင်ငံတော်ပဲ တစ်သက်လုံးပိုင်တာ။ ဘယ်သူမှမပိုင်ဘူး။ အဲဒီမြေပေါ်မှာ နှစ် ဂရန်(၆၀)တို့၊ နှစ် ဂရန်(၅၀)နဲ့ငှားထားတာ။ အလုပ်မလုပ်ဘူး ဆိုရင် ပြန်သိမ်းလိုက်ပေါ့။ ဘာဖြစ်လို့ လေး၊ ငါး၊ ဆယ်နှစ် ဈေးတက်လာတဲ့လူကို ဒီကြားထဲက သိမ်း ထားတဲ့လူကို ပေးထားနေမှာလဲ။ မြေဆိုတာ မြတ်ဖို့ မဟုတ်ဘူး။ အလုပ်လုပ်ဖို့လေ။ အိမ်ရာတွေမှာဈေး တက်တာ တစ်မျိုးလေ။ စက်မှုဇုန်ဆိုတဲ့မြေကြီးဟာ အမြတ်ရဖို့မဟုတ်ဘူး။ စက်ရုံဖြစ်ဖို့ဆိုတာ အဲဒါမျိုး တွေ စက်မှုဇုန်တွေမှာ လက်ရှိကြုံနေရတာ။ စက်မှုဇုန်တွေမှာကို မြေကြီးလိုက်ယူနေတာ စက်ရုံဈေးမက ကြီးနေတာသူက။ စက်ရုံက ဒေါ်လာ တစ်သန်းလောက်ကုန်မယ်။ သူ့မြေက သုံးသန်းလောက်ပေးရမလို ဖြစ်နေပြီ။ အဲဒါတွေက မှားနေတဲ့အရာတွေ။ ဒါတွေ အရင်ဆုံးပြင်ရမှာ။ ချက်ချင်းပြင်လို့ရတယ်။ အမိန့် တစ်ခုပဲလိုတာ။ စက်မှုဇုန်တွေမှာ ဘာမှမလုပ်ထားတဲ့မြေ ကွက်တွေ ဘယ်နှရက်အတွင်းမှာ စက်ရုံတစ်ခု ဖြစ်မလာဘူးဆိုရင် တကယ်သိမ်းတယ်ကွာဆိုပြီးသိမ်းပစ်လိုက်။ တကယ်ဆောက်မယ့်လူကို ပေးလိုက်။

ကျော်နု- အင်းပေါ့။ ဒါလည်းလုပ်ရမယ့် ကိစ္စတွေပဲ။
ဆွေးနွေးဖော် -ဟုတ်တယ်။ အများကြီးပေါ့။ ဘက်ပေါင်းစုံ ယိုယွင်းနေတော့လေ။ ဘယ်ကစပြင်ရမလဲ ဆိုတာ ပြောဖို့တော့ခက်တယ် တော်တော်များများကတော့ ပြင်ရမှာချည်းပဲ။

ကျော်နု-ကဲ..၊ ဒီလောက်နဲ့ခဏနားကြဦးစို့။ နောက်ပိုင်း ထပ်ဆွေးနွေးကြတာပေါ့ခင်ဗျာ။

zawgyi version
“စက္မႈဇုန္ေျမက အျမတ္တင္ေရာင္းဖို႔မဟုတ္ဘူး၊ စက္႐ုံေဆာက္ဖို႔ေလ။ မေဆာက္ရင္ ျပန္သိမ္းပစ္ေပါ့” (အပိုင္း -၄)
ေစာ (NP News) - ဇန္နဝါရီ ၁ဝ

ေက်ာ္ႏုႏွင့္ေဆြးေႏြးေဖာ္မ်ား အလြတ္သေဘာေဆြးေႏြးမူ၏ ယခုတစ္ႀကိမ္အစီအစဥ္သည္ စီးပြားေရးက႑အတြက္ ျဖစ္၏။ ေရတိုေရရွည္ႏွင့္ ျပဳျပင္ေျပာင္းလဲသင့္ေသာအခ်က္မ်ားကို ေဆြးေႏြးေဖာ္က ေထာက္ျပအႀကံျပဳထားသည္။ အပိုင္း(၄)ပိုင္းျဖင့္ ေဖာ္ျပမည္ျဖစ္ၿပီး အခန္းဆက္အျဖစ္ ေစာင့္ဆိုင္းဖတ္ရႈေစလိုပါသည္။

ေက်ာ္ႏု - အခု ပို႔ကုန္သြင္းကုန္မွာ ပို႔ကုန္ Policy အရင္စၿပီး စဥ္းစားၾကည့္ၾကတာေပါ့။ ကြၽန္ေတာ္တို႔ ပို႔ကုန္ Policy မွာ ပို႔တဲ့ Item က သိပ္အမ်ားႀကီးမ ေတြ႕ရဘူး။ တခ်ိဳ႕ ပို႔ကုန္သြား လို႔ရပါရဲ႕သားနဲ႔ မသြား ႏိုင္တဲ့ပို႔ကုန္ေတြ အမ်ားႀကီးရွိတယ္။ မသြားႏိုင္ဘူး။ ႏိုင္ငံျခား ကိုမသြားတဲ့ ပို႔ကုန္ေတြရွိတယ္။ ၿပီးေတာ့ တကယ္ဝယ္လိုအားအထိေရာက္ေအာင္ မပို႔ႏိုင္တဲ့ ဟာေတြလည္းရွိတယ္။ ကြၽန္ေတာ္တို႔ ဘာအားနည္း မွန္းမသိဘူး။ ကြၽန္ေတာ္ ေရွ႕မွာေျပာတဲ့အထဲမွာပါ တယ္ေလ။ အိမ္နီးခ်င္း အိႏၵိယရယ္၊ တ႐ုတ္ႏိုင္ငံရယ္ ႏွစ္ႏိုင္ငံေပါင္းရင္ (၃)ဘီလ်ံရွိတယ္။ လူဦးေရက(၃)ဘီလ်ံနီးပါးရွိတယ္။ ဘဂၤလားေဒ့ရွ္ပါေပါင္းလိုက္ရင္ လူေပါင္း (၃)ဘီလ်ံရွိတယ္။ အဲဒီ(၃)ဘီလ်ံရဲ႕စား နပ္ရိကၡာႀကီးကို Planning ခ်ၿပီး မစိုက္ႏိုင္ဘူး။ မစိုက္ႏိုင္တဲ့အခါ ပို႔ကုန္ Policy မမွန္တဲ့အခါ ဒီဘက္ကလည္း မစိုက္ႏိုင္ ဘူး။ မစိုက္ႏိုင္တဲ့အခါ လည္ ေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အဲဒါကို ဘယ္လိုလုပ္မလဲ။

ေဆြးေႏြးေဖာ္- မွန္တယ္။ မုန႔္လုံးစကၠဴကပ္ေနတာ ေပါ့ေနာ္။ ပို႔ကုန္ Policy အရေတာ့ မွားေနတာေတာ့ မဟုတ္ဘူး။ ခုနကေျပာတဲ့ G to G Aggrement ထိုးထားရမယ္ဆိုတာေလ။ ကြၽန္ေတာ္တို႔ဆီက ပို႔မယ့္ ပစၥည္းတိုင္းကို ဟိုဘက္ကလက္ခံဖို႔ဆိုတာ သူတို႔က FDA ဆိုတာ ရွိေသးတာကိုး။ အထူးသျဖင့္ သစ္သီး ပို႔တာတို႔ဆိုရင္ ပိုးေတြပါသြားတာတို႔ ဒါေတြမျဖစ္ရဘူး။ပိုးသတ္ေဆးေတြဖ်န္းတဲ့အခါ အဖ်န္းလြန္သြား တာတို႔ ဒါေတြက ဟိုဘက္ျခမ္းကစစ္တာကိုး။ အဲဒီေတာ့ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ပညာေပးရမယ္။ မင္းတို႔ေတြ ဒါကို တ႐ုတ္ကိုပို႔ခ်င္ရင္၊ အိႏၵိယကိုပို႔ခ်င္ရင္ ထိုင္းကို ပို႔ခ်င္ရင္ ပိုးသတ္ေဆးပမာဏ ဒီေလာက္ထက္ေတာ့ ေက်ာ္လို႔မရဘူး။ ဒီထက္ပိုၿပီး ဖ်န္းလို႔မရဘူး။ ေနာက္တစ္ခါ ဘယ္နယ္ေျမမွာ ဘယ္အသီးေတြျဖစ္တယ္။ ဘယ္ေနရာမွာ ဘာေတြစိုက္ပါ။ ဘယ္အခ်ိန္မွာေတာ့ ဘယ္ႏိုင္ငံက ဘာေတြ ဝယ္ပါတယ္ဆိုတဲ့ဟာက်ေတာ့ ဒီဝန္ႀကီးဌာနအဆင့္ကေနၿပီးေတာ့ လယ္သမားေတြ ကိုပညာ‌ေပးရမယ္။ အဲဒါေတြေပးတဲ့အခ်ိန္မွာ ဒီဘက္ ကလည္း မွန္မွန္ကန္ကန္စိုက္ၾကၿပီေဟ့ဆိုရင္ စိုက္ၿပီးထြက္လာတဲ့ အခါက်ရင္ ဘယ္သူ႔ကိုေရာင္းရမလဲ ဆိုတာ Ready ရွိေနဖို႔လိုတယ္။ လယ္သမားကလည္း တိုက္႐ိုက္ Export ပို႔ဖို႔ခက္ေနတယ္ဆိုရင္ ခုနက ကြၽန္ေတာ္ေျပာတဲ့ MEIC လိုအဖြဲ႕အစည္းမ်ိဳးကဝယ္ ၿပီးေတာ့ သူကတစ္ဆင့္ ပို႔ေပးရမယ္။ ပို႔ၿပီးေတာ့မွ ျပန္လာတဲ့အခါက်ရင္ ငါတို႔ ဒီေလာက္ေရာင္းတယ္။ ငါတို႔ သြားလာတဲ့စရိတ္နဲ႔အခြန္အခနဲ႔က ဘယ္ေလာက္ က်တယ္။ ဘယ္ေလာက္ရတယ္။ အဲဒီေတာ့ မင္းဆီက ဝန္ေဆာင္ခဘယ္ေလာက္ႏုတ္ၿပီးေတာ့ မင္း ဘယ္ ေလာက္ယူလိုက္ဆိုၿပီးလုပ္ႏိုင္ရင္ သူသည္ အျပည့္အ ဝရမွန္းသိရင္ သူစိုက္ၿပီေပါ့။ ေနာက္ ဒီႏွစ္ တစ္ဧက စိုက္တယ္။ ဒီလိုမ်ိဳးရမွန္းသိရင္ ေနာက္ႏွစ္ သုံးဧက စိုက္မယ္။ ကိုရီးယားေရာက္ေနတဲ့သူ႔သားေတြကို ျပန္ ေခၚၿပီး သူ႔လယ္သူ ျပန္ထြန္မွာေပါ့။ အဲဒါဆိုရင္ ဘယ္လိုျဖစ္မလဲ။ အျပင္ေရာက္ေနတဲ့လူ ဒီအခ်ိန္မွာ လူေတြ အျပင္ေရာက္သြားတာလည္း တစ္မ်ိဳး ေကာင္းတယ္။ ကြၽန္ေတာ္တို႔မွာ Human Resource ပဲက်န္ တာေလ။ Minaral Resource ေတြကေတာ့ ရွိပါ တယ္။ ဒါေတြကေတာ့ Mining Law ေတြ။ အခု လက္ရွိ ရွိေနတဲ့ Mining Law အရေတာ့ ျမန္မာ ျပည္မွာ မိုင္းလာတူးဖို႔မျဖစ္ႏိုင္ဘူး။ Mining Law က ျပင္ကိုျပင္ရမွာေပါ့။ National Planning က ဒါေတြကိုေလ့လာၿပီး ဒါေတြကိုလုပ္ရမယ္။ ဒါေတြ ကိုျပင္ရမယ္။ Plan ေတြခ်ရမွာ။ တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္ ဖို႔အတြက္ သူကၾကည့္ေနမွာ။ သမၼတရယ္၊ ဝန္ႀကီးခ်ဳပ္ ရယ္ရွိတဲ့တိုင္းျပည္မွာဆိုရင္ သမၼတက ကာကြယ္ေရး နဲ႔ ႏိုင္ငံတကာဆက္ဆံေရးကိုလုပ္ၿပီး ဒီဝန္ႀကီးခ်ဳပ္က တိုင္းျပည္စီးပြားေရးတိုးတက္ဖို႔ အတြက္ကို အဲဒီ Planning သမားေတြကိုထားၿပီးေတာ့ ေသခ်ာ Plan ခ်ၿပီးေတာ့လုပ္မွာ။ ကြၽန္ေတာ္တို႔ တိုင္းျပည္မွာ Plan တစ္ခုနဲ႔စလိုက္ဖို႔လိုတယ္။ Plan မရွိဘူး။ ဒီ Plan ကိုဆြဲ မယ့္အား နည္းေနတယ္။ National Planning ေကာင္းေကာင္း လုပ္ဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ (၁၉၉၆)က Visit Myanmar Year ဆိုၿပီးလုပ္တယ္။ Visit Myanmar Year လုပ္ေနတဲ့အခ်ိန္မွာ ျမန္မာျပည္မွာ Taxi မရွိဘူး။ မလုပ္ခင္ တုန္းကေလ။ ေလးဘီး Taxi ေလးေတြ၊ သုံးဘီးေလးေတြ ဒါေလးေတြပဲရွိတာ။ ဟို တယ္ေကာင္းေကာင္း မရွိဘူး။ Visit Myanmar Yearကို ငါတို႔ (၁၉၉၆)မွာလုပ္မယ္ေဟ့ဆိုၿပီး အဲဒီမွာ ပလန္ ဆြဲလိုက္ၿပီးေတာ့ ဟိုတယ္နဲ႔ခရီးက ဟိုတယ္ေတြ တြန္းေဆာက္တယ္။ Transport ဝန္ႀကီးဌာနက ကုန္သြယ္ေတြနဲ႔ ေပါင္း ၿပီး‌ေတာ့ Taxi ေတြသြင္းလာၿပီးေတာ့ ကက၊ ခခ Taxi ေတြ အဲဒီမွာေပၚလာတယ္။ ႏိုင္ငံျခား သားေတြ ေရာက္လာရင္ Taxi စီးႏိုင္ရမယ္။ အဲဒီလို ေပါေပါမ်ားမ်ားစီးရမယ္။ Taxi ေတြ ေပၚလာတယ္။ ဟိုတယ္ေတြေပၚလာတယ္။ အဲဒီမွာ ဆီဒိုးနားတို႔ ထရိတ္ဒါးတို႔၊ Summit Parkview တို႔ အရင္ဆုံး ေပၚတယ္။ ေနာက္ၿပီးေတာ့ နီးကိုးဟိုတယ္တို႔။ အဲဒီလို ဟိုတယ္ႀကီးေတြလုပ္ၿပီး‌ေတာ့ Facilities တည္ ေဆာက္လိုက္ၿပီးေတာ့မွ ဒီ Facilitiesအေပၚမွာ အေျခခံၿပီးေတာ့မွ ဒီဟာကိုဖိတ္ေခၚလိုက္ၿပီးေတာ့ (၉၆)မွာ အတိုင္းအတာတစ္ခုအထိေအာင္ျမင္ခဲ့ တယ္ေပါ့ေနာ္။ ဒါေတာင္ ဦးသန္းေ႐ႊတို႔လက္ထက္၊ ဦးေစာေမာင္ ဦးသန္းေ႐ႊအကူးအေျပာင္း ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ဘတို႔၊ ဗိုလ္ခ်ဳပ္ႀကီး ျမင့္ေအာင္တို႔ ဗိုလ္ခ်ဳပ္ႀကီး ဦးထြန္းၾကည္တို႔ တက္ညီလက္ညီလုပ္ခဲ့တယ္။ အဲဒီေခတ္ အဲဒီအခါတုန္းက National Planning သည္ ဝန္ႀကီးဌာနအေပၚမွာ Lead ပဲ။ ဝန္ႀကီးဌာနေတြလုပ္တဲ့ Project သည္ National Planning ‌ေရာက္ၿပီးမွ MIC ကိုျပန္သြားရတဲ့ ေခါင္းကိုင္ဝန္ႀကီးဌာနျဖစ္ခဲ့တယ္။ အခု ေနာက္ပိုင္း ဝန္ႀကီး ဌာနေတြက National Planning ကိုလည္းမသြားေတာ့ဘူး။ National Planning ရဲ႕အခန္း က႑ႀကီးက မွိန္သြားၿပီးေတာ့ ျဖစ္ခ်င္ရာျဖစ္ေနတယ္။

ေက်ာ္ႏု -ေနာက္တစ္ခုက ႏိုင္ငံျခားေငြ ရွားပါးမႈ ျပႆနာေပါ့။ အခုဒီသုံးႏွစ္အတြင္းမွာ သိသာတာ ေတာ့ ႏိုင္ငံျခားေငြရွားပါးမႈျပႆနာ အႀကီးအက်ယ္ ျဖစ္တယ္။ Trade မွာလည္း (၁၆) ဘီလ်ံေလာက္ Trade ရွိတယ္။ အဲဒီကရတဲ့ေငြကိုလည္း ျပန္သုံးတာ နဲ႔ လည္ထြက္ေနတာပဲေပါ့။ ခ်ိန္ညႇိသုံးတယ္။ ႏိုင္ငံျခားေငြ ျပႆနာကို အစိုးရအေနနဲ႔ ရင္ဆိုင္ရတာ ခက္ ခဲတာေတြ႕ရတယ္ ဘယ္လိုရွင္းသင့္လဲ။

ေဆြးေႏြးေဖာ္ -သူက ကြၽန္ေတာ္တို႔ Planning သမားလိုမ်ားျဖစ္မလားေတာ့မသိဘူး။ ပလန္မရွိေတာ့ Project ေတြမရွိဘူး။ Project ေတြမရွိေတာ့ Froeign Direct Investmentမလာဘူးေပါ့ဗ်ာ။ Froeign Direct Investment က အေရးႀကီးတယ္။ ႏိုင္ ငံမွာ Special Economic Zone တို႔ ၊ Deep Sea Port Project တို႔ ဒါေတြကိုလုပ္ၿပီးရင္ ႏိုင္ငံတကာ ကေနၿပီးေတာ့ Froeign Direct Investment ေတြ လာဖို႔အတြက္ကို Incentive ေတြေပးၿပီး‌ေခၚေပးရ တယ္။ မင္းတို႔ျမန္မာျပည္မွာ သယံဇာတေတြလာ တူးရင္ မင္းတို႔ကို ငါတို႔ Tax ဒီေလာက္ပဲယူမယ္။ ၿပီး ရင္ မင္းတို႔ Export ထြက္သြားလို႔ရတယ္။ လြတ္ လြတ္လပ္လပ္ ဘယ္သတၱဳလဲဆိုတာေတာ့ ကိုယ့္ တိုင္းျပည္ရဲ႕ Min­aral Resource ကို ေသေသ ခ်ာခ်ာသိၿပီး ဘာကိုေတာ့ ဘယ္ေလာက္ေပးမယ္၊ ဘာကိုေတာ့ ဘယ္ေလာက္မေပးဘူး လုပ္လို႔ရတယ္။ ဒါဆိုရင္ Froeign Direct Investment ေတြလာ တဲ့အတြက္ onshore, offshore ဆိုတဲ့ ရင္းႏွီးျမႇဳပ္ ႏွံမႈေတြလာမယ္။ onshore ဆိုတာ ကိုယ့္တိုင္းျပည္ ေပၚမွာလာခ်င္တာ။ offshore ဆိုတာ သူ႔တိုင္း ျပည္က ယူလာမယ့္ Equitment တန္ဖိုးကို income အေနနဲ႔ Value ေဖာ္ျပေနတယ္။ အဲဒီလိုမ်ိဳး onshore ေငြ ရာခိုင္ႏႈန္းမ်ားမ်ားရလာမယ္။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဖိတ္ေခၚရမယ္။ ဆိုပါစို႔ ဘရားဇီးကႀကံစိုက္တယ္။ ႀကံ စက္႐ုံႀကီးေတြ၊ သၾကားစက္ႀကီးေတြသယ္ၿပီးေတာ့ သူက တ႐ုတ္ျပည္ ကိုပို႔ေနတယ္။ အဲဒီလိုလုပ္မယ့္အ စား ဘရားဇီးက ႀကံစိုက္ၿပီး သၾကားခ်က္မယ့္ေကာင္ ျမန္မာျပည္‌ ကိုေခၚလိုက္။ ငါမင္းကို ေျမဟက္တာ တစ္ေသာင္းေပးမယ္။ မင္းဆီကစက္ေတြနဲ႔လာၿပီးေတာ့ စက္မႈ လယ္ယာလာစိုက္လိုက္။ ဒီမွာရွိတဲ့ လယ္ သမားေတြအမ်ားႀကီးအလုပ္ရမယ္။ ဒီကေန သၾကားထြက္ မယ္။ မင္း Export ထြက္မယ္။ အဲဒီ Export အတြက္ကို သင့္တင့္တဲ့အခြန္ေကာက္။ သူက ဟိုကေနၿပီး ေတာ့ ဘရားဇီးကေန တ႐ုတ္ကိုပို႔မယ့္အစား ျမန္မာျပည္မွာလာစိုက္ၿပီး တ႐ုတ္ကိုကပ္ပို႔ေနရင္ သူလာ မွာေလ။ ဒါေပမဲ့ သူရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြအကုန္လုံးကို သူသယ္လာရမယ္။ သၾကားစက္ႀကီး သူသယ္ ရမယ္။ အဲဒီအတြက္ကို onshore Investment သူ ယူလာရမယ္။ ဆိုပါစို႔ ျမန္မာျပည္မွာ သံပိုင္းႀကီးတစ္ ပိုင္းရွိတယ္။ သံတုံးႀကီးေတြတူးၿပီးေတာ့ တစ္တန္ ကို(၄၅)ေဒၚလာ(၄၆‌) ေဒၚလာ သံ႐ိုင္းေဈးအတိုင္း ေရာင္းေနမယ့္အစား ဥပမာ ႐ုရွားျဖစ္ျဖစ္၊ တ႐ုတ္ျဖစ္ ျဖစ္ ေခၚလိုက္။ မင္း ဒီမွာ တစ္တန္ကို (၄၅)၊ (၄၆)တန္ သံတုံးကေနၿပီးေတာ့ ေဒၚလာ (၂၀ဝ)ထိတန္ သြားတဲ့ Berg Iron အဆင့္အထိေရာက္ေအာင္ မင္းဒီမွာ လုပ္၊ လုပ္ၿပီးေတာ့ Export ထြက္ခြင့္ရွိတယ္။ ဒါမွမဟုတ္ သံေခ်ာင္းေတြအထိက်ိဳၿပီးမွ ထြက္ ခြင့္ရွိတယ္ဆိုရင္ Value က (၄၅)ေဒၚလာ၊ (၄၆)ေဒၚလာ သံ႐ိုင္းက တစ္တန္ကို ေဒၚလာ (၂၀ဝ) တို႔ ျဖစ္သြားမွ ႏိုင္ငံျခားထြက္သြားမယ္ဆိုရင္ ေလးဆတက္သြားမယ္ေလ။ ျမန္မာျပည္ကိုဝင္လာမယ့္ ေဒၚလာ ေလးဆ တက္သြားတာေလ။ ေနာက္တစ္ခုက နယ္စပ္တစ္ ေလွ်ာက္မွာ ဗဟိုဘဏ္ကလည္း ဒီကိစၥမွာ အရမ္းလိုတာေပါ့။ နယ္စပ္တစ္ေလွ်ာက္ကၿမိဳ႕ေတြက ဘတ္တို႔ ယြမ္တို႔ သုံးေနတာ။ ရွိသမွ် ျမန္မာအကုန္လုံးမွာ ဘတ္နဲ႔ယြမ္ အေကာင့္ေပးဖြင့္လိုက္။ အဲဒီနယ္စပ္တစ္ေလွ်ာက္မွာသြားေနတဲ့ Cash Flow အကုန္လုံးက ျမန္မာဘဏ္ထဲကိုေရာက္လာတာ။ အဲဒါသည္ ဘီလ်ံ နဲ႔ကိုခ်ီတယ္ အဲဒီပိုက္ဆံ အားလုံးက။ ဒါက ခ်က္ခ်င္း ႏိုင္ငံျခားေငြ ေရာက္ေအာင္လုပ္တာေလ။ ခ်က္ခ်င္း ဒီဘဏ္ထဲမွာ ေဒၚလာ အေကာင့္ဖြင့္လိုက္၊ ယြမ္အေကာင့္ဖြင့္လိုက္၊ ဘတ္အေကာင့္ဖြင့္လိုက္။ ဖြင့္ၿပီး ဘတ္အေကာင့္ကေနမွ Bank to Bank Transfer သြားရမယ္လို႔ျဖစ္လိုက္ရင္ ဝင္ၿပီခ်က္ခ်င္း ဘဏ္အေကာင့္ထဲကို ေရာက္လာ မယ္။ သူ႔ဟာသူ Cash Flow ေပၚမွာ ႏိုင္ငံေတာ္အေပၚမွာေတာ့ Day To Day Cash Flow ႀကီးက ျမင္ေနရမွာျဖစ္တဲ့အတြက္ ေဒၚလာကေတာ့ ဝင္လာတာပဲေလ။ ဘီလ်ံနဲ႔ခ်ီတယ္။ အႀကံေပးေပမယ့္ မလုပ္ဘူးေနာ္။ ကြၽန္ေတာ္တို႔ အႀကံေပးဖူးတယ္။ ခ်က္ခ်င္းေဒၚလာဝင္ရင္ FDI ေတြ ဖိတ္ေခၚ ရမယ္။ အဲဒီ FDI လုပ္လာႏိုင္တဲ့ Law ေတြ ျပင္ဆင္ထားရမယ္။
ေက်ာ္ႏု- အခုက Law ေတြ‌ေကာင္းေကာင္းမျပင္ရေသးဘူးေလ။ ၿပီးေတာ့ FDI ကလည္း ျမန္မာျပည္ကို ဝင္ဖို႔ကို လက္ရွိႏိုင္ငံေရးအခင္းအက်င္းအရေရာ ကမာၻမွာျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ သတင္းေတြအရေရာ လာခ်င္မွာလည္း မဟုတ္ေသး ဘူး။ လိုက္ေခၚလို႔ ေျပာပါ့မလား။

ေဆြးေႏြးေဖာ္- ဒါကေတာ့ ကြၽန္ေတာ္တို႔ ပြင့္လင္းျမင္ သာစြာ လုပ္ဖို႔လိုတာေပါ့။ အခု လူႀကီးေတြသြား ေနတဲ့ ဒါေတြေျပာေနတဲ့ ျမန္မာျပည္ကိုလာခဲ့ပါ။ လာလည္ ၾကပါ။ ဒီဘက္ မီဒီယာပိုင္းကေနလည္း Documentry မ်ားမ်ား႐ိုက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ တိုင္းျပည္က Respond သိပ္အားနည္းတာ။ တျခား ေသာ ဒီမလို တဲ့မီဒီယာေတြက တိုင္းျပည္ကို ႏွိမ္ႏွိမ္ခ်ခ်ေရးရင္ “ ဒီလိုေတာ့ မဟုတ္ဘူး၊ တကယ္ အမွန္ က ဒီလိုပါ” ဆိုၿပီး ျပန္႐ိုက္ၿပီး ျပန္လႊင့္တဲ့မီဒီယာမရွိဘူး။ ကိုေက်ာ္မ်ိဳးမင္း ရွာၾကည့္ မရွိဘူး။ တစ္ခုမွ မရွိဘူး။ ကြၽန္ေတာ္တို႔ ျပန္ၾကားေရးဝန္ႀကီးဌာနပင္လွ်င္ ဘာမွမလုပ္ဘူး။ အမွန္က သူတို႔က အဖြဲ႕ေတြ ဖြဲ႕ၿပီးေတာ့ မီဒီယာေမြးၿပီး ေတာ့ ေကာင္တာျပန္သြားေနရမွာ။ ႏိုင္ငံျခားသားတစ္ဖြဲ႕ နာမည္ႀကီးတဲ့ သူတို႔ Target ထားတဲ့ ႏိုင္ငံ က Celebrities တစ္ဖြဲ႕ ျမန္မာျပည္ကိုဖိတ္လိုက္။ ျမန္မာျပည္တစ္ပတ္ လိုက္ ပတ္ျပလိုက္မယ္။ ခရီးစဥ္ တစ္ေလွ်ာက္ Documentry ႐ိုက္ၿပီး ဒီလူေတြျပန္ သြားမယ္။ ဟိုဘက္ႏိုင္ငံမွာ အဲဒီလိုလည္းမဟုတ္ဘူးကြ ဆိုၿပီး ဝါဒျပန္ျဖန႔္ရမယ္ေလ။ ကြၽန္ေတာ္တို႔ ဝါဒမႈိင္း ေအာက္မွာက်ေနတာ လား။ ေကာင္တာကို ဝါဒျပန္ မျဖန႔္ဘဲနဲ႔ေတာ့ အိမ္တစ္လုံးကို အျပင္ကေန ၾကည့္ေနၿပီးေတာ့ ဒီအိမ္ထဲ ကေနၿပီးေတာ့ ထြက္သြားဖူးတဲ့ လူ အဲဒီအိမ္ထဲမွာ ဘယ္လို ေမွာင္မည္းေနတာပဲ။ ဘာမွအဆင္မေျပဘူး လို႔ေျပာတယ္။ အဲဒီလူေတြကို အိမ္ထဲေခၚလည္ၿပီးေတာ့ မဟုတ္ဘူးဆိုတာေတာ့ အေထာက္အထားနဲ႔ ျပမွ ဟိုလူေတြေျပာတာမဟုတ္ဘူးကြ။ အခုက မဟုတ္ဘူးေျပာတာကို ၿငိမ္ခံေနေတာ့ ဟုတ္သလိုလို ျဖစ္ေနတာေပါ့။ အမွန္က အဲဒီလိုမ်ိဳးမဟုတ္ရဘူးေလ။ စစ္ေတြျဖစ္ေနပါတယ္။ ေျမပုံေတြနဲ႔ ျပထား။ ျမန္မာျပည္က ဘယ္ေလာက္ႀကီးကို သိမ္းထားၿပီးပါၿပီ။ မဟုတ္ဘူး။ တကယ္စစ္ျဖစ္ေနတာေတာ့ ဒီေနရာ၊ ဒီေနရာ။ ဒီေနရာေတြမွာေတာ့ ဘာမွကိုမျဖစ္ဘူး။ ဘယ္လိုေအးခ်မ္းေနပါတယ္ဆိုတာမ်ိဳး ဒီလို မ်ိဳးေကာင္တာ ျပန္သြားႏိုင္ဖို႔လိုတယ္ေပါ့။ ေနာက္ ဖိတ္ေခၚတဲ့ေနရာမွာလည္း ဒီအတိုင္းေလး ႏိုင္ငံ ေတာ္လူႀကီးသြားၿပီး‌ေတာ့ အစည္းအေဝးပြဲမွာ ကြၽန္ေတာ္တို႔က ဘယ္လိုဖိတ္ေခၚပါတယ္ဗ်ာဆိုၿပီးေတာ့ ေျပာ႐ုံနဲ႔မၿပီးဘူး။ ေနာက္ဆက္တြဲဝန္ႀကီးဌာနေတြက သြားရမယ္။ ပြဲေတြလုပ္ရမယ္။ ပြဲေတြနဲ႔ အခုခ်ိန္ ထြက္ၿပီးေတာ့ ဒါေတြထြက္တယ္ေနာ္၊ ျမန္မာျပည္မွာ ဒါေတြရွိတယ္ေနာ္၊ ဒါေတြေတာ့ လာလုပ္လို႔ရ တယ္ေနာ္ဆိုၿပီး ဘယ္ႏိုင္ငံကို အခုခ်ိန္ထိ ႏိုင္ငံျခားကိုသြားၿပီးေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ Policy ကိုခ်ျပၿပီး ေခၚ တဲ့လူ ရွိဖူးသလဲ။ ကြၽန္ေတာ့္ဆီကို ဂါနာတို႔ မေလးရွားတို႔ တျခား ဒီအာဖရိကတိုင္းျပည္ ေတြက သူတို႔တိုင္း ျပည္ကိုလာေစခ်င္တဲ့အတြက္ ပန္းဖလက္ေတြ႐ိုက္တယ္။ ၿပီးရင္ သံ႐ုံးကေန တစ္ဆင့္ ႏိုင္ငံတကာကို ျဖန႔္တယ္။ ငါတို႔တိုင္းျပည္ကိုလာရင္ ဘဏ္ရဲ႕ Feasibility က ဘယ္လို ေကာင္းပါတယ္။ Government ကေတာ့ ပေရာဂ်က္ေတြကို ဘယ္လိုမ်ိဳးအာမခံၿပီး ေတာ့ ေငြဘယ္ႏွႏွစ္ ေခ်းေပးတယ္။ ေျမရာ Policy အရ မင္းဘာစိုက္ခ်င္လဲ မင္းအတြက္ကို ေျမဧက တစ္ေယာက္ကို၊ ကုမၸဏီ တစ္ခုကို ဟက္တာ(၅)ေထာင္ လြယ္လြယ္ေပးမယ္။ ဒီမွာက ေျမေပးဖို႔အတြက္ကို ေျမေရာင္းစားဖို႔ ႀကိဳးစားေနတာ။ အခုက စက္႐ုံတစ္႐ုံတည္ဖို႔ကို အစိုးရေျမကိုသြားငွားၾကည့္။ ရန္ကုန္တိုင္းအစိုးရက ဘယ္ေလာက္ေပါက္လဲ။ ရန္ကုန္ တိုင္းအစိုးရအဖြဲ႕က အဲဒီဧရိယာႀကီး သန္းဘယ္ႏွေထာင္အထိေပါက္ ပါတယ္။ ကြၽန္ေတာ္က စက္႐ုံ တည္ရမွာေလ။ ငွားၿပီးတည္တာေလ။ အဲဒီေတာ့ မီး၊ ေရ စုံလင္တဲ့ စက္မႈ ဇုန္မွာတည္မွာ။ သူတို႔က ဘာမွ မရွိေသးတဲ့ေျမကြက္ႀကီးမွာ လာတည္မွာကို ေၾကာက္ ေနသလိုပဲ။ ေဈး ေတြ အတင္းဆြဲတင္ၿပီး‌ေတာ့ ဒီလို မီးေရာင္းစားလို႔ရမယ့္အက်ိဳးအျမတ္ေလးကို သူတို႔က ေမွ်ာ္ကိုးတာ။ ဒီကုမၸဏီႀကီးျဖစ္သြားၿပီးေတာ့ ဒီစက္ ႐ုံႀကီးတည္သြားၿပီး ‌ေရရွည္ရသြားမယ့္ဟာကို သိပ္ဆိုးေတာ့ တခ်ိဳ႕ Policy ေတြကျပင္ရမွာ။ စက္မႈဇုန္ ထဲမွာ ေျမေတြေပးထားတယ္။ စက္႐ုံမရွိဘူး။ သိမ္းပစ္လိုက္ဗ်ာ။ တစ္ႏွစ္အတြင္း စက္႐ုံမေဆာက္တဲ့ေျမ ေတြျပန္သိမ္း။ တကယ္ေဆာက္မယ့္လူကို ‌ေဈးေပါေပါနဲ႔ခ်ေပး။ ဒါမ်ိဳးလုပ္ရမွာ။ အခုက ေဈးေတြတက္ၿပီး အဲဒီေျမစာရင္းေပးရမယ္ဆိုေတာ့ စက္႐ုံတည္မယ့္ေကာင္က မတည္ႏိုင္ေတာ့ဘူး။ အဲလိုေတြျဖစ္တာ။ စက္မႈဇုန္မွာ လြတ္ေနတဲ့ေျမကြက္ေတြ ဘာလုပ္မလဲ။ ျပန္သိမ္း ပစ္လိုက္ ‌မင္းတို႔မေဆာက္ဘူးေနာ္။ သုံးႏွစ္ရွိၿပီ။ ေဈးတက္တာေတြမသိဘူး။ ငါတို႔က အစိုးရေျမေဈးနဲ႔ပဲ ငွားမွာ။ မင္းကိုေရာင္းစားခ်င္တာ မဟုတ္ဘူးေလ။ ေျမဆိုတာ ႏိုင္ငံေတာ္ပဲ တစ္သက္လုံးပိုင္တာ။ ဘယ္သူမွမပိုင္ဘူး။ အဲဒီေျမေပၚမွာ ႏွစ္ ဂရန္(၆၀)တို႔၊ ႏွစ္ ဂရန္(၅၀)နဲ႔ငွားထားတာ။ အလုပ္မလုပ္ဘူး ဆိုရင္ ျပန္သိမ္းလိုက္ေပါ့။ ဘာျဖစ္လို႔ ေလး၊ ငါး၊ ဆယ္ႏွစ္ ေဈးတက္လာတဲ့လူကို ဒီၾကားထဲက သိမ္း ထားတဲ့လူကို ေပးထားေနမွာလဲ။ ေျမဆိုတာ ျမတ္ဖို႔ မဟုတ္ဘူး။ အလုပ္လုပ္ဖို႔ေလ။ အိမ္ရာေတြမွာေဈး တက္တာ တစ္မ်ိဳးေလ။ စက္မႈဇုန္ဆိုတဲ့ေျမႀကီးဟာ အျမတ္ရဖို႔မဟုတ္ဘူး။ စက္႐ုံျဖစ္ဖို႔ဆိုတာ အဲဒါမ်ိဳး ေတြ စက္မႈဇုန္ေတြမွာ လက္ရွိႀကဳံေနရတာ။ စက္မႈဇုန္ေတြမွာကို ေျမႀကီးလိုက္ယူေနတာ စက္႐ုံေဈးမက ႀကီးေနတာသူက။ စက္႐ုံက ေဒၚလာ တစ္သန္းေလာက္ကုန္မယ္။ သူ႔ေျမက သုံးသန္းေလာက္ေပးရမလို ျဖစ္ေနၿပီ။ အဲဒါေတြက မွားေနတဲ့အရာေတြ။ ဒါေတြ အရင္ဆုံးျပင္ရမွာ။ ခ်က္ခ်င္းျပင္လို႔ရတယ္။ အမိန႔္ တစ္ခုပဲလိုတာ။ စက္မႈဇုန္ေတြမွာ ဘာမွမလုပ္ထားတဲ့ေျမ ကြက္ေတြ ဘယ္ႏွရက္အတြင္းမွာ စက္႐ုံတစ္ခု ျဖစ္မလာဘူးဆိုရင္ တကယ္သိမ္းတယ္ကြာဆိုၿပီးသိမ္းပစ္လိုက္။ တကယ္ေဆာက္မယ့္လူကို ေပးလိုက္။

ေက်ာ္ႏု- အင္းေပါ့။ ဒါလည္းလုပ္ရမယ့္ ကိစၥေတြပဲ။
ေဆြးေႏြးေဖာ္ -ဟုတ္တယ္။ အမ်ားႀကီးေပါ့။ ဘက္ေပါင္းစုံ ယိုယြင္းေနေတာ့ေလ။ ဘယ္ကစျပင္ရမလဲ ဆိုတာ ေျပာဖို႔ေတာ့ခက္တယ္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ျပင္ရမွာခ်ည္းပဲ။

ေက်ာ္ႏု-ကဲ..၊ ဒီေလာက္နဲ႔ခဏနားၾကဦးစို႔။ ေနာက္ပိုင္း ထပ္ေဆြးေႏြးၾကတာေပါ့ခင္ဗ်ာ။

Related news

© 2021. All rights reserved.