စားအုန်းဆီဈေးနှုန်းများ ပြင်ပဈေးကွက်တွင် အခြေခံဈေးထက် ထက်ဝက်နီးပါးမြင့်တက်နေ

 1050

NP News - ဩဂုတ် ၂၁

ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ(၄၀၆၅)ကျပ် သတ် မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာ(၉၀၀၀) ကျပ် ဝန်းကျင်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ရည်ညွှန်းဈေးသည် ဩဂုတ်လ(၂၁)ရက်မှ ဩဂုတ်လ(၂၇)ရက်အထိ ရောင်းချရန်သတ်မှတ်ထားသည့် ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ(၇၀၀၀)ကျပ်မှ ၉၀၀၀ ကျပ်ဝန်းကျင်အထိ ရောင်းချနေခြင်းဖြစ်သည်။

အဆိုပါ ဆီဈေးနှုန်းများသည် နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများရှိနိုင်ကြောင်း ဈေးကွက်အတွင်းမှ ဝယ်ယူအသုံးပြုနေရသူများထံမှ စုံစမ်းသိရသည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန်(၁၀)သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် (၆)သိန်းမှ (၇)သိန်းကြားကို မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှတဆင့် သိရသည်။

ဈေးကွက်အတွင်း စားအုန်းဆီ ရောင်းချသူများအနေဖြင့် ဈေးတင်ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတိပေးကြေညာထားကြောင်းသိရသည်။

zawgyi version
စားအုန္းဆီေဈးႏႈန္းမ်ား ျပင္ပေဈးကြက္တြင္ အေျခခံေဈးထက္ ထက္ဝက္နီးပါးျမင့္တက္ေန
NP News - ဩဂုတ္ ၂၁

ယခုတစ္ပတ္အတြက္ စားအုန္းဆီအေျခခံလက္ကားရည္ၫႊန္းေဈးႏႈန္းကို တစ္ပိႆာ(၄၀၆၅)က်ပ္ သတ္ မွတ္ထားေသာ္လည္း ျပင္ပေဈးကြက္တြင္ တစ္ပိႆာ(၉၀၀၀) က်ပ္ ဝန္းက်င္ရွိေနေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။

အဆိုပါ ရည္ၫႊန္းေဈးသည္ ဩဂုတ္လ(၂၁)ရက္မွ ဩဂုတ္လ(၂၇)ရက္အထိ ေရာင္းခ်ရန္သတ္မွတ္ထားသည့္ ရန္ကုန္အထိုင္လက္ကားရည္ၫႊန္းေဈးျဖစ္ၿပီး ျပင္ပေဈးကြက္တြင္ တစ္ပိႆာ(၇၀၀၀)က်ပ္မွ ၉၀၀၀ က်ပ္ဝန္းက်င္အထိ ေရာင္းခ်ေနျခင္းျဖစ္သည္။

အဆိုပါ ဆီေဈးႏႈန္းမ်ားသည္ ေနရာေဒသလိုက္၍ ေဈးႏႈန္းကြာျခားမႈမ်ားရွိႏိုင္ေၾကာင္း ေဈးကြက္အတြင္းမွ ဝယ္ယူအသုံးျပဳေနရသူမ်ားထံမွ စုံစမ္းသိရသည္။

ျပည္တြင္း၌ စားအုန္းဆီသုံးစြဲမႈသည္ တစ္ႏွစ္လွ်င္ တန္ခ်ိန္(၁၀)သိန္းေက်ာ္အထိရွိသည့္အတြက္ ႏွစ္စဥ္တန္ခ်ိန္ (၆)သိန္းမွ (၇)သိန္းၾကားကို မေလးရွားႏိုင္ငံ ႏွင့္ အင္ဒိုနီးရွားႏိုင္ငံမွ အဓိထားတင္သြင္းေနရေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာန လက္ေအာက္ရွိ စားသုံးသူေရးရာဦးစီးဌာနမွတဆင့္ သိရသည္။

ေဈးကြက္အတြင္း စားအုန္းဆီ ေရာင္းခ်သူမ်ားအေနျဖင့္ ေဈးတင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ ရည္ ႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းႏွင့္ မသမာသည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စားသုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက သတိေပးေၾကညာထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.